욥기 18장 Judson (1835)
Judson (1835) · 미얀마어 · 욥기 (Job) · 21절 · 대역: King James Version
| 절 | Judson (1835) | King James Version |
|---|---|---|
| 1 | တဖန်ရှုအာအမျိုးသား ဗိလဒဒ်မြွက်ဆိုသည် ကား၊ | Then answered Bildad the Shuhite, and said, |
| 2 | ဤစကားသည် အဘယ်အခါမှ ပြတ်လိမ့်မည် နည်း။ သတိပြုကြ။ သို့မှသာငါတို့သည် စကားပြောကြ မည်။ | How long will it be ere ye make an end of words? mark, and afterwards we will speak. |
| 3 | သင်သည်ငါတို့ကို တိရစ္ဆာန်ကဲ့သို့ အဘယ်ကြောင့် မှတ်သနည်း။ အဘယ်ကြောင့် မထီမဲ့မြင်ပြု သနည်း။ | Wherefore are we counted as beasts, and reputed vile in your sight? |
| 4 | အမျက်ထွက်၍ မိမိကိုယ်ကို ကိုက်ဖြတ်သောသူ၊ သင့်အတွက် မြေကြီးကိုစွန့်ပစ်ရမည်လော။ ကျောက်သည် မိမိနေရာမှ ရွေ့ရမည်လော။ | He teareth himself in his anger: shall the earth be forsaken for thee? and shall the rock be removed out of his place? |
| 5 | အကယ်စင်စစ်ဆိုးသောသူ၏ အလင်းသည် ကွယ်လိမ့်မည်။ သူ၏မီးလျှံမတောက်ရ။ | Yea, the light of the wicked shall be put out, and the spark of his fire shall not shine. |
| 6 | သူ၏နေရာအလင်းလည်း မှောင်မိုက်ဖြစ်လိမ့် မည်။ သူ၏ဆီမီးလည်း သေလိမ့်မည်။ | The light shall be dark in his tabernacle, and his candle shall be put out with him. |
| 7 | ခိုင်ခံ့စွာသွားသောအခါ ကျဉ်းမြောင်းရာသို့ ရောက်လိမ့်မည်။ မိမိအကြံအစည်အားဖြင့် ရှုံးရလိမ့်မည်။ | The steps of his strength shall be straitened, and his own counsel shall cast him down. |
| 8 | ပိုက်ထဲသို့ အလိုလိုဝင်တတ်၏။ ကျော့ကွင်းပေါ်မှာ နင်းတတ်၏။ | For he is cast into a net by his own feet, and he walketh upon a snare. |
| 9 | ဂိုင်းပြုတ်၍ ခြေကို မိသဖြင့် ကျော့ကွင်းနှင့် မကျွတ်နိုင်ဘဲ နေရ၏။ | The gin shall take him by the heel, and the robber shall prevail against him. |
| 10 | မြေ၌ဂျမ်းကြိုးကို သူ့အဘို့ ဝှက်ထားလျက်၊ သူသွားရာလမ်း၌ ထောင်ချောက်ကို ပြင်လျက်ရှိ၏။ | The snare is laid for him in the ground, and a trap for him in the way. |
| 11 | ကြောက်မက်ဘွယ်သော အခြင်းအရာတို့သည် ဝိုင်း၍ ကျပ်တည်းစွာ လိုက်နှင့်ကြလိမ့်မည်။ | Terrors shall make him afraid on every side, and shall drive him to his feet. |
| 12 | သူသည် ငတ်မွတ်သောအားဖြင့် အားလျော့လျက်၊ ပျက်စီးခြင်း ဘေးနှင့် တွေ့လုလျက်ရှိ၏။ | His strength shall be hungerbitten, and destruction shall be ready at his side. |
| 13 | ထိုဘေးသည် သူ၏အရိုးတို့ကို ကိုက်ခဲ၍၊ သေမင်း၏သားဦးသည် သူ၏ခွန်အားကို မျိုလိမ့်မည်။ | It shall devour the strength of his skin: even the firstborn of death shall devour his strength. |
| 14 | သူခိုလှုံရာအကြောင်းကို သူ၏နေရာမှ ပယ်ရှင်း၍၊ သူ့ကိုယ်ကို ဘေးဒဏ်တို့၏ ရှင်ဘုရင်ထံသို့ ဆောင် သွားရ၏။ | His confidence shall be rooted out of his tabernacle, and it shall bring him to the king of terrors. |
| 15 | သူ၏နေရာ၌ အရှင်မရှိ။ ပျက်စီးခြင်းဘေးနေ၍ အမိုးပေါ်မှာ ကန့်ဖြူးလျက်ရှိလိမ့်မည်။ | It shall dwell in his tabernacle, because it is none of his: brimstone shall be scattered upon his habitation. |
| 16 | သူ၏အမြစ်တို့သည် သွေ့ခြောက်လျက်၊ အခက်အလက်တို့လည်း သေလျက်ရှိကြလိမ့်မည်။ | His roots shall be dried up beneath, and above shall his branch be cut off. |
| 17 | မြေပေါ်မှာသူ့ကို အောက်မေ့စရာအမှတ် ပျောက်ပျက်၍၊ ပွဲသဘင်၌ သူ၏နာမကို အဘယ်သူမျှ မခေါ်မပြော။ | His remembrance shall perish from the earth, and he shall have no name in the street. |
| 18 | သူ့ကိုအလင်းထဲက မှောင်မိုက်ထဲသို့ မောင်း၍ လူ့ပြည်မှ နှင်ထုတ်ရ၏။ | He shall be driven from light into darkness, and chased out of the world. |
| 19 | သူ့အမျိုးတွင် သူ့သားမြေးမရှိ။ သူ၏အိမ်သူ အိမ်သားတယောက်မျှ မကျန်ရစ်ရ။ | He shall neither have son nor nephew among his people, nor any remaining in his dwellings. |
| 20 | သူ၏လက်ထက်၌ရှိသော သူတို့သည် ထိတ်လန့်သကဲ့သို့၊ သူ့နောက်၌ဖြစ်သော သူတို့သည် သူ၏အမှု ကြောင့် မိန်းမောတွေဝေကြလိမ့်မည်။ | They that come after him shall be astonied at his day, as they that went before were affrighted. |
| 21 | အကယ်စင်စစ်ဆိုးသော သူ၏နေရာသည် ထိုသို့သော လက္ခဏာရှိ၏။ ဘုရားသခင်ကိုမသိသောသူ သည် ထိုသို့သော နေရာသို့ ရောက်လိမ့်မည်ဟု မြွက်ဆိ၏။ | Surely such are the dwellings of the wicked, and this is the place of him that knoweth not God. |
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL