요엘 1장 Judson (1835)
Judson (1835) · 미얀마어 · 요엘 (Joel) · 20절 · 대역: King James Version
| 절 | Judson (1835) | King James Version |
|---|---|---|
| 1 | ပေသွေလ၏သားယောလသို့ ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊ | The word of the Lord that came to Joel the son of Pethuel. |
| 2 | အသက်ကြီးသော သူတို့၊ ကြားကြလော့။ ပြည် သူပြည်သားအပေါင်းတို့၊ နားထောင်ကြလော့။ ဤသို့ သော အမှုသည် သင်တို့လက်ထက်၌ ဖြစ်ဘူးသလော။ ဘိုးဘေးတို့လက်ထက်၌ ဖြစ်ဘူးသလော။ | Hear this, ye old men, and give ear, all ye inhabitants of the land. Hath this been in your days, or even in the days of your fathers? |
| 3 | ကိုယ်သားတို့အား ပြောကြလော့။ သူတို့သည် သူတို့သားတို့အား ပြောကြစေ။ သူတို့သားတို့သည်လည်း ဆက်နွှယ်သော အခြားသူတို့အား ပြောကြစေ။ | Tell ye your children of it, and let your children tell their children, and their children another generation. |
| 4 | ဂါဇံကျိုင်းခြွင်းထားသော အရာကိုအရာ ဘကျိုင်းစား၏။ အရာဘကျိုင်းခြွင်းထားသော အရာကို ယာလက်ကျိုင်းစား၏။ ယာလက်ကျိုင်းခြွင်းထားသော အရာကို ခါသိလကျိုင်းစား၏။ | That which the palmerworm hath left hath the locust eaten; and that which the locust hath left hath the cankerworm eaten; and that which the cankerworm hath left hath the caterpiller eaten. |
| 5 | သေသောက် ကြူးတို့၊ နိုး၍ ငိုကြွေးကြလော့။ စပျစ်ရည်ကို သောက်ကြူးသောသူတို့၊ သင်တို့သောက်ရန် ချိုသောစပျစ်ရည်ပြတ်သောကြောင့် ငိုကြွေးမြည်တမ်းကြ လော့။ | Awake, ye drunkards, and weep; and howl, all ye drinkers of wine, because of the new wine; for it is cut off from your mouth. |
| 6 | အကြောင်းမူကား၊ အားကြီး၍ မရေတွက်နိုင်အောင် များပြားသော အမျိုးသည် ငါ့ပြည်ပေါ်သို့ တက်လာပြီ။ ထိုအမျိုးသား၏ သွားသည် ခြင်္သေ့သွားကဲ့သို့၎င်း၊ အံသွားသည်လည်း ခြင်္သေ့မအံသွားကဲ့သို့၎င်း ဖြစ်၏။ | For a nation is come up upon my land, strong, and without number, whose teeth are the teeth of a lion, and he hath the cheek teeth of a great lion. |
| 7 | ငါ့စပျစ်နွယ်ပင်ကို ဖျက်ဆီး၍ ငါ့သင်္ဘော သဖန်းပင်ကို ကျိုးပဲ့စေပြီ။ သုတ်သင်ပယ်ရှင်း၍ ပစ်လိုက် လေပြီ။ အခက်အလက်တို့သည် ဖြူကြ၏။ | He hath laid my vine waste, and barked my fig tree: he hath made it clean bare, and cast it away; the branches thereof are made white. |
| 8 | အသက်ငယ်စဉ်လက်ထပ်သော ခင်ပွန်းအတွက် လျှော်တေအဝတ်ကို ဝတ်သော သတို့သမီးကဲ့သို့ ငိုကြွေး မြည်တမ်းလော့။ | Lament like a virgin girded with sackcloth for the husband of her youth. |
| 9 | ဘောဇဉ်ပူဇော်သက္ကာနှင့် သွန်းလောင်းရာ ပူဇော်သက္ကာသည် ထာဝရဘုရား၏အိမ်တော်၌ ပြတ်၏။ ထာဝရဘုရား၏အမှုတော်စောင့် ယဇ်ပုရောဟိတ်တို့ သည် ငိုကြွေးမြည်တမ်းကြ၏။ | The meat offering and the drink offering is cut off from the house of the Lord; the priests, the Lord’s ministers, mourn. |
| 10 | လယ်သည် ပျက်၏။ မြေသည် ညှိုးငယ်၏။ စပါးလည်း ပျက်၏။ ချိုသော စပျစ်ရည်ကုန်ပြီ။ ဆီလည်း လျော့ပြီ။ | The field is wasted, the land mourneth; for the corn is wasted: the new wine is dried up, the oil languisheth. |
| 11 | လယ်လုပ်သော သူတို့၊ လယ်၌ ရိတ်ရသော အသီးအနှံပျက်သောကြောင့်၊ ဂျုံစပါးနှင့် မုယောစပါး အတွက် ရှက်ကြောက်ခြင်းရှိကြလော့။ ဥယျာဉ်ကို ပြုစု သော သူတို့၊ မြည်တမ်းကြလော့။ | Be ye ashamed, O ye husbandmen; howl, O ye vinedressers, for the wheat and for the barley; because the harvest of the field is perished. |
| 12 | စပျစ်နွယ်ပင်သည် ညှိုးနွမ်း၏။ သင်္ဘောသဖန်း ပင်လည်း သွေ့ခြောက်၏။ သလဲပင်။ စွန်ပလွံပင်၊ ရှောက်ချိုပင်မှစ၍ တောသစ်ပင်ရှိသမျှတို့သည် ညှိုးနွမ်း ကြ၏။ အကယ်စင်စစ်လူသားတို့၌ ဝမ်းမြောက်စရာ အကြောင်းသည် သွေ့ခြောက်၏။ | The vine is dried up, and the fig tree languisheth; the pomegranate tree, the palm tree also, and the apple tree, even all the trees of the field, are withered: because joy is withered away from the sons of men. |
| 13 | အို ယဇ်ပုရောဟိတ်တို့၊ လျှော်တေအဝတ်ကို ဝတ်၍ ငိုကြွေးကြလော့။ ယဇ်ပလ္လင်တော် အမှုစောင့်တို့၊ မြည်တမ်းကြလော့။ ငါ၏ဘုရားသခင့်အမှုတော်စောင့်တို့၊ လာကြ။ လျှော်တေအဝတ်ကို ဝတ်လျက် တညဉ့်လုံးအိပ် ကြလော့။ အကြောင်းမူကား၊ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်း လောင်းရာ ပူဇော်သက္ကာကို သင်တို့ဘုရားသခင်၏ အိမ် တော်၌ မဆက်ကပ်ဘဲ နေကြပါပြီတကား။ | Gird yourselves, and lament, ye priests: howl, ye ministers of the altar: come, lie all night in sackcloth, ye ministers of my God: for the meat offering and the drink offering is withholden from the house of your God. |
| 14 | အစာရှောင်ရသော အချိန်ကို ခန့်ထားကြ လော့။ ခြိုးခြံစွာ ကျင့်ရသောအချိန်ကို ကြော်ငြာကြလော့။ အသက်ကြီးသူမှစ၍ ပြည်သူပြည်သားအပေါင်းတို့ကို သင်တို့ဘုရားသခင်ထာဝရဘုရား၏ အိမ်တော်၌ စည်း ဝေး၍ ထာဝရဘုရားအား ဟစ်ကြော်ကြလော့။ | Sanctify ye a fast, call a solemn assembly, gather the elders and all the inhabitants of the land into the house of the Lord your God, and cry unto the Lord, |
| 15 | ထိုနေ့ရက်ကြောင့် အမင်္ဂလာရှိ၏။ ထာဝရ ဘုရား၏ နေ့ရက်နီးပြီ။ အနန္တတန်ခိုးရှင် ဖျက်ဆီးခြင်း ဘေးကဲ့သို့ ရောက်လာလိမ့်မည်။ | Alas for the day! for the day of the Lord is at hand, and as a destruction from the Almighty shall it come. |
| 16 | ငါတို့စားစရာသည် ငါတို့မျက်မှောက်၌ ပြတ် သည်မဟုတ်လော။ ငါတို့ ဘုရားသခင်၏ အိမ်တော်၌ ဝမ်းမြောက်ရွှင်လန်းခြင်းအကြောင်းလည်း ပြတ်သည် မဟုတ်လော။ | Is not the meat cut off before our eyes, yea, joy and gladness from the house of our God? |
| 17 | မျိုးစေ့တို့သည် မြေစိုင်အောက်မှာ ပုပ်ကြ၏။ စပါးပြတ်သောကြောင့် စပါးကျီတို့သည် ပျက်ကြ၏။ ဘဏ္ဍာတိုက်တို့သည် ပြိုကြ၏။ | The seed is rotten under their clods, the garners are laid desolate, the barns are broken down; for the corn is withered. |
| 18 | တိရစ္ဆာန်တို့သည် အလွန်မြည်တမ်းကြ၏။ နွားစု တို့သည် ကျက်စားရာအရပ်မရှိသောကြောင့် ပင်ပန်းကြ ၏။ သိုးစုတို့သည်လည်း သေကြ၏။ | How do the beasts groan! the herds of cattle are perplexed, because they have no pasture; yea, the flocks of sheep are made desolate. |
| 19 | အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ် ဟစ်ကြော်ပါ၏။ တော၌ ကျက်စားရာအရပ်တို့ကို မီးရှို့ ပါပြီ။ တောသစ်ပင်ရှိသမျှတို့ကို မီးလျှံလောင်ပါပြီ။ | O Lord, to thee will I cry: for the fire hath devoured the pastures of the wilderness, and the flame hath burned all the trees of the field. |
| 20 | တောသားရဲတို့သည်လည်း ကိုယ်တော်ကို ဟစ် ကြော်ကြပါ၏။ မြစ်ရေခန်းခြောက်ပါပြီ။ တော၌ ကျက် စားရာအရပ်တို့ကိုလည်း မီးလောင်ပါပြီ။ | The beasts of the field cry also unto thee: for the rivers of waters are dried up, and the fire hath devoured the pastures of the wilderness. |
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL