이사야 19장 Judson (1835)
Judson (1835) · 미얀마어 · 이사야 (Isaiah) · 25절 · 대역: King James Version
| 절 | Judson (1835) | King James Version |
|---|---|---|
| 1 | အဲဂုတ္တုပြည် နှင့် ဆိုင်သော ဗျာဒိတ်တော်ကား၊ ကြည့်ရှုလော့။ ထာဝရဘုရားသည် လျင်မြန်သော မိုဃ်း တိမ်ကိုစီး၍ အဲဂုတ္တုပြည်သို့ ကြွတော်မူ၏။ ရှေ့တော်၌ အဲဂုတ္တုပြည်၏ ရုပ်တု ဆင်းတုတို့သည် လှုပ်ရှား၍၊ အဲဂုတ္တုပြည်၏ နှလုံးသည် သူ၏အထဲမှာ အရည် ကျိုလျက် ရှိလိမ့်မည်။ | The burden of Egypt. Behold, the Lord rideth upon a swift cloud, and shall come into Egypt: and the idols of Egypt shall be moved at his presence, and the heart of Egypt shall melt in the midst of it. |
| 2 | အဲဂုတ္တုပြည်သားတို့သည် အချင်းချင်း တ ယောက်နှင့် တယောက် ရန်ပြုစေခြင်းငှါ ငါနှိုးဆော်သ ဖြင့်၊ သူတို့သည် ညီအစ်ကိုချင်း တယောက်နှင့် တ ယောက်၊ အိမ်နီးချင်း တယောက်နှင့်တယောက်၊တမြို့ နှင့် တမြို့၊ တနိုင်ငံနှင့် တနိုင်ငံ စစ်တိုက်ကြလိမ့်မည်။ | And I will set the Egyptians against the Egyptians: and they shall fight every one against his brother, and every one against his neighbour; city against city, and kingdom against kingdom. |
| 3 | အဲဂုတ္တုပြည်၏ စိတ်သည် သူ၏အထဲမှာ ပျက် လိမ့်မည်။ သူ၏အကြံကိုလည်း ငါဖျက်မည်။ သူတို့သည် ရုပ်တုတို့၌၎င်း၊ ပြုစားသောသူတို့၌၎င်း၊ နတ်ဝင်နှင့် စုန်း တို့၌၎င်း ဆည်းကပ်ကြလိမ့်မည်။ | And the spirit of Egypt shall fail in the midst thereof; and I will destroy the counsel thereof: and they shall seek to the idols, and to the charmers, and to them that have familiar spirits, and to the wizards. |
| 4 | အဲဂုတ္တုပြည်သားတို့ကို ကြမ်းကြုတ်သော သခင်တို့ လက်သို့ ငါအပ်သဖြင့်၊ ပြင်းထန်သော ရှင်ဘု ရင်တပါးသည် အုပ်စိုးလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ သခင် အရှင်ထာဝရဘုရား မိန့်တော်မူ၏။ | And the Egyptians will I give over into the hand of a cruel lord; and a fierce king shall rule over them, saith the Lord, the Lord of hosts. |
| 5 | ထိုအခါပင် လယ်ရေပြတ် လိမ့်မည်။ မြစ်ရေ လည်းလျော့၍ ခန်းခြောက် လိမ့်မည်။ | And the waters shall fail from the sea, and the river shall be wasted and dried up. |
| 6 | ချောင်းရေများလည်း ပုပ်ကြလိမ့်မည်။ အဲဂုတ္တုမြစ်လက်ကြားတို့လည်း ရေပြတ်၍ ခန်းခြောက်သဖြင့်၊ ကျူပင်နှင့် ကိုင်းပင်တို့သည် ညှိုးနွမ်းကြလိမ့်မည်။ | And they shall turn the rivers far away; and the brooks of defence shall be emptied and dried up: the reeds and flags shall wither. |
| 7 | မြစ်လက်ကြားနားနှင့် ချောင်းဝနားမှာ ပေါက် သော မြက်ပင်အစရှိသော၊ မြစ်နားမှာ စိုက်သမျှတို့သည် ညှိုးနွမ်းပျက်စီးပပျောက်ကြလိမ့်မည်။ | The paper reeds by the brooks, by the mouth of the brooks, and every thing sown by the brooks, shall wither, be driven away, and be no more. |
| 8 | တံငါတို့သည် ညည်းတွားကြလိမ့်မည်။ မြစ်၌ ငါးမျှားကို ချသမျှသောသူတို့သည် မြည်တမ်း၍ ရေပေါ် မှာ ပိုက်ကွန်ကို ဖြန့်တတ်သော သူတို့သည် စိတ်ပျက် ကြလိမ့်မည်။ | The fishers also shall mourn, and all they that cast angle into the brooks shall lament, and they that spread nets upon the waters shall languish. |
| 9 | ပိုက်ဆန်လုပ်သောသူနှင့် ဈာမျိုးကို ရက်သော သူတို့သည်လည်း အကျိုးနည်းရှိကြလိမ့်မည်။ | Moreover they that work in fine flax, and they that weave networks, shall be confounded. |
| 10 | အမှီတကဲတို့သည် ပျက်၍၊ အခစားသောသူအ ပေါင်းတို့သည် ညှိုးငယ်သောစိတ် ရှိကြလိမ့်မည်။ | And they shall be broken in the purposes thereof, all that make sluices and ponds for fish. |
| 11 | အကယ်စင်စစ် ဇောနမင်းတို့သည် အရူးဖြစ် ကြ၏။ ဖာရောဘုရင်၏ တိုင်ပင်မှူးမတ်တို့သည် မိုက် သောအကြံကိုပေးကြ၏။ ကျွန်တော်သည် ပညာရှိအမျိုး၊ ရှေးဘုရင်တို့ အနွှယ်ဖြစ်ပါသည်ဟု ဖာရောဘုရင်အား အဘယ်ကြောင့် လျှောက်ကြသနည်း။ | Surely the princes of Zoan are fools, the counsel of the wise counsellors of Pharaoh is become brutish: how say ye unto Pharaoh, I am the son of the wise, the son of ancient kings? |
| 12 | သူတို့သည် အဘယ်မှာ ရှိကြသနည်း။ သင်၏ ပညာရှိတို့သည် အဘယ်မှာရှိကြသနည်း။ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ အဲဂုတ္တုပြည် တဘက် ၌ အဘယ်သို့ ကြံစည်တော်မူသည်ကို ယခုပြောကြပါစေ။ ဘော်ပြကြပါစေ။ | Where are they? where are thy wise men? and let them tell thee now, and let them know what the Lord of hosts hath purposed upon Egypt. |
| 13 | ဇောနမင်းတို့သည် အရူးဖြစ်ကြပြီ။ နောဗမင်း တို့သည် မှားယွင်းကြပြီ။ အဲဂုတ္တုပြည်၏ အမျိုးအနွယ် များကိုအုပ်သော အကြီးအကဲ တို့ကိုလည်း မှားယွင်းစေ ကြပြီ။ | The princes of Zoan are become fools, the princes of Noph are deceived; they have also seduced Egypt, even they that are the stay of the tribes thereof. |
| 14 | ထာဝရဘုရားသည် အဲဂုတ္တုပြည်၏ အလယ်၌ ယစ်မူးသော သဘောကို ပြင်ဆင်တော်မူသဖြင့်၊ ယစ်မူး သောသူသည် မိမိအန်ဖတ်၌ လဲသကဲ့သို့၊ အဲဂုတ္တုပြည် သားတို့သည် ပြုလေသမျှတို့၌ မှားယွင်းကြပြီ။ | The Lord hath mingled a perverse spirit in the midst thereof: and they have caused Egypt to err in every work thereof, as a drunken man staggereth in his vomit. |
| 15 | အဲဂုတ္တုပြည်၏ ဦးခေါင်းဖြစ်စေ၊ အမြီးဖြစ်စေ၊ စွန်ပလွံလက်ဖြစ်စေ၊ ကိုင်းပင်ဖြစ်စေ၊ ပြီးစီးနိုင်သော အမှုအလျှင်းမရှိရ။ | Neither shall there be any work for Egypt, which the head or tail, branch or rush, may do. |
| 16 | ထိုကာလ၌ အဲဂုတ္တု လူတို့သည် မိန်းမကဲ့သို့ ဖြစ်၍၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရားသည် သူတို့အ ပေါ်မှာ လက်တော်ကို လှုပ်ရှားတော်မူသောကြောင့်၊ ကြောက်လန့် တုန်လှုပ်ကြလိမ့်မည်။ | In that day shall Egypt be like unto women: and it shall be afraid and fear because of the shaking of the hand of the Lord of hosts, which he shaketh over it. |
| 17 | ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် အဲဂုတ္တုပြည် တဘက်၌ ကြံစည် တော်မူသော အကြံအ စည်ကြောင့်၊ ယုဒပြည်သည်လည်း အဲဂုတ္တုပြည်၌ ကြောက်မက်ဘွယ်ဖြစ်လိမ့်မည်။ ယုဒပြည်ဟူ၍ ပြော ကာမျှ နှင့် လူတိုင်း ကြောက်ရွှံ့ကြလိမ့်မည်။ | And the land of Judah shall be a terror unto Egypt, every one that maketh mention thereof shall be afraid in himself, because of the counsel of the Lord of hosts, which he hath determined against it. |
| 18 | ထိုကာလ၌ အဲဂုတ္တုပြည်တွင်၊ မြို့ငါးမြို့တို့သည် ခါနာန်ဘာသာစကားကို ပြော၍၊ ကောင်းကင် ဗိုလ်ခြေ အရှင် ထာဝရဘုရား၏ သစ္စာတော်ကို ခံကြလိမ့်မည်။ ထိုမြို့တို့တွင်၊ တမြို့ကို သူရိယာမြို့ဟူ၍ ခေါ်ဝေါ်ကြ လိမ့်မည်။ | In that day shall five cities in the land of Egypt speak the language of Canaan, and swear to the Lord of hosts; one shall be called, The city of destruction. |
| 19 | ထိုကာလ၌ အဲဂုတ္တုပြည် အလယ်တွင်၊ ထာဝရ ဘုရားကို ပူဇော်ရာယဇ်ပလ္လင် ရှိလိမ့်မည်။ ပြည်စွန်းနား တွင်လည်း ထာဝရဘုရားအဘို့ မှတ်တိုင်ရှိလိမ့်မည်။ | In that day shall there be an altar to the Lord in the midst of the land of Egypt, and a pillar at the border thereof to the Lord. |
| 20 | ထိုမှတ်တိုင်သည် အဲဂုတ္တုပြည်တွင် နိမိတ်လက္ခ ဏာဖြစ်လိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရား၏ သက်သေလည်းဖြစ်လိမ့်မည်။ အကြောင်းမူ ကား၊ သူတို့သည် ညှဉ်းဆဲခြင်းကို ခံရသောကြောင့်၊ ထာဝရဘုရားကို အော်ဟစ်ကြသည်ရှိသော်၊ ကယ်တင် သောအရှင်၊ အမှုစောင့်သခင်ကို သူတို့ရှိရာသို့ စေလွှတ် တော်မူ၍၊ ထိုသခင်သည် ကယ်တင်တော်မူ၏။ | And it shall be for a sign and for a witness unto the Lord of hosts in the land of Egypt: for they shall cry unto the Lord because of the oppressors, and he shall send them a saviour, and a great one, and he shall deliver them. |
| 21 | အဲဂုတ္တုပြည်တွင် ထာဝရဘုရားကို သိရကြ သည်ဖြစ်၍ ထိုကာလ၌ အဲဂုတ္တုလူတို့သည် ထာဝရဘုရား ကို သိသောကြောင့်၊ ပူဇော်သက္ကာ အလှုဒါနကို ဆက်ကပ် ၍ ဝတ်ပြုကြလိမ့်မည်။ ထာဝရဘုရား ရှေ့တော်၌ သစ္စာ ဂတိထား၍၊ ထားသည့်အတိုင်း ပြုကြလိမ့်မည်။ | And the Lord shall be known to Egypt, and the Egyptians shall know the Lord in that day, and shall do sacrifice and oblation; yea, they shall vow a vow unto the Lord, and perform it. |
| 22 | ထာဝရဘုရားသည်လည်း အဲဂုတ္တုပြည်ကို ဒဏ် ခတ်၍၊ ခတ်ပြီးသော ဒဏ်ရာကို ပျောက်စေတော်မူမည်။ သူတို့သည်လည်း၊ ထာဝရဘုရားထံတော်သို့ ပြောင်းလဲကြ သည့်ကာလ၊ သူတို့တောင်းပန်ခြင်းကို နားထောင်၍ ဒဏ်ရာကို ပျောက်စေတော်မူမည်။ | And the Lord shall smite Egypt: he shall smite and heal it: and they shall return even to the Lord, and he shall be intreated of them, and shall heal them. |
| 23 | ထိုကာလ၌ အဲဂုတ္တုပြည်မှသည် အာရှုရိပြည် တိုင်အောင်၊ လမ်းတွင်လိမ့်မည်။ အာရှုရိလူသည် အဲဂုတ္တုပြည်သို့၎င်း၊ အဲဂုတ္တုလူသည်၊ အာရှုရိပြည်သို့၎င်း သွားလာ၍ အဲဂုတ္တုလူနှင့် အာရှုရိလူတို့သည် တညီတ ညွတ်တည်း ဝတ်ပြုကြလိမ့်မည်။ | In that day shall there be a highway out of Egypt to Assyria, and the Assyrian shall come into Egypt, and the Egyptian into Assyria, and the Egyptians shall serve with the Assyrians. |
| 24 | ထိုကာလ၌ ဣသရေလအမျိုးသည် အဲဂုတ္တုအ မျိုးနှင့်၎င်း၊ အာရှုရိအမျိုးနှင့် ၎င်းပေါင်း၍၊ တတိယအ မျိုးတည်းဟူသော မြေကြီးအလယ်၌ မင်္ဂလာပြုသော အ မျိုးဖြစ်လိမ့်မည်။ | In that day shall Israel be the third with Egypt and with Assyria, even a blessing in the midst of the land: |
| 25 | ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားက လည်း၊ ငါ၏ လူအဲဂုတ္တုအမျိုး၊ ငါပြုပြင်သော အာရှုရိ အမျိုး၊ငါ၏ အမွေဥစ္စာဖြစ်သော ဣသရေလအ မျိုးသည် မင်္ဂလာရှိစေသတည်းဟု ကောင်းကြီးပေး တော် မူလိမ့် မည်။ | Whom the Lord of hosts shall bless, saying, Blessed be Egypt my people, and Assyria the work of my hands, and Israel mine inheritance. |
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL