예레미야 50장 Judson (1835)
Judson (1835) · 미얀마어 · 예레미야 (Jeremiah) · 46절 · 대역: King James Version
| 절 | Judson (1835) | King James Version |
|---|---|---|
| 1 | ထာဝရဘုရားသည် ဗာဗုလုန်မြို့နှင့်ခါလဒဲပြည် ကို ရည်မှတ်၍၊ ပရောဖက်ယေရမိအားဖြင့် မိန့်တော် မူသောစကားဟူမူကား၊ | The word that the Lord spake against Babylon and against the land of the Chaldeans by Jeremiah the prophet. |
| 2 | လူမျိုးတို့တွင် သိတင်းကြားပြောကြလော့။ ဝှက်၍ မထားဘဲအလံကို ထူ၍ကြော်ငြာကြလော့။ ကြားပြောရသောစကားဟူမူကား၊ ဗာဗုလုန်မြို့ကို တိုက်ယူကြပြီ။ ဗေလဘုရားသည် အရှက်ကွဲပြီ။ မေရော ဒပ်ဘုရားသည် ကျိုးပြီ။ ဗာဗုလုန်ရုပ်တုဆင်းတုတို့သည် အရှက်ကွဲ၍ကျိုးပဲ့လျက်ရှိကြ၏။ | Declare ye among the nations, and publish, and set up a standard; publish, and conceal not: say, Babylon is taken, Bel is confounded, Merodach is broken in pieces; her idols are confounded, her images are broken in pieces. |
| 3 | လူတမျိုးသည် မြောက်မျက်နှာမှလာ၍ ဗာဗု လုန်ပြည်ကို သုတ်သင်ပယ်ရှင်းလိမ့်မည်။ နေသော သူမရှိရ။ လူနှင့်တိရစ္ဆာန်တို့သည်။ အကုန်အစင် ထွက်သွားကြလိမ့်မည်။ | For out of the north there cometh up a nation against her, which shall make her land desolate, and none shall dwell therein: they shall remove, they shall depart, both man and beast. |
| 4 | ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကာလ အခါ ဣသရေလအမျိုးသား တို့သည် ယုဒအမျိုးသား တို့နှင့် ပေါင်းဘက်၍လာကြလိမ့်မည်။ မျက်ရည်ကျလျက်၊ ခရီးသွားလျက်၊ သူတို့၏ဘုရားသခင်ထာဝရဘုရားကို သွား၍ ရှာကြလိမ့်မည်။ | In those days, and in that time, saith the Lord, the children of Israel shall come, they and the children of Judah together, going and weeping: they shall go, and seek the Lord their God. |
| 5 | ဇိအုန်မြို့သို့ မျက်နှာပြု၍ လမ်းကို ရှာကြလိမ့် မည်။ အစဉ်မမေ့လျော့ရသော ပဋိညာဉ်အားဖြင့် ထာဝရဘုရားထံတော်သို့ ချဉ်းကပ်၍ မိဿဟာယ ဖွဲ့ကြလိမ့်မည်။ | They shall ask the way to Zion with their faces thitherward, saying, Come, and let us join ourselves to the Lord in a perpetual covenant that shall not be forgotten. |
| 6 | ငါ၏လူတို့သည် ပျောက်သောသိုးဖြစ်ကြပြီ။ သိုးထိန်းတို့သည် တောင်များပေါ်မှာလမ်းလွဲစေကြပြီ။ သူတို့သည်တောင်တလုံးမှတလုံးသို့ လမ်းလွဲသွား၍၊ ငြိမ်ဝပ်သောအရပ်ကိုမေ့လျော့ကြပြီ။ | My people hath been lost sheep: their shepherds have caused them to go astray, they have turned them away on the mountains: they have gone from mountain to hill, they have forgotten their restingplace. |
| 7 | သူတို့ကို တွေ့ကြုံသမျှသောသူတို့သည် ကိုက်စား ကြပြီ။ ရန်သူတို့က၊ သူတို့သည်တရားသော ငြိမ်ဝပ်ရာ၊ ဘိုးဘေးတို့ခိုလှုံရာ ထာဝရဘုရား ကိုပြစ်မှားသောကြောင့်၊ ငါတို့သည်ကိုက်စားသော်လည်း မလွန်ကျူးဟု ပြောဆို ကြပြီ။ | All that found them have devoured them: and their adversaries said, We offend not, because they have sinned against the Lord, the habitation of justice, even the Lord, the hope of their fathers. |
| 8 | ဗာဗုလုန်မြို့ထဲကပြေးကြလော့။ ခါလဒဲပြည်မှ ထွက်သွားကြလော့။ သိုးစုရှေ့၌ သိုးထီးကဲ့သို့ပြုကြလော့။ | Remove out of the midst of Babylon, and go forth out of the land of the Chaldeans, and be as the he goats before the flocks. |
| 9 | အကြောင်းမူကား၊ မြောက်မျက်နှာအရပ်၌ ကြီးစွာသော တိုင်းနိုင်ငံသားအစုအဝေးကို ငါနှိုးဆော်၍၊ ဗာဗုလုန်မြို့သို့ ဆောင်ခဲ့သမည်။ သူတို့သည် မြို့တဘက်၌ တပ်ခင်းကျင်း၍ တိုက်ယူကြလိမ့်မည်။ သူတို့ကစ်သော မြှားတို့သည် လိမ္မာသော စစ်သူရဲ၏ မြှားကဲ့သို့ဖြစ်၍ မမှန်ဘဲမနေရ။ | For, lo, I will raise and cause to come up against Babylon an assembly of great nations from the north country: and they shall set themselves in array against her; from thence she shall be taken: their arrows shall be as of a mighty expert man; none shall return in vain. |
| 10 | ခါလဒဲပြည်သည် လုယူရာဖြစ်၍၊ လုယူသော သူတို့သည် ဝကြလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ | And Chaldea shall be a spoil: all that spoil her shall be satisfied, saith the Lord. |
| 11 | ငါ့အမွေကို ဖျက်ဆီးသောသူတို့၊ သင်တို့သည် ဝမ်းမြောက်ရွှင်လန်းကြပြီ။ကျက်စားသောနွားမကဲ့သို့ ခုန်ကြပြီ။ မြင်းထီးကဲ့သို့ ဟီကြပြီ။ | Because ye were glad, because ye rejoiced, O ye destroyers of mine heritage, because ye are grown fat as the heifer at grass, and bellow as bulls; |
| 12 | ထိုကြောင့်၊ သင်တို့ အမိသည် မိန်းမော တွေဝေလိမ့်မည်။ သင်တို့ကိုမွေးဘွားသော သူသည် အရှက်ကွဲလိမ့်မည်။ ပြည်တကာတို့တွင် အယုတ်ဆုံးသော ပြည်၊ သုတ်သင်သောအရပ်၊ သွေ့ခြောက်သော လွင်ပြင် ဖြစ်ရလိမ့်မည်။ | Your mother shall be sore confounded; she that bare you shall be ashamed: behold, the hindermost of the nations shall be a wilderness, a dry land, and a desert. |
| 13 | ထာဝရဘုရား၏ အမျက်တော်ကြောင့် နောက် တဖန်လူမနေရ။ ဆိတ်ညံသောအရပ် သက်သက်ဖြစ်ရ လိမ့်မည်။ ဗာဗုလုန်မြို့နားမှာ ရောက်သွားသော သူတိုင်း အံ့ဩ၍၊ သူခံရသောဘေးဥပဒ်ကို ထောက်လျက်၊ ကဲ့ရဲ့ သံကိုပြုကြလိမ့်မည်။ | Because of the wrath of the Lord it shall not be inhabited, but it shall be wholly desolate: every one that goeth by Babylon shall be astonished, and hiss at all her plagues. |
| 14 | ဗာဗုလုန်မြို့ပတ်လည်၌ တပ်ခင်းကျင်းကြ လော့။ သူသည် ထာဝရဘုရားကို ပြစ်မှားသောကြောင့်၊ လေးသမားအပေါင်းတို့၊ မြှားကိုမနှမြောဘဲ ပစ်ကြလော့။ | Put yourselves in array against Babylon round about: all ye that bend the bow, shoot at her, spare no arrows: for she hath sinned against the Lord. |
| 15 | မြို့ပတ်လည်၌ ကြွေးကြော်ကြလော့။ သူသည် ဝန်ချပြီ။ မြို့ရိုးနှင့် ပြအိုးတို့သည် ပြိုလဲကြပြီ။ ထာဝရ ဘုရား၏အမျက်တော်ပြေခြင်း အမှုဖြစ်၍၊ သူ့ကိုအပြစ် နှင့်အလျောက်စီရင်ကြလော့။ သူသည်ပြုဘူးသည် အတိုင်းသူ၌ ပြုကြလော့။ | Shout against her round about: she hath given her hand: her foundations are fallen, her walls are thrown down: for it is the vengeance of the Lord: take vengeance upon her; as she hath done, do unto her. |
| 16 | ဗာဗုလုန်မြို့၌ မျိုးစေ့ကြဲသော သူနှင့်စပါး ရိတ်သော သူတို့ကိုပယ်ဖြတ်ကြလော့။ ညှဉ်းဆဲတတ်သော ထားကိုကြောက်သောကြောင့်၊ အသီးအသီးတို့သည် မိမိတို့လူမျိုးနေရာသို့ ပြန်သွား၍၊ မိမိတို့ပြည်သို့ပြေး ကြလိမ့်မည်။ | Cut off the sower from Babylon, and him that handleth the sickle in the time of harvest: for fear of the oppressing sword they shall turn every one to his people, and they shall flee every one to his own land. |
| 17 | ဣသရေလသည်အရပ်ရပ်သို့ လွင့်ပြေးရသော သိုးဖြစ်၏။ ခြင်္သေ့တို့သည် နှောင့်ရှက်ကြပြီ။ အာရှုရိ ရှင်ဘုရင်သည် ရှေးဦးစွာ ကိုက်စားပြီ။ နောက်မှ ဗာဗု လုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် သူ၏အရိုးတို့ကို ချိုးဖဲ့ပြီ။ | Israel is a scattered sheep; the lions have driven him away: first the king of Assyria hath devoured him; and last this Nebuchadrezzar king of Babylon hath broken his bones. |
| 18 | ထိုကြောင့်၊ ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ် ခြေအရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ ငါသည်အာရှုရိရှင်ဘုရင်ကို ဒဏ်ပေးသည် နည်းတူ၊ ဗာဗုလုန်ရှင်ဘုရင်နှင့် သူ၏နိုင်ငံကို ဒဏ်ပေး မည်။ | Therefore thus saith the Lord of hosts, the God of Israel; Behold, I will punish the king of Babylon and his land, as I have punished the king of Assyria. |
| 19 | ဣသရေလကိုသူ၏နေရင်းအရပ်သို့ ငါဆောင် ခဲ့ဦးမည်။ သူသည် ကရမေလတောင်နှင့်ဗာရှန်တောင် ပေါ်မှာ ကျက်စား၍၊ ဧဖရိမ် တောင်နှင့်ဂိလဒ်တောင် ပေါ်မှာ ဝလိမ့်မည်။ | And I will bring Israel again to his habitation, and he shall feed on Carmel and Bashan, and his soul shall be satisfied upon mount Ephraim and Gilead. |
| 20 | ထိုကာလအခါ ဣသရေလအပြစ်ကို စစ်ကြော သော်လည်း အပြစ်မပေါ်ရာ။ ယုဒဒုစရိုက်တို့ကိုရှာ၍ မတွေ့ရာ။ ငါချန်ထားသော သူတို့၏ အပြစ်ကို ငါဖြေရှင်း မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ | In those days, and in that time, saith the Lord, the iniquity of Israel shall be sought for, and there shall be none; and the sins of Judah, and they shall not be found: for I will pardon them whom I reserve. |
| 21 | ပုန်ကန်တတ်သောပြည်၊ ဆုံးမအပ်သော ပြည်သားတို့ရှိရာသို့ စစ်ချီကြလော့။ သုတ်သင်ပယ်ရှင်း၍ သူတို့အမျိုးအနွယ်ကိုအကုန်အစင် ဖျက်ဆီးကြလော့။ ငါမှာထားသမျှအတိုင်း ပြုကြလော့ဟု ထာဝရဘုရား မိန့်တော်မူ၏။ | Go up against the land of Merathaim, even against it, and against the inhabitants of Pekod: waste and utterly destroy after them, saith the Lord, and do according to all that I have commanded thee. |
| 22 | ထိုပြည်၌စစ်တိုက်ခြင်းအသံ၊ ကြီးစွာသော ဖျက်ဆီးခြင်းအသံကို ကြားရ၏။ | A sound of battle is in the land, and of great destruction. |
| 23 | မြေတပြင်လုံးကို ရိုက်နှက်သောသံတူသည် ကျိုးပြတ်လေပြီတကား၊ ဗာဗုလုန်မြို့သည် လူမျိုးတို့တွင် အံ့ဩရာဖြစ်လေပြီတကား။ | How is the hammer of the whole earth cut asunder and broken! how is Babylon become a desolation among the nations! |
| 24 | အို ဗာဗုလုန်မြို့၊ သင်အဘို့ကျော့ကွင်းကို ငါထောင်ထားသဖြင့်၊ သင်သည် သတိလစ်၍ကျော့မိပြီ။ ထာဝရဘုရား၏ အာဏာတော်ကို ဆန်သောကြောင့်၊ ရန်သူတွေ့၍ တိုက်ယူပြီ။ | I have laid a snare for thee, and thou art also taken, O Babylon, and thou wast not aware: thou art found, and also caught, because thou hast striven against the Lord. |
| 25 | ထာဝရဘုရားသည် လက်နက်စုံ တိုက်တော်ကို ဖွင့်၍၊ အမျက်တော်လက်နက်တို့ကို ထုတ်တော်မူပြီ။ ဤအမှုကား၊ ကောင်းကင်ဗိုလ်ခြေ သခင်အရှင် ထာဝရ ဘုရားသည် ခါလဒဲပြည်၌ ပြုတော်မူသော အမှုပေတည်း။ | The Lord hath opened his armoury, and hath brought forth the weapons of his indignation: for this is the work of the Lord God of hosts in the land of the Chaldeans. |
| 26 | မြို့တဘက်မှတဘက်တိုင်အောင် တိုက်ကြ လော့။ စပါးကျီတို့ကို ဖွင့်၍၊ စပါးပုံများကဲ့သို့ ပုံထားလျက်၊ အလျှင်းမကြွင်းစေခြင်းငှါ ရှင်းရှင်းဖျက်ဆီးကြလော့။ | Come against her from the utmost border, open her storehouses: cast her up as heaps, and destroy her utterly: let nothing of her be left. |
| 27 | သူ၏နွားဥသဘရှိသမျှတို့ကို သတ်ကြလော့။ သတ်ရာအရပ်သို့ ဆင်းသွားစေကြလော့။ သူတို့သည် အမင်္ဂလာရှိကြ၏။ အကယ်စင်စစ် သူတို့အချိန်၊ ဆုံးမခြင်းကို ခံရသော အချိန်ရောက်လေပြီ။ | Slay all her bullocks; let them go down to the slaughter: woe unto them! for their day is come, the time of their visitation. |
| 28 | ငါတို့ဘုရားသခင်ထာဝရဘုရား၏ အမျက်တော် ပြေခြင်း၊ ဗိမာန်တော်ကို ဖျက်ဆီးသောအပြစ်နှင့် အလျောက် ဒဏ်ပေးခြင်းသိတင်းကို ဇိအုန်မြို့၌ကြားပြေ အံ့သောငှါ၊ ဗာဗုလုန်ပြည်မှ ပြေးလွတ်သောသူတို့၏ အသံ ကို ကြားရ၏။ | The voice of them that flee and escape out of the land of Babylon, to declare in Zion the vengeance of the Lord our God, the vengeance of his temple. |
| 29 | လေးသမားတို့ကို ဗာဗုလုန်မြို့သို့ခေါ်ကြလော့။ ပစ်တတ်သော သူအပေါင်းတို့၊ မြို့ပတ်ဝန်းကျင်၌ တပ်ချ ကြလော့။ မြို့သူမြို့သားတယောက်ကိုမျှ မလွတ်စေနှင့်။ ထိုမြို့ကျင့်သော အကျင့်နှင့်အလျောက် အပြစ်ပေးကြ လော့။ သူပြုဘူးသမျှအတိုင်း သူ၌ပြုကြလော့။ သူသည်ဣ သရေလအမျိုး၏သန့်ရှင်းတော်မူသော ဘုရား၊ ထာဝရ ဘုရားတဘက်၌ ဝါကြွားပြီတကား။ | Call together the archers against Babylon: all ye that bend the bow, camp against it round about; let none thereof escape: recompense her according to her work; according to all that she hath done, do unto her: for she hath been proud against the Lord, against the Holy One of Israel. |
| 30 | ထိုကြောင့်၊ မြို့သားလုလင်တို့သည် လမ်းမတို့၌ လဲနေ၍၊ ထိုနေ့တွင် စစ်သူရဲအပေါင်းတို့သည် ဆုံးရှုံးကြ လိမ့်မည်ဟု၊ ထာဝရဘုရား မိန့်တော်မူ၏။ | Therefore shall her young men fall in the streets, and all her men of war shall be cut off in that day, saith the Lord. |
| 31 | ကောင်းကင်ဗိုလ်ခြေသခင်အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အိုမာနကြီးသောသူ၊ သင့်တဘက်၌ ငါနေ၏။ အကယ်စင်စစ်သင်၏အချိန်၊ ဆုံးမခြင်းကိုခံရ သော အချိန်ရောက်လေပြီ။ | Behold, I am against thee, O thou most proud, saith the Lord God of hosts: for thy day is come, the time that I will visit thee. |
| 32 | မာနကြီးသောသူသည် ထိမိ၍ လဲပြီးမှ အဘယ် သူမျှမကြွရ။ ငါသည်လည်း သူ့နေရာ မြို့တို့ကို မီးရှို့၍၊ သူ့ပတ်လည်၌နေသောသူအပေါင်းတို့ကို လောင်လိမ့်မည် ဟု မိန့်တော်မူ၏။ | And the most proud shall stumble and fall, and none shall raise him up: and I will kindle a fire in his cities, and it shall devour all round about him. |
| 33 | ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့နှင့် တကွယုဒအမျိုးသားတို့သည် ညှဉ်းဆဲခြင်းကို ခံရကြပြီ။ သူတို့ကိုသိမ်းသွားသော သူရှိသမျှတို့သည် ချုပ်ထားပြီး လျှင်၊ ငါတို့သည် မလွှတ်ဟု ငြင်းပယ်လျက်နေကြပြီ။ | Thus saith the Lord of hosts; The children of Israel and the children of Judah were oppressed together: and all that took them captives held them fast; they refused to let them go. |
| 34 | သို့ရာတွင်၊ သူတို့ကိုရွေးနှုတ်သော သခင်သည် အားကြီး၏။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား တည်းဟူသော ဘွဲ့နာမရှိတော်မူ၏။ ထိုသခင်သည်သူတို့ အမှုကို ကျပ်တည်းစွာစောင့်၍၊ ပြည်တော်ကို ငြိမ်ဝပ် စေလျက်၊ ဗာဗုလုန်မြို့သူမြို့သားတို့ကို နှောင့်ရှက်လျက် ပြုတော်မူမည်။ | Their Redeemer is strong; the Lord of hosts is his name: he shall throughly plead their cause, that he may give rest to the land, and disquiet the inhabitants of Babylon. |
| 35 | ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထားဘေး သည် ခါလဒဲပြည်သူ၊ ဗာဗုလုန်မြို့သားတို့နှင့်တကွ မင်းများ၊ ပညာရှိများအပေါ်သို့ သင့်ရောက်လိမ့်မည်။ | A sword is upon the Chaldeans, saith the Lord, and upon the inhabitants of Babylon, and upon her princes, and upon her wise men. |
| 36 | ထားဘေးသည် မိစ္ဆာဆရာတို့အပေါ်သို့ ရောက် ၍၊ သူတို့သည် အရူးဖြစ်ကြလိမ့်မည်။ ထားဘေးသည် ထိုမြို့သားစစ်သူရဲတို့အပေါ်သို့ ရောက်၍၊ သူတို့သည် စိတ်ပျက်ကြလိမ့်မည်။ | A sword is upon the liars; and they shall dote: a sword is upon her mighty men; and they shall be dismayed. |
| 37 | ထားဘေးသည်မြင်းများ၊ ရထားများ၊ မြို့ထဲမှာ နေသောလူအမျိုးမျိုးရှိသမျှတို့အပေါ်သို့ ရောက်၍၊ သူတို့သည် မိန်းမကဲ့သို့ ဖြစ်ကြလိမ့်မည်။ ထားဘေးသည် မြို့ဘဏ္ဍာအပေါ်သို့ရောက်၍၊ ရန်သူတို့သည်လုယူ ကြလိမ့်မည်။ | A sword is upon their horses, and upon their chariots, and upon all the mingled people that are in the midst of her; and they shall become as women: a sword is upon her treasures; and they shall be robbed. |
| 38 | ခန်းခြောက်ခြင်းဘေးသည် မြို့၏ ရေတို့ အပေါ်သို့ရောက်၍ ခန်းခြောက်ကြလိမ့်မည်။ အကြောင်း မူကား၊ ထိုပြည်သည်ရုပ်တုတို့နှင့် အပြည့်ရှိ၏။ ပြည်သား တို့သည် ဆင်းတုတို့ကို အမှီပြု၍ ဝါကြွားကြ၏။ | A drought is upon her waters; and they shall be dried up: for it is the land of graven images, and they are mad upon their idols. |
| 39 | ထိုကြောင့်၊ တောသားရဲတို့သည် တောခွေးတို့ နှင့်တကွ ထိုမြို့၌ နေကြလိမ့်မည်။ ကုလားအုပ်ငှက်တို့ သည်လည်း နေရာကျကြလိမ့်မည်။ နောက်တဖန် အဘယ် သူမျှမနေရ။ ကာလအစဉ်အဆက် လူနေရာမဖြစ်ရ။ | Therefore the wild beasts of the desert with the wild beasts of the islands shall dwell there, and the owls shall dwell therein: and it shall be no more inhabited for ever; neither shall it be dwelt in from generation to generation. |
| 40 | သောဒုံမြို့နှင့်ဂေါမောရမြို့မှစ၍ နီးဆပ်သော မြို့များကို ဘုရားသခင်ဖျက်ဆီးတော်မူသဖြင့် လူဆိတ်ညံ သကဲ့သို့၊ ဗာဗုလုန်မြို့၌ အဘယ်သူမျှမနေရ၊ လူသားတစုံ တယောက်မျှနေရာမကျရဟု၊ ထာဝရဘုရားမိန့်တော် မူ၏။ | As God overthrew Sodom and Gomorrah and the neighbour cities thereof, saith the Lord; so shall no man abide there, neither shall any son of man dwell therein. |
| 41 | ကြည့်ရှုလော့။ လူမျိုးတမျိုးသည် မြောက်မျက်နှာမှ လာ၏။ ကြီးစွာသော လူမျိုးနှင့်များစွာသော ရှင်ဘုရင်တို့ သည် မြေကြီးစွန်းတို့မှ ပေါ်လာကြ၏။ | Behold, a people shall come from the north, and a great nation, and many kings shall be raised up from the coasts of the earth. |
| 42 | လေးနှင့်လှံတို့ကို လက်စွဲကြ၏။ ကြမ်းကြုတ် သော အမျိုးဖြစ်၍ သနားခြင်းကရုဏာမရှိ။ သူတို့စကား သံသည် သမုဒ္ဒရာမြည်သံကဲ့သို့ ဟုန်းတတ်၏။ အိုဗာဗု လုန်သတို့သမီး၊ စစ်သူရဲကဲ့သို့ တပ်ခင်းကျင်းလျက်မြင်း စီး၍၊သင်ရှိရာသို့ ချီလာကြလိမ့်မည်။ | They shall hold the bow and the lance: they are cruel, and will not shew mercy: their voice shall roar like the sea, and they shall ride upon horses, every one put in array, like a man to the battle, against thee, O daughter of Babylon. |
| 43 | သူတို့၏သိတင်းကို ဗာဗုလုန်ရှင်ဘုရင်သည် ကြား၍လက်အားလျော့၏။ ဒုက္ခဆင်းရဲကို၎င်း၊ သားဘွား သောမိန်းမခံရသကဲ့သို့ ပြင်းစွာသော ဝေဒနာကို၎င်း ခံရ၏။ | The king of Babylon hath heard the report of them, and his hands waxed feeble: anguish took hold of him, and pangs as of a woman in travail. |
| 44 | ခြင်္သေ့သည် ယော်ဒန်မြစ်၏ ဂုဏ်အသရေမှ တတ်သကဲ့သို့၊ ရန်သူသည် ကျောက်နှင့်ပြည့်စုံသော နေရာသို့တက်သောအခါ၊ နေသော သူသည် ချက်ခြင်း ပြေးမည်အကြောင်းကို ငါပြုမည်။ ရွေးချယ်သော သူကို လည်းဗာဗုလုန်မြို့အပေါ်မှာ ငါခန့်ထားမည်။ငါနှင့် အဘယ်သူတူသနည်း။ ငါ့အချိန်ကို အဘယ်သူချိန်းချက် မည်နည်း။ အဘယ်မည်သော သိုးထိန်းသည် ငါ့ရှေ့မှာ ရပ်နိုင်သနည်း။ | Behold, he shall come up like a lion from the swelling of Jordan unto the habitation of the strong: but I will make them suddenly run away from her: and who is a chosen man, that I may appoint over her? for who is like me? and who will appoint me the time? and who is that shepherd that will stand before me? |
| 45 | သို့ဖြစ်၍၊ ထာဝရဘုရားသည် ဗာဗုလုန်မြို့ တဘက်၌ ကြံစည်တော်မူသောအကြံ၊ ခါလဒဲပြည်တဘက် ၌ ကြံစည်တော်မူသောအကြံ အစည်တို့ကို နားထောင်ကြ လော့။ အကယ်စင်စစ်ရန်သူသည် အားမရှိသော ထိုသိုး တို့ကို လုယက်လိမ့်မည်။ အကယ်စင်စစ်သူတို့ရှိရာသို့ လာ၍၊ ကျက်စားရာအရပ်ကို ဖျက်ဆီးလိမ့်မည်။ | Therefore hear ye the counsel of the Lord, that he hath taken against Babylon; and his purposes, that he hath purposed against the land of the Chaldeans: Surely the least of the flock shall draw them out: surely he shall make their habitation desolate with them. |
| 46 | ဗာဗုလုန်မြို့ကိုတိုက်ယူသော အသံကြောင့် မြေကြီးလှုပ်ရှား၏။ အော်ဟစ်သောအသံကို လူအမျိုးမျိုး တို့သည် ကြားရကြ၏။ | At the noise of the taking of Babylon the earth is moved, and the cry is heard among the nations. |
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL