요한일서 2장 Judson (1835)
Judson (1835) · 미얀마어 · 요한일서 (1 John) · 29절 · 대역: King James Version
| 절 | Judson (1835) | King James Version |
|---|---|---|
| 1 | ချစ်သားတို့၊ သင်တို့သည်ဒုစရိုက်ကိုမပြုစေခြင်းငှါ ဤအရာများကိုသင်တို့အား ငါရေး၍ပေးလိုက်၏။ တစုံတယောက်သောသူသည် ဒုစရိုက်ကိုပြုမိလျှင်၊ ဖြောင့်မတ်တော်မူသောအရှင်ယေရှုခရစ်တည်းဟူသော ငါတို့အမှုဆောင်သခင်သည် ခမည်းတော်ထံ၌ ရှိတော်မူ၏။ | My little children, these things write I unto you, that ye sin not. And if any man sin, we have an advocate with the Father, Jesus Christ the righteous: |
| 2 | ထိုသခင်သည်ငါတို့၏အပြစ်မက၊ လောကီသားအပေါင်းတို့၏ အပြစ်ဖြေစရာအကြောင်း ဖြစ်တော်မူ၏။ | And he is the propitiation for our sins: and not for ours only, but also for the sins of the whole world. |
| 3 | ထိုသခင်ကို ကိုယ်တိုင်သိကျွမ်းသည်ကိုအဘယ်သို့ သိရသနည်းဟူမူကား၊ ပညတ်တော်တို့ကို စောင့်ရှောက်လျှင် သိရသတည်း။ | And hereby we do know that we know him, if we keep his commandments. |
| 4 | ထိုသခင်ကို ငါသိ၏ဟုပညတ်တော်တို့ကို မစောင့်ဘဲလျက်ဆိုသောသူသည် မုသာကိုသုံးသောသူ ဖြစ်၍ ထိုသူ၌သစ္စာမရှိ။ | He that saith, I know him, and keepeth not his commandments, is a liar, and the truth is not in him. |
| 5 | ထိုသခင်၏စကားတော်ကို နားထောင်သောသူ မည်သည်ကား၊ ဘုရားသခင်ကို ချစ်ခြင်းမေတ္တာနှင့် အမှန်ပြည့်စုံ၏။ ငါတို့သည် သခင်၌ရှိကြောင်းကို ထိုသို့အားဖြင့်သိရကြ၏။ | But whoso keepeth his word, in him verily is the love of God perfected: hereby know we that we are in him. |
| 6 | ထိုသခင်၌ငါတည်၏ဟုဆိုသောသူသည်၊ ထိုသခင်ကျင့်တော်မူသည်နည်းတူ ကျင့်ရမည်။ | He that saith he abideth in him ought himself also so to walk, even as he walked. |
| 7 | ချစ်သူတို့၊ သင်တို့အား ငါရေးထားသော ပညတ်သည် ပညတ်သစ်မဟုတ်။ ရှေ့ဦးစွာကပင် သင်တို့၌ ရှိသော ပညတ်ဟောင်းဖြစ်၏။ ပညတ်ဟောင်းကား၊ ရှေ့ဦးစွာကပင်သင်တို့ကြားရသော ဒေသနာတော်ဖြစ်၏။ | Brethren, I write no new commandment unto you, but an old commandment which ye had from the beginning. The old commandment is the word which ye have heard from the beginning. |
| 8 | တဖန်တုံ၊ ပညတ်သစ်ကို သင်တို့အား ငါရေးထား၏။ ထိုသခင်အားဖြင့်၎င်း၊ သင်တို့အားဖြင့်၎င်း၊ အသစ်မှန်ပေ၏။ အကြောင်းမူကား မှောင်မိုက်ပျောက်လွင့်၍ မှန်သောအလင်းသည် ထွန်းတောက်လျက်ရှိ၏။ | Again, a new commandment I write unto you, which thing is true in him and in you: because the darkness is past, and the true light now shineth. |
| 9 | မိမိညီအစ်ကိုကိုမုန်းလျက်ပင်၊ ငါသည် အလင်း၌ရှိ၏ ဟုဆိုသောသူသည်ယခုတိုင်အောင် မှောင်မိုက်၌ ရှိသေး၏။ | He that saith he is in the light, and hateth his brother, is in darkness even until now. |
| 10 | မိမိညီအစ်ကိုကိုချစ်သောသူသည် အလင်း၌ တည်နေ၏။ ထိမိ၍ လဲစရာအကြောင်းသည်ထိုသူ၌မရှိ။ | He that loveth his brother abideth in the light, and there is none occasion of stumbling in him. |
| 11 | မိမိညီအစ်ကိုကို မုန်းသောသူသည် မှောင်မိုက်၌ရှိ၏။ မှောင်မိုက်၌လည်းကျင်လည်သွားလာ၏။ မှောင် မိုက်ကြောင့်သူ၏မျက်စိ မမြင်နိုင်သဖြင့်၊ အဘယ်အရပ်သို့ ကိုယ်သွားသည်ကိုကိုယ်မသိ။ | But he that hateth his brother is in darkness, and walketh in darkness, and knoweth not whither he goeth, because that darkness hath blinded his eyes. |
| 12 | ချစ်သားတို့၊ သင်တို့သည် ထိုသခင်၏ နာမတော်အားဖြင့် အပြစ်များနှင့်ကင်းလွတ်သောကြောင့်၊ သင်တို့အားငါရေး၍ပေးလိုက်၏။ | I write unto you, little children, because your sins are forgiven you for his name’s sake. |
| 13 | အဘတို့၊ သင်တို့သည် ရှေ့ဦးစွာကပင် ရှိတော်မူသောသူကိုသိသောကြောင့်၊ သင်တို့အားငါရေး၍ ပေးလိုက်၏။ လူပျိုတို့၊ သင်တို့သည် မာရ်နတ်ကိုအောင်သောကြောင့်၊ သင်တို့အားငါရေး၍ ပေးလိုက်၏။ သူငယ်တို့၊ သင်တို့သည် ခမည်းတော်ကိုသိသောကြောင့်၊ သင်တို့အား ငါရေး၍ပေးလိုက်၏။ | I write unto you, fathers, because ye have known him that is from the beginning. I write unto you, young men, because ye have overcome the wicked one. I write unto you, little children, because ye have known the Father. |
| 14 | အဘတို့၊ သင်တို့သည် ရှေ့ဦးစွာကပင် ရှိတော်မူသောသူကိုသိသောကြောင့်၊ သင်တို့အား ငါရေး၍ ပေးလိုက်ခဲ့ပြီ။ လူပျိုတို့၊ သင်တို့သည် ခွန်အားနှင့်ပြည့်စုံ၍၊ ဘုရားသခင်၏နှုတ်ကပတ်တော်၌ မှီဝဲဆည်းကပ် သဖြင့် မာရ်နတ်ကိုအောင်သောကြောင့်၊ သင်တို့အား ငါရေး၍ ပေးလိုက်ခဲ့ပြီ။ | I have written unto you, fathers, because ye have known him that is from the beginning. I have written unto you, young men, because ye are strong, and the word of God abideth in you, and ye have overcome the wicked one. |
| 15 | လောကကို၎င်း၊ လောက၌ရှိသောအရာတို့ကို၎င်း၊ မချစ်ကြနှင့်။ လောကကိုချစ်သောသူမည်သည်ကား၊ ခမည်းတော်ကို ချစ်ခြင်းမေတ္တာမရှိ။ | Love not the world, neither the things that are in the world. If any man love the world, the love of the Father is not in him. |
| 16 | လောက၌ရှိသမျှသော အရာတည်းဟူသော ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကီ စည်းစိမ်၌ဝါကြွားခြင်းတို့သည် ခမည်းတော်နှင့်မစပ်ဆိုင်၊ လောကနှင့်သာစပ်ဆိုင်ကြ၏။ | For all that is in the world, the lust of the flesh, and the lust of the eyes, and the pride of life, is not of the Father, but is of the world. |
| 17 | လောကနှင့်လောကီတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင်၏ အလိုတော်နှင့် အညီ ကျင့်သောသူမူကား၊ နိစ္စထာဝရတည်၏။ | And the world passeth away, and the lust thereof: but he that doeth the will of God abideth for ever. |
| 18 | ချစ်သားတို့၊ ယခုကာလသည် နောက်ဆုံးသောကာလဖြစ်၏။ ခရစ်တော်၏ ရန်သူတည်းဟူသော အန္တိခရစ် ပေါ်လာကြောင်းကို သင်တို့ကြားရသည်အတိုင်း၊ ယခုပင်အန္တိခရစ်အများရှိကြ၏။ ထိုကြောင့်၊ ယခု ကာလသည်နောက်ဆုံးသောကာလဖြစ်သည်ကိုသိရ၏။ | Little children, it is the last time: and as ye have heard that antichrist shall come, even now are there many antichrists; whereby we know that it is the last time. |
| 19 | ထိုသူတို့သည် ငါတို့ထံမှထွက်သွားကြ၏။ သို့သော်လည်း အထက်ကငါတို့နှင့်မစပ်ဆိုင်ကြ။ ငါတို့နှင့်စပ်ဆိုင်လျှင် ငါတို့နှင့်အတူနေကြလိမ့်မည်။ ထိုသူအပေါင်းတို့သည် ငါတို့နှင့်မစပ်ဆိုင်ကြောင်းကို ထင်ရှားစေခြင်းငှါ၊ ငါတို့ထံမှ ထွက်သွားကြ၏။ | They went out from us, but they were not of us; for if they had been of us, they would no doubt have continued with us: but they went out, that they might be made manifest that they were not all of us. |
| 20 | သင်တို့သည် သန့်ရှင်းတော်မူသောဘုရား၏ လက်မှဘိသိတ်ကျေးဇူးတော်ကိုခံရ၍၊ ခပ်သိမ်းသော အရာတို့ကို သိကြ၏။ | But ye have an unction from the Holy One, and ye know all things. |
| 21 | သမ္မာတရားကို သင်တို့မသိသောကြောင့်၊ ငါရေး၍ ပေးလိုက်သည်မဟုတ်။ သင်တို့သည် သမ္မာတရား ကို၎င်း၊ မုသာရှိသမျှတို့သည် သမ္မာတရားနှင့် မစပ်ဆိုင်သည်ကို၎င်း၊ သိသောကြောင့် ငါရေး၍ပေးလိုက်၏။ | I have not written unto you because ye know not the truth, but because ye know it, and that no lie is of the truth. |
| 22 | မုသာကိုသုံးသောသူကားအဘယ်သူနည်း။ ယေရှုသည်ခရစ်တော်မဟုတ်ဟု ငြင်းပယ်သောသူ ဖြစ်သတည်း။ ခမည်းတော်နှင့် သားတော်ကို ငြင်းပယ်သော သူသည် အန္တိခရစ်ဖြစ်၏။ | Who is a liar but he that denieth that Jesus is the Christ? He is antichrist, that denieth the Father and the Son. |
| 23 | သားတော်ကိုငြင်းပယ်သောသူမည်သည်ကား၊ ခမည်းတော်ကိုမသိ။ သားတော်ကို ဝန်ခံသောသူ မည်သည်ကား၊ ခမည်းတော်ကိုသိ၏။ | Whosoever denieth the Son, the same hath not the Father: [but] he that acknowledgeth the Son hath the Father also. |
| 24 | ထိုကြောင့်၊ သင်တို့သည် ရှေ့ဦးစွာကပင် ကြားရသော ဒေသနာကို သင်တို့၌ တည်စေကြလော့။ ထိုဒေသနာသည် သင်တို့၌တည်လျှင်၊ သင်တို့သည် သားတော်၌၎င်း၊ ခမည်းတော်၌၎င်း၊ တည်ရကြလိမ့်မည်။ | Let that therefore abide in you, which ye have heard from the beginning. If that which ye have heard from the beginning shall remain in you, ye also shall continue in the Son, and in the Father. |
| 25 | ငါတို့အား ပေးတော်မူသောဂတိတော်မူကား၊ ထာဝရအသက်ကို ဝန်ခံတော်မူသောဂတိတော် ပေတည်း။ | And this is the promise that he hath promised us, even eternal life. |
| 26 | သင်တို့ကို လှည့်ဖြားသောသူတို့၏အကြောင်းကို ဤသို့ သင်တို့အား ငါရေး၍ပေးလိုက်၏။ | These things have I written unto you concerning them that seduce you. |
| 27 | သို့သော်လည်း သန့်ရှင်းတော်မူသောဘုရား၏လက်မှ သင်တို့ခံရသော ဘိသိတ်ကျေးဇူးတော်သည် သင်တို့၌ရှိသည်ဖြစ်၍၊ အဘယ်သူမျှ သင်တို့ကို ဆုံးမဩဝါဒပေးစရာအကြောင်းမရှိ။ ထိုဘိသိတ် ကျေးဇူးတော်သည် ဖြစ်ယောင်ဆောင်သည်မဟုတ်၊ အမှန်ဖြစ်လျက် ခပ်သိမ်းသောအရာတို့ကို သင်တို့အား သွန်သင်တော်မူသည်အတိုင်း၊ သင်တို့သည် သားတော်၌တည်နေကြလော့။ | But the anointing which ye have received of him abideth in you, and ye need not that any man teach you: but as the same anointing teacheth you of all things, and is truth, and is no lie, and even as it hath taught you, ye shall abide in him. |
| 28 | ချစ်သားတို့၊ သားတော်သည်ထင်ရှား ပေါ်ထွန်းတော်မူသောအခါ၊ ငါတို့သည် အထံတော်သို့ ရောက်လျှင်၊ ရဲရင့်ရသောအခွင့်ရှိ၍၊ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း သားတော်၌ တည်နေကြလော့။ | And now, little children, abide in him; that, when he shall appear, we may have confidence, and not be ashamed before him at his coming. |
| 29 | ဘုရားသခင်သည် ဖြောင့်မတ်တော်မူသည်ကို သင်တို့သည်သိလျှင်၊ ဖြောင့်မတ်ခြင်းတရားကို ကျင့်သောသူ မည်သည်ကား၊ ဘုရားသခင် ဖြစ်ဘွားစေတော်မူသောသူဖြစ်သည်ကို သိရကြ၏။ | If ye know that he is righteous, ye know that every one that doeth righteousness is born of him. |
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL