요나 4장 Judson (1835)
Judson (1835) · 미얀마어 · 요나 (Jonah) · 11절 · 대역: King James Version
| 절 | Judson (1835) | King James Version |
|---|---|---|
| 1 | ယောနသည် အလွန်စိတ်ညစ်၍ အမျက်ထွက် သဖြင့်၊ အို ထာဝရဘုရား၊ အကျွန်ုပ်တောင်းပန်ပါ၏။ အကျွန်ုပ်သည် ကိုယ်ပြည်၌ရှိစဉ်၊ ဤသို့ပြောပါပြီမဟုတ် လော။ ထိုကြောင့်၊ ကိုယ်တော်ထံမှ တာရှုမြို့သို့ ကြိုးစား၍ ပြေးပါ၏။ | But it displeased Jonah exceedingly, and he was very angry. |
| 2 | ကိုယ်တော်သည် သနားစုံမက်တတ်သော ဘုရား ဖြစ်၍ စိတ်ရှည်သောသဘော၊ ကျေးဇူးပြုချင်သောသ ဘော၊ အပြစ်ဒဏ်ပေးမည့်အမှုကို နောင်တရတတ်သော သဘောရှိတော်မူကြောင်းကို အကျွန်ုပ်သိပါ၏။ | And he prayed unto the Lord, and said, I pray thee, O Lord, was not this my saying, when I was yet in my country? Therefore I fled before unto Tarshish: for I knew that thou art a gracious God, and merciful, slow to anger, and of great kindness, and repentest thee of the evil. |
| 3 | သို့ဖြစ်၍၊ အိုထာဝရဘုရား၊ အကျွန်ုပ်အသက်ကို နှုတ်ယူတော်မူပါ။ အကျွန်ုပ်အသက်ရှင်ခြင်းထက် သေ ခြင်းသည် သာ၍ကောင်းပါသည်ဟု တောင်းလျှောက်လေ ၏။ | Therefore now, O Lord, take, I beseech thee, my life from me; for it is better for me to die than to live. |
| 4 | ထာဝရဘုရားကလည်း၊ သင်သည် အမျက်ထွက် ကောင်းသလောဟု မေးတော်မူ၏။ | Then said the Lord, Doest thou well to be angry? |
| 5 | ယောနသည် မြို့၌ အဘယ်သို့ဖြစ်မည်ကို သိမြင် ခြင်းငှါ၊ မြို့ပြင်သို့ထွက်၍ မြို့အရှေ့မျက်နှာ၌ တဲမိုးကို လုပ်ပြီးလျှင်၊ အမိုးအရိပ်တွင် ထိုင်၍နေ၏။ | So Jonah went out of the city, and sat on the east side of the city, and there made him a booth, and sat under it in the shadow, till he might see what would become of the city. |
| 6 | အရှင်ထာဝရဘုရားသည်လည်း ကြက်ဆူပင်ကို ပြင်ဆင်ပြီးလျှင်၊ ယောန၏စိတ်ကို ပြေစေခြင်းငှါ သူ့ ခေါင်းပေါ်မှာ လွှမ်း၍ မိုးစေတော်မူ၏။ ထိုအပင်ကြောင့် ယောနသည် အလွန်အားရဝမ်းမြောက်၏။ | And the Lord God prepared a gourd, and made it to come up over Jonah, that it might be a shadow over his head, to deliver him from his grief. So Jonah was exceeding glad of the gourd. |
| 7 | နက်ဖြန်မိုဃ်းလင်းသောအခါ ဘုရားသခင် ခန့် ထားတော်မူသော ပိုးကောင်သည် ကြက်ဆူပင်ကို ကိုက်၍ ညှိုးနွမ်းစေ၏။ | But God prepared a worm when the morning rose the next day, and it smote the gourd that it withered. |
| 8 | နေထွက်သောအခါ ဘုရားသခင်သည် အလွန်ပူ သောအရှေ့လေကို ပြင်ဆင်တော်မူ၍၊ ယောန၏ခေါင်းကို နေထိခိုက်သဖြင့် သူသည် မော၍ သေချင်သောစိတ်ရှိ လျက်၊ ငါ့အသက်သေခြင်းသည် ရှင်ခြင်းထက် သာ၍ ကောင်းသည်ဟု မြည်တမ်းလေ၏။ | And it came to pass, when the sun did arise, that God prepared a vehement east wind; and the sun beat upon the head of Jonah, that he fainted, and wished in himself to die, and said, It is better for me to die than to live. |
| 9 | ဘုရားသခင်ကလည်း၊ သင်သည် ကြက်ဆူပင် အတွက် အမျက်ထွက်ကောင်းသလောဟု မေးတော်မူ လျှင်၊ ယောနက၊ အကျွန်ုပ်သည် အသက်သေသည်တိုင် အောင် အမျက်ထွက်ကောင်းပါသည်ဟု လျှောက်ဆို၏။ | And God said to Jonah, Doest thou well to be angry for the gourd? And he said, I do well to be angry, even unto death. |
| 10 | ထာဝရဘုရားကလည်း၊ သင်သည် ပင်ပန်းစွာ မလုပ်၊ ကြီးပွားစေခြင်းငှါလည်း မပြုစု၊ တညဉ့်ခြင်းတွင် ပေါက်၍ တညဉ့်ခြင်းတွင် သေသော ကြက်ဆူပင်ကို နှမြောသည်တကား။ | Then said the Lord, Thou hast had pity on the gourd, for the which thou hast not laboured, neither madest it grow; which came up in a night, and perished in a night: |
| 11 | ငါသည် များစွာသော တိရစ္ဆာန်တို့ကိုမဆို၊ ကိုယ်လက်ျာလက်နှင့် လက်ဝဲလက်ကိုမျှ ပိုင်းခြား၍ မသိ သော သူတသိန်းနှစ်သောင်းမက၊ လူများသော နိနေဝေ မြို့ကြီးကို ငါနှမြောသင့်သည်မဟုတ်လောဟု မိန့်တော် မူ၏။ ပရောဖက်ယောန၏ဝတ္ထုပြီး၏။ | And should not I spare Nineveh, that great city, wherein are more than sixscore thousand persons that cannot discern between their right hand and their left hand; and also much cattle? |
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL