로그인

이사야 20장 Judson (1835)

Judson (1835) · 미얀마어 · 이사야 (Isaiah) · 6절

  1. 1 အာရှုရိရှင်ဘုရင်သာဂုန်စေလွှတ်သော ဗိုလ် မင်းတာတန်သည် အာဇုတ်မြို့သို့စစ်ချီ၍၊ ထိုမြို့ကို လုပ် ကြံသော နှစ်တွင်
  2. 2 ထာဝရဘုရားက၊ သင်သည်သွား၍ ခါးစည်း သော လျှော်တေအဝတ်နှင့် ခြေနင်းကိုချွတ်လော့ဟု၊ အာမုတ်သားဟေရှာယကို မိန့်တော်မူသည်အတိုင်း၊ သူ သည် ပြု၍ အဝတ်ကို မဝတ်၊ ခြေနင်းကိုမစီးဘဲ သွားလာ လျက်နေ၏။
  3. 3 ထာဝရဘုရားကလည်း၊ ငါ့ကျွန်ဟေရှာယသည် အဲဂုတ္တုပြည်နှင့် ကုရှပြည်၌ ပုပ္ပနိမိတ်၊ အံ့ဘွယ်သော အရာကိုပြခြင်းငှါ၊ သုံးနှစ်ပတ်လုံး အဝတ်ကိုမဝတ်၊ ခြေနင်းကိုမစီးဘဲ သွားလာသကဲ့သို့၊
  4. 4 ထိုနည်းတူ၊အဲဂုတ္တုလူများကို အရှက်ခွဲခြင်း အလိုငှါ၊ အာရှုရိရှင်ဘုရင်သည် အဲဂုတ္တုလူနှင့် ကုရှ လူအကြီးအငယ်တို့အား အဝတ်နှင့် ခြေနင်းကို ချွတ်၍၊ တင်ပါးကိုမျှ မဖုံးစေဘဲ၊ ဘမ်းဆီးချုပ်ထား သိမ်းသွား လိမ့်မည်။
  5. 5 အာဇုတ်မြို့သားတို့သည် ကြောက်ကြလိမ့်မည်။ သူတို့ ကိုးစားသော ကုရှပြည်ကို၎င်း၊ ဝါကြွားသော အဲဂုတ္တုပြည်ကို၎င်း ရှက်ကြလိမ့်မည်။
  6. 6 ထိုကမ်းနားမှာ နေသောသူများကလည်း၊ ကြည့်ပါ၊ အာရှုရိရှင်ဘုရင်၏ လက်မှလွတ်ခြင်းငှါ ငါတို့ မြော်လင့်ရာအရာ၊ ပြေး၍ခိုလှုံရာအရာသည် ထိုသို့ဖြစ်ပါ သည်တကား။ ငါတို့သည် အဘယ်သို့ လွတ်နိုင်ပါမည် နည်းဟု ထိုအခါဆိုကြလိမ့်မည်။

Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗