예레미야 15장 Judson (1835)
Judson (1835) · 미얀마어 · 예레미야 (Jeremiah) · 21절 · 대역: King James Version
| 절 | Judson (1835) | King James Version |
|---|---|---|
| 1 | တဖန်ထာဝရဘုရားသည် ငါ့အားမိန့်တော်မူ သည်ကား၊ မောရှေနှင့်ရှမွေလသည် ငါ့ရှေ့မှာ ဆုတောင်း သော်လည်း၊ ဤလူမျိုးကို ငါမသနား။ ငါ့ထံမှ ထွက်သွား စေခြင်းငှါ နှင်ထုတ်လော့။ | Then said the Lord unto me, Though Moses and Samuel stood before me, yet my mind could not be toward this people: cast them out of my sight, and let them go forth. |
| 2 | အကျွန်ုပ်တို့သည် အဘယ်အရပ်သို့ ထွက်သွားရ ပါမည်နည်းဟု မေးမြန်းလျှင်၊ သင်ကလည်း၊ သေတန် သော သူတို့သည် သေခြင်းသို့၎င်း၊ ကွပ်မျက်တန်သော သူတို့သည် ကွပ်မျက်ခြင်းသို့၎င်း၊ ငတ်မွတ်တန်သော သူတို့သည် ငတ်မွတ်ခြင်းသို့၎င်း၊ သိမ်းသွားချုပ်ထားတန် သော သူတို့သည် သိမ်းသွားချုပ်ထားခြင်းသို့၎င်း ထွက် သွားကြဟု ထာဝရဘုရား မိန့်တော်မူကြောင်းကို သူတို့ အား ဆင့်ဆိုလော့။ | And it shall come to pass, if they say unto thee, Whither shall we go forth? then thou shalt tell them, Thus saith the Lord; Such as are for death, to death; and such as are for the sword, to the sword; and such as are for the famine, to the famine; and such as are for the captivity, to the captivity. |
| 3 | သူတို့ကို သတ်ရသောထား၊ ဆွဲဖြတ်ရသောခွေး၊ ကိုက်စားရသော မိုဃ်းကောင်းကင်ငှက်နှင့် သားရဲတည်း ဟူသော ရန်သူလေးမျိုးကို သူတို့တဘက်၌ ငါခန့်ထား မည်။ | And I will appoint over them four kinds, saith the Lord: the sword to slay, and the dogs to tear, and the fowls of the heaven, and the beasts of the earth, to devour and destroy. |
| 4 | ယုဒရှင်ဘုရင်ဟေဇက်သား မနာရှေမင်းသည် ယေရုရှလင်မြို့၌ ပြုသောအမှုကြောင့်၊ ထိုသူတို့ကို မြေကြီး ပေါ်မှာ အတိုင်းတိုင်းအပြည်ပြည်တို့၌ အနှောင့်အရှက် ကို ခံစေမည်။ | And I will cause them to be removed into all kingdoms of the earth, because of Manasseh the son of Hezekiah king of Judah, for that which he did in Jerusalem. |
| 5 | အို ယေရုရှလင်မြို့၊ သင့်ကို အဘယ်သူသနား လိမ့်မည်နည်း။ သင်နှင့်အတူ အဘယ်သူ ညည်းတွားလိမ့် မည်နည်း။ သင့်ကိုကျန်းမာ၏လောဟု မေးအံ့သောငှါ၊ အဘယ်သူ လမ်းလွှဲလိမ့်မည်နည်း။ | For who shall have pity upon thee, O Jerusalem? or who shall bemoan thee? or who shall go aside to ask how thou doest? |
| 6 | ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ငါ့ကို စွန့်ပစ်၍ ဆုတ်သွားပြီ။ ထိုကြောင့်၊ ငါသည် လက်ကို ဆန့်၍ သင့်ကို ဖျက်ဆီးမည်။ ငါသည် နောင်တရ၍ ငြီးငွေ့ပြီ။ | Thou hast forsaken me, saith the Lord, thou art gone backward: therefore will I stretch out my hand against thee, and destroy thee; I am weary with repenting. |
| 7 | ပြည်တံခါးဝ၌ သူတို့ကို စံကောနှင့်ငါလှေ့မည်။ သူတို့သားသမီးများကို ငါရှုံးစေမည်။ ငါ၏ လူမျိုးသည် မိမိလိုက်သွားသော လမ်းမှမပြန်လာသောကြောင့်၊ သူတို့ ကို ငါဖျက်ဆီးမည်။ | And I will fan them with a fan in the gates of the land; I will bereave them of children, I will destroy my people, since they return not from their ways. |
| 8 | သူတို့မုတ်ဆိုးမတို့သည် သမုဒ္ဒရာသဲလုံးနှင့် အမျှမက၊ ငါ့ရှေ့မှာ များပြားကြလိမ့်မည်။ မွန်းတည့် အချိန်၌ အမိကို တိုက်ဖျက်သော လုလင်ကို ငါခေါ်ခဲ့၍၊ ကြောက်မက်ဘွယ်သော လုပ်ကြံခြင်းကို ချက်ခြင်း ဖြစ်စေမည်။ | Their widows are increased to me above the sand of the seas: I have brought upon them against the mother of the young men a spoiler at noonday: I have caused him to fall upon it suddenly, and terrors upon the city. |
| 9 | သားခုနစ်ယောက်ကို ဘွားမြင်သော မိန်းမ သည် အားလျော့၍ အသက်ချုပ်လေ၏။ ညအချိန် မရောက်မှီ သူ၏နေဝင်လေ၏။ သူသည် ရှက်ကြောက် မှိုင်တွေလျက်နေရ၏။ ကျန်ကြွင်းသော သူတို့ကိုလည်း၊ ရန်သူတို့ရှေ့မှာ၊ ထား၌ ငါအပ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ | She that hath borne seven languisheth: she hath given up the ghost; her sun is gone down while it was yet day: she hath been ashamed and confounded: and the residue of them will I deliver to the sword before their enemies, saith the Lord. |
| 10 | အို မိခင်၊ ငါ၌ အမင်္ဂလာရှိ၏။ မိခင်သည် တပြည်လုံးရန်တွေ့ သောသူ၊ ငြင်းဆန်သောသူဖြစ်သော ငါ့ကို ဘွားမြင်ပါပြီ။ ငါသည် သူတပါး ကိုအတိုးနှင့်မချေး။ သူတပါးသည်လည်း ငါ့ကိုအတိုးနှင့်မချေး။ သို့သော် လည်း၊ လူခပ်သိမ်းတို့သည် ငါ့ကိုကျိန်ဆဲ တတ်ကြ၏။ | Woe is me, my mother, that thou hast borne me a man of strife and a man of contention to the whole earth! I have neither lent on usury, nor men have lent to me on usury; yet every one of them doth curse me. |
| 11 | ထာဝရဘုရား မိန့်တော်မူသည်ကား၊ အကယ် စင်စစ်သင့်ကို ငါချမ်းသာပေးမည်။ အမှုရောက်သော ကာလ၊ ညှဉ်းဆဲခြင်းကို ခံရသော ကာလ၌၊ ရန်သူသည် သင့်ထံမှာ တောင်ပန်းမည်အကြောင်း၊ အကယ်စင်စစ် ငါစီရင်မည်။ | The Lord said, Verily it shall be well with thy remnant; verily I will cause the enemy to entreat thee well in the time of evil and in the time of affliction. |
| 12 | သံချင်းတိုက်သောအခါ မြောက်ပြည်သံကို၎င်း၊ သံမဏိကို၎င်း ချိုးနိုင်သလော။ | Shall iron break the northern iron and the steel? |
| 13 | သင်၏ပြည်တရှောက်လုံး၌ သင်ပြုသော အပြစ် များကြောင့်၊ သင်၏ဥစ္စာဘဏ္ဍာကို အဘိုးမခံဘဲ လုယူ သော သူတို့လက်သို့ ငါပေးမည်။ | Thy substance and thy treasures will I give to the spoil without price, and that for all thy sins, even in all thy borders. |
| 14 | သင်မသိသောပြည်သို့ ရန်သူနှင့်အတူ သင့်ကို ငါသွားစေမည်။ သင်တို့ကို လောင်သောမီးသည် ငါ့ အမျက်အားဖြင့် ရှို့လျက်ရှိ၏။ | And I will make thee to pass with thine enemies into a land which thou knowest not: for a fire is kindled in mine anger, which shall burn upon you. |
| 15 | အို ထာဝရဘုရား၊ ကိုယ်တော်သည် သိတော် မူ၏။ အကျွန်ုပ်ကို အောက်မေ့လျက် အကြည့်အရှု ကြွလာ၍၊ အကျွန်ုပ်ကို ညှဉ်းဆဲသောသူတို့ကို တရားသဖြင့် ပေးတော်မူပါ။ သူတို့ကိုသည်းခံ၍၊ အကျွန်ုပ်ကို သုတ်သင်ပယ်ရှင်းတော်မမူပါနှင့်။ အကျွန်ုပ်သည် ကိုယ်တော်အတွက် ကဲ့ရဲ့ခြင်း ခံရကြောင်း ကို အောက်မေ့တော်မူပါ။ | O Lord, thou knowest: remember me, and visit me, and revenge me of my persecutors; take me not away in thy longsuffering: know that for thy sake I have suffered rebuke. |
| 16 | ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်တွေ့သော နှုတ်ကပတ်တော် စကားကို ခံယူပါပြီ။ နှုတ်ကပတ်တော်သည် အကျွန်ုပ် ဝမ်းမြောက်ရွှင်လန်းစရာအကြောင်း ဖြစ်ပါ၏။ နာမ တော်ဖြင့် အကျွန်ုပ်ကိုခေါ်ဝေါ်ပါ၏။ | Thy words were found, and I did eat them; and thy word was unto me the joy and rejoicing of mine heart: for I am called by thy name, O Lord God of hosts. |
| 17 | ပွဲခံသောသူအစည်းအဝေး၌ အကျွန်ုပ်မထိုင်ပါ။ ပျော်ရွှင်ခြင်းအမှုကို မပြုပါ။ လက်တင်တော်မူသော ကြောင့်၊ တယောက်တည်း ထိုင်ပါပြီ။ အကျွန်ုပ်ကို ဒေါသ အမျက်နှင့် ပြည့်စေတော်မူပြီ။ | I sat not in the assembly of the mockers, nor rejoiced; I sat alone because of thy hand: for thou hast filled me with indignation. |
| 18 | အကျွန်ုပ်ခံရသော ဝေဒနာသည် အဘယ် ကြောင့် မြဲပါသနည်း။ မပျောက်လို၊ မပျောက်နိုင်သော အနာကို အဘယ်ကြောင့် ခံရပါသနည်း။ အကယ်စင်စစ် ကိုယ်တော်သည် ပျောက်တတ်၍၊ လှည့်စားသောရေကဲ့သို့ အကျွန်ုပ်၌ ဖြစ်တော်မူပါပြီတကား။ | Why is my pain perpetual, and my wound incurable, which refuseth to be healed? wilt thou be altogether unto me as a liar, and as waters that fail? |
| 19 | ထိုကြောင့်၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် ပြန်လာလျှင်၊ သင့်ကိုငါဆောင်ခဲ့၍၊ သင်သည် ငါ၏အမှုကို ထမ်းရလိမ့်မည်။ သင်သည် မြတ်သောအရာ နှင့် ယုတ်သောအရာတို့ကို ပိုင်းခြားခွဲထားလျှင်၊ ငါ့နှုတ် ကဲ့သို့ ဖြစ်ရလိမ့်မည်။ သူတို့သည် သင့်ထံသို့ ပြန်လာကြ လိမ့်မည်။ သင်သည် သူတို့ရှိရာသို့ ပြန်၍ မသွားရ။ | Therefore thus saith the Lord, If thou return, then will I bring thee again, and thou shalt stand before me: and if thou take forth the precious from the vile, thou shalt be as my mouth: let them return unto thee; but return not thou unto them. |
| 20 | ငါသည်လည်း သင့်ကို ဤလူမျိုးတဘက်၌ ခိုင်ခံ့ သော ကြေးဝါမြို့ရိုးဖြစ်စေမည်။ သူတို့သည် သင့်ကို တိုက်၍ မနိုင်ရကြ။ ငါသည် သင့်ကို နှုတ်ယူကယ်တင် ခြင်းငှါ သင့်ဘက်၌နေမည်။ | And I will make thee unto this people a fenced brasen wall: and they shall fight against thee, but they shall not prevail against thee: for I am with thee to save thee and to deliver thee, saith the Lord. |
| 21 | လူဆိုးလက်မှ သင့်ကို ငါနှုတ်၍၊ ကြောက်မက် ဖွယ်သော သူတို့လက်မှ ရွေးယူမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ | And I will deliver thee out of the hand of the wicked, and I will redeem thee out of the hand of the terrible. |
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL