욥기 6장 Judson (1835)
Judson (1835) · 미얀마어 · 욥기 (Job) · 30절 · 대역: King James Version
| 절 | Judson (1835) | King James Version |
|---|---|---|
| 1 | တဖန်ယောဘမြွက်ဆိုသည်ကား၊ | But Job answered and said, |
| 2 | ငါဝမ်းနည်းခြင်းအကြောင်းကို သေချာစွာ ချိန်တွယ်ပါစေ။ ငါခံရသောဒုက္ခများကိုလည်း ချိန်ခွင်၌ စုထားပါစေ။ | Oh that my grief were throughly weighed, and my calamity laid in the balances together! |
| 3 | သို့ဖြစ်လျှင် သမုဒ္ဒရာသဲထက်သာ၍ လေးလိမ့်မည်။ ထိုကြောင့် ငါ့စကားလွန်မိပြီ။ | For now it would be heavier than the sand of the sea: therefore my words are swallowed up. |
| 4 | အနန္တတန်ခိုးရှင်ပစ်တော်မူသော မြှားတို့သည် ငါ၌စွဲ၍၊ အဆိပ်အတောက်ဖြင့် ငါ့ဝိညာဉ်ကိုမွန်းစေ၏။ ဘုရားသခင်ပြတော်မူသော ကြောက်မက်ဘွယ်အရာတို့သည် ငါ့ရှေ့မှာ စီလျက်ရှိကြ၏။ | For the arrows of the Almighty are within me, the poison whereof drinketh up my spirit: the terrors of God do set themselves in array against me. |
| 5 | တောမြည်းသည် မြက်ပင်ပေါသောအခါ မြည်တတ်သလော။ နွားသည်စားစရာရှိသောအခါ အော် တတ်သလော။ | Doth the wild ass bray when he hath grass? or loweth the ox over his fodder? |
| 6 | မမြိန်သောအရာကို ဆားမပါဘဲ စားနိုင် သလော။ ကြက်ဥအကာသည် ဆိမ့်သောအရသာ ရှိသလော။ | Can that which is unsavoury be eaten without salt? or is there any taste in the white of an egg? |
| 7 | လက်နှင့်မျှမတို့နိုင်၊ ငါမနှစ်သက်နိုင်သောအရာကို ရွံလျက်နှင့် ငါစားရ၏။ | The things that my soul refused to touch are as my sorrowful meat. |
| 8 | ငါတောင်းသောအရာကို ရပါစေ။ ငါတောင့်တသောအရာကို ဘုရားသခင်ပေးသနားတော်မူပါစေ။ | Oh that I might have my request; and that God would grant me the thing that I long for! |
| 9 | တောင့်တသောအရာဟူမူကား၊ ဘုရားသခင်သည် ငါ့ကိုဖျက်ဆီးတော်မူပါစေ။ လက်တော်ကိုဆန့်၍ ငါ့ကိုဆုံးစေတော်မူပါစေ။ | Even that it would please God to destroy me; that he would let loose his hand, and cut me off! |
| 10 | ထိုသို့ဖြစ်လျှင်ငါသည် သက်သာရ၏။ ငြိုငြင်သော်လည်း သည်းခံမည်။ ငါ့ကိုနှမြောတော်မမူပါစေနှင့်။ သန့်ရှင်တော်မူသောသူ၏စကားကို ငါမငြင်းမဆန်ပြီ။ | Then should I yet have comfort; yea, I would harden myself in sorrow: let him not spare; for I have not concealed the words of the Holy One. |
| 11 | ငါမြော်လင့်စရာအခွင့်ရှိရမည်အကြောင်း၊ ငါ့ခွန်အားကားအဘယ်သို့နည်း။ ငါသည်ကိုယ်အသက်ကို စောင့်ရမည်အကြောင်း၊ နောက်ဆုံးခံရသော အကျိုးကား အဘယ်သို့နည်း။ | What is my strength, that I should hope? and what is mine end, that I should prolong my life? |
| 12 | ငါ့ခွန်အားသည် ကျောက်ခွန်အားဖြစ်သလော။ ငါ့အသားသည် ကြေးဝါဖြစ်သလော။ | Is my strength the strength of stones? or is my flesh of brass? |
| 13 | ငါသည်ကိုယ်ကိုမမစနိုင်။ ငါ့ဉာဏ်လည်းကုန်ပြီ။ | Is not my help in me? and is wisdom driven quite from me? |
| 14 | ဆင်းရဲခြင်းသို့ရောက်သောသူ၏ အဆွေခင်ပွန်းသည် သနားအပ်၏။ မသနားလျှင် အနန္တတန်ခိုးရှင်ကို ကြောက်ရွံ့သောသဘောနှင့် ကင်းလွတ်၏။ | To him that is afflicted pity should be shewed from his friend; but he forsaketh the fear of the Almighty. |
| 15 | ငါ့ညီအစ်ကိုတို့သည် ချောင်းရေကဲ့သို့ လှည့်စား၍၊ ချိုင့်၌စီးသောရေကဲ့သို့ရွေ့သွား ကွယ်ပျောက် တတ်ကြ၏။ | My brethren have dealt deceitfully as a brook, and as the stream of brooks they pass away; |
| 16 | ထိုချောင်းရေသည် ရေခဲကြောင့်၎င်း၊ မထင်ရှားသော မိုဃ်းပွင့်ကြောင့်၎င်း၊ | Which are blackish by reason of the ice, and wherein the snow is hid: |
| 17 | အလွန်စီးတတ်သော်လည်း၊ နွေးသောအခါ ကွယ်ပျောက်တတ်၏။ နေပူသောအခါ မိမိနေရာ၌ ခန်း ခြောက်တတ်၏။ | What time they wax warm, they vanish: when it is hot, they are consumed out of their place. |
| 18 | ထိုရေစီးသောချောင်းတို့သည် လွဲသွား၍ တရွေ့တရွေ့ ကွယ်ပျောက်တတ်ကြ၏။ | The paths of their way are turned aside; they go to nothing, and perish. |
| 19 | တေမန်အမျိုးသားအစုအဝေးတို့သည် ရှာကြ၏။ ရှေဘပြည်မှ ခရီးသွားသောသူအစုအဝေးတို့သည် မြော်လင့်လျက် လာကြ၏။ | The troops of Tema looked, the companies of Sheba waited for them. |
| 20 | မြော်လင့်၍စိတ်ပျက်ကြ၏။ ထိုအရပ်သို့ ရောက်သောအခါ ရှက်ကြောက်လျက် နေကြ၏။ | They were confounded because they had hoped; they came thither, and were ashamed. |
| 21 | ထိုအတူ သင်တို့သည်အချည်းနှီးသက်သက် ဖြစ်ကြ၏။ ငါနှိမ့်ချခြင်းကိုမြင်လျှင် ဆုတ်၍နေကြ၏။ | For now ye are nothing; ye see my casting down, and are afraid. |
| 22 | ငါ့ထံသို့လက်ဆောင်ကို ယူခဲ့ကြပါ။ သင်တို့ ပစ္စည်းဥစ္စာထဲကထုတ်၍ ငါ့ကိုပေးကြပါ။ | Did I say, Bring unto me? or, Give a reward for me of your substance? |
| 23 | ရန်သူလက်မှငါ့ကိုကယ်ယူကြပါ။ သူရဲလက်မှ ရွေးနှုတ်ကြပါဟု ငါပြောသလော။ | Or, Deliver me from the enemy’s hand? or, Redeem me from the hand of the mighty? |
| 24 | ငါ့ကိုဆုံးမကြပါ။ တိတ်ဆိတ်လျက်နေပါမည်။ ငါမှားသောအရာကို ငါ့အားဘော်ပြကြပါ။ | Teach me, and I will hold my tongue: and cause me to understand wherein I have erred. |
| 25 | မှန်သောစကားသည် တန်ခိုးကြီး၏။ သင်တို့ ကဲ့ရဲ့သောစကားသည် အဘယ်မှာနေရာကျသနည်း။ | How forcible are right words! but what doth your arguing reprove? |
| 26 | ငါစကားပြောရုံကာမျှကို အပြစ်တင်မည်ကြံစည်ကြသလော။ မြော်လင့်စရာမရှိသောသူ ပြောသော စကားသည် လေသက်သက်ဖြစ်၏။ | Do ye imagine to reprove words, and the speeches of one that is desperate, which are as wind? |
| 27 | အကယ်၍သင်တို့သည် မိဘမရှိသောသူငယ်ကို နှိပ်စက်ကြ၏။ အဆွေခင်ပွန်းဘို့ တွင်းကိုတူးကြ၏။ | Yea, ye overwhelm the fatherless, and ye dig a pit for your friend. |
| 28 | ငါ့ကိုစိတ်မရှိဘဲကြည့်ရှုကြပါလော့။ သင်တို့ရှေ့ မှာ ငါလှည့်စားသလော။ | Now therefore be content, look upon me; for it is evident unto you if I lie. |
| 29 | ပြန်၍ဆင်ခြင်ကြပါ။ မတရားသဖြင့်မပြုကြပါ နှင့်။ ပြန်၍ဆင်ခြင်ကြပါ။ ဤအမှု၌ ငါသည် ဖြောင့်မတ် ပါ၏။ | Return, I pray you, let it not be iniquity; yea, return again, my righteousness is in it. |
| 30 | ငါ့လျှာ၌ ကောက်သောသဘောရှိသလော။ ငါသည် မြည်းစမ်း၍ အပြစ်ပါသောအရာကို ပိုင်းခြား မသိနိုင်သလော။ | Is there iniquity in my tongue? cannot my taste discern perverse things? |
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL