욥기 30장 Judson (1835)
Judson (1835) · 미얀마어 · 욥기 (Job) · 31절 · 대역: King James Version
| 절 | Judson (1835) | King James Version |
|---|---|---|
| 1 | ယခုမူကား၊ ငါ့ထက်အသက်ငယ်သောသူတို့ သည် ငါ့ကို ကဲ့ရဲ့တတ်ကြ၏။ သူတို့အဘများကို ငါသည် ရွံ့ရှာ၍၊ ငါ့သိုးစုကိုစောင့်သော ခွေးတို့တွင်မျှနေရာမပေး။ | But now they that are younger than I have me in derision, whose fathers I would have disdained to have set with the dogs of my flock. |
| 2 | သူတို့သည် အစွမ်းသတ္တိကုန်ပြီးမှ၊ ငါ့အမှုကို အဘယ်သို့ ဆောင်ရွက်နိုင်သနည်း။ | Yea, whereto might the strength of their hands profit me, in whom old age was perished? |
| 3 | ဆင်းရဲငတ်မွတ်သောကြောင့်၊ သူတပါးများနှင့် မပေါင်းဘော်။ နက်နဲသောတောအရပ်နှင့် လူဆိတ်ညံရာ အရပ်သို့ ပြေးကြ၏။ | For want and famine they were solitary; fleeing into the wilderness in former time desolate and waste. |
| 4 | စားစရာဘို့ ချုံဖုတ်နားမှာ မလွှမြက်ကိုရိတ်၍၊ ရသမ်မြစ်ကိုလည်း တူးကြ၏။ | Who cut up mallows by the bushes, and juniper roots for their meat. |
| 5 | လူနေရာမှနှင်ထုတ်ခြင်းကို ခံရ၍၊ သူခိုးကိုလိုက် သကဲ့သို့ သူတပါးတို့သည်လိုက်၍ အော်ဟစ်ကြ၏။ | They were driven forth from among men, (they cried after them as after a thief;) |
| 6 | ကြောက်မက်ဘွယ်သော တောင်ကြား၊ မြေတွင်း၊ ကျောက်ခေါင်း၌ နေကြ၏။ | To dwell in the clifts of the valleys, in caves of the earth, and in the rocks. |
| 7 | ချုံဖုတ်အောက်မှာ မြည်တမ်းလျက်၊ ဆူးပင် အောက်မှာ စုဝေးလျက် နေကြ၏။ | Among the bushes they brayed; under the nettles they were gathered together. |
| 8 | လူမိုက်သား၊ လူယုတ်သားဖြစ်၍၊ အရပ်ရပ် နှင်ထုတ်ခြင်းကို ခံရကြ၏။ | They were children of fools, yea, children of base men: they were viler than the earth. |
| 9 | ယခုမူကား၊ ငါသည်သူတို့သီချင်းဆိုရာ၊ ကဲ့ရဲ့ပုံ ခိုင်းရာ ဖြစ်ပါသည်တကား။ | And now am I their song, yea, I am their byword. |
| 10 | ငါ့ကို ရွံရှာ၍ ဝေးစွာရှောင်တတ်ကြ၏။ ငါ့ မျက်နှာကို တံတွေးနှင့် မထွေးဘဲ မနေကြ။ | They abhor me, they flee far from me, and spare not to spit in my face. |
| 11 | ဘုရားသခင်သည် ငါ့ကိုလေးနှင့်ပစ်၍ ညှဉ်းဆဲ တော်မူသောကြောင့်၊ သူတို့သည် ငါ့ရှေ့မှာ ဇက်ကြိုးကို လွှတ်တတ်ကြ၏။ | Because he hath loosed my cord, and afflicted me, they have also let loose the bridle before me. |
| 12 | သူငယ်တို့သည်ငါ့လက်ျာဘက်၌ထ၍၊ ငါ့ခြေကို တွန်းကြ၏။ ငါ့ကိုဖျက်ဆီးခြင်းငှါ လမ်းဖို့ကြ၏။ | Upon my right hand rise the youth; they push away my feet, and they raise up against me the ways of their destruction. |
| 13 | ငါ့လမ်းကို ဖျက်၍ ငါ့ကိုဖျက်ဆီးခြင်းငှါ ကြိုးစား ကြ၏။ သူတို့တွင် သတိပေးသောသူမရှိ။ | They mar my path, they set forward my calamity, they have no helper. |
| 14 | ကျယ်သော တွင်းပေါက်၌ ဝင်သကဲ့သို့၊ ငါ့ကို တိုက်၍ ဖြိုဖျက်ရာကို ခိုလှုံလျက်၊ငါ့ထံသို့ တဟုန်တည်း ပြေးလာကြ၏။ | They came upon me as a wide breaking in of waters: in the desolation they rolled themselves upon me. |
| 15 | ကြောက်မက်ဘွယ်သော အရာတို့သည် ငါ့ အပေါ်သို့ရောက်၍၊ လေတိုက်သကဲ့သို့ ငါ့ဘုန်းကို လိုက် သဖြင့်၊ ငါ့စည်းစိမ်သည် မိုဃ်းတိမ်ကဲ့သို့ လွင့်ကုန်ပြီ။ | Terrors are turned upon me: they pursue my soul as the wind: and my welfare passeth away as a cloud. |
| 16 | ယခုမူကား၊ ငါ့နှလုံးကြေကွဲပြီ။ ဒုက္ခဆင်းရဲခံရာ ကာလသည် ငါ့ကိုမှီပြီ။ | And now my soul is poured out upon me; the days of affliction have taken hold upon me. |
| 17 | ညဉ့်အခါ ငါ့အရိုးတို့သည် အလွန်ကိုက်ခဲ၍၊ ငါ့အကြောတို့သည် သက်သာခြင်းမရှိရကြ။ | My bones are pierced in me in the night season: and my sinews take no rest. |
| 18 | ငါ့အနာသည် ပြင်းထန်သဖြင့်၊ အဝတ်နှင့် ဖုံးလွှမ်းသကဲ့သို့၊ ငါ့ကို ဖုံးလွှမ်း၍ အင်္ကျီလည်စွပ်ကဲ့သို့ ငါ့ကိုစည်းလျက်နေ၏။ | By the great force of my disease is my garment changed: it bindeth me about as the collar of my coat. |
| 19 | ငါ့ကိုရွှံ့ထဲသို့ တွန်းချတော်မူသဖြင့်၊ ငါသည် မြေမှုန့်နှင့်မီးဖိုပြာကဲ့သို့ ဖြစ်လေပြီ။ | He hath cast me into the mire, and I am become like dust and ashes. |
| 20 | ကိုယ်တော်အား အကျွန်ုပ်အော်ဟစ်သော် လည်း ကြားတော်မမူ။ အကျွန်ုပ်သည် မတ်တတ်နေသော် လည်း မှတ်တော်မမူ။ | I cry unto thee, and thou dost not hear me: I stand up, and thou regardest me not. |
| 21 | အကျွန်ုပ်ကိုကြမ်းတမ်းစွာပြု၍၊ အားကြီးသော လက်တော်နှင့် ညှဉ်းဆဲတော်မူ၏။ | Thou art become cruel to me: with thy strong hand thou opposest thyself against me. |
| 22 | အကျွန်ုပ်ကို ချီသွား၍၊ လေကိုစီးစေသဖြင့်၊ အကျွန်ုပ်၏ ကိုယ်ခန္ဓာကို ဖြုတ်လွှင့်တော်မူ၏။ | Thou liftest me up to the wind; thou causest me to ride upon it, and dissolvest my substance. |
| 23 | သေခြင်းသို့၎င်း၊ အသက်ရှင်သောသူခပ်သိမ်းတို့ အဘို့စီရင်သော နေရာသို့၎င်း၊ အကျွန်ုပ်ကို ပို့ဆောင် တော်မူမည်ဟု အကျွန်ုပ်သိပါ၏။ | For I know that thou wilt bring me to death, and to the house appointed for all living. |
| 24 | ဘုရားသခင်သည် လက်ဆန့်တော်မူသောအခါ၊ တောင်းပန်သော်လည်းအချည်းနှီးဖြစ်၏။ ဖျက်ဆီးတော် မူသောအခါ၊ အော်ဟစ်သော်လည်း ကျေးဇူးမရှိ။ | Howbeit he will not stretch out his hand to the grave, though they cry in his destruction. |
| 25 | အမှုရောက်သော သူအတွက် ငါငိုကြွေးဘူးပြီ မဟုတ်လော။ ဆင်းရဲသောသူအတွက် ငါစိတ်နာကြဉ်းဘူး ပြီမဟုတ်လော။ | Did not I weep for him that was in trouble? was not my soul grieved for the poor? |
| 26 | သို့သော်လည်း၊ ငါသည် ကောင်းကျိုးကိုမြော်လင့် သောအခါ ဘေးရောက်လာ၏။ အလင်းကိုတောင့်တ သောအခါ မှောင်မိုက်ဖြစ်၏။ | When I looked for good, then evil came unto me: and when I waited for light, there came darkness. |
| 27 | ငါ့အသည်းသည် ပူလောင်၍ ငြိမ်းခြင်းမရှိ။ ဒုက္ခဆင်းရဲခံရာကာလသည် ငါ့ကိုတွေ့မိပြီ။ | My bowels boiled, and rested not: the days of affliction prevented me. |
| 28 | နေရောင်ကွယ်၍ မှောင်မိုက်၌ လှည့်လည်ရ၏။ပရိသတ်အလယ်၌ မတ်တတ်နေ၍ ကြွေးကြော်ရ၏။ | I went mourning without the sun: I stood up, and I cried in the congregation. |
| 29 | မြေခွေးတို့နှင့်ညီအစ်ကိုတော်၏။ ကုလားအုပ်ငှက် တို့နှင့် ပေါင်းဘော်ရ၏။ | I am a brother to dragons, and a companion to owls. |
| 30 | အဆင်းမည်းလျက် အရိုးပူလောင်လျက်ရှိ၏။ | My skin is black upon me, and my bones are burned with heat. |
| 31 | ငါ့စောင်းသည် ညည်းတွားသောအသံ၊ ငါ့ပုလွေသည် ငိုကြွေးသောအသံကိုသာပေးတတ်၏။ | My harp also is turned to mourning, and my organ into the voice of them that weep. |
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL