예레미야애가 3장 Judson (1835)
Judson (1835) · 미얀마어 · 예레미야애가 (Lamentations) · 66절 · 대역: King James Version
| 절 | Judson (1835) | King James Version |
|---|---|---|
| 1 | ငါသည် ဘုရားသခင်၏ အမျက်တော်ကြိမ်လုံး အောက်၌ ဆင်းရဲခြင်းကို ခံရသောသူဖြစ်၏။ | I am the man that hath seen affliction by the rod of his wrath. |
| 2 | ငါ့ကိုသွေးဆောင်၍ အလင်းသို့မပို့၊ မှောင်မိုက် ထဲသို့ ပို့ဆောင်တော်မူ၏။ | He hath led me, and brought me into darkness, but not into light. |
| 3 | အကယ်စင်စစ်ငါ့ကို တနေ့လုံးအထပ်ထပ် ဒဏ်ခတ်တော်မူ၏။ | Surely against me is he turned; he turneth his hand against me all the day. |
| 4 | ငါ့အရေနှင့်အသားကို ဆွေးရိစေ၍ ငါ့အရိုး တို့ကိုလည်း ချိုးတော်မူ၏။ | My flesh and my skin hath he made old; he hath broken my bones. |
| 5 | ငါ့တဘက်၌ တပ်တည်၍ခါးသောအရာ၊ ပင်ပန်းစရာအကြောင်းတို့နှင့် ပိုင်းတော်မူ၏။ | He hath builded against me, and compassed me with gall and travail. |
| 6 | သေလွန်သောသူတို့ကို ပြုတတ်သကဲ့သို့၊ ငါ့ကို မိုက်သောအရပ်၌ ထားတော်မူ၏။ | He hath set me in dark places, as they that be dead of old. |
| 7 | ငါမထွက်နိုင်အောင် ဝင်းခတ်၍၊ လေးသော သံကြိုးနှင့် ချည်နှောင်တော်မူ၏။ | He hath hedged me about, that I cannot get out: he hath made my chain heavy. |
| 8 | ထိုမျှမကငါသည် ကြွေးကြော်အော်ဟစ်၍ ဆုတောင်းသော်လည်း ငြင်းပယ်တော်မူ၏။ | Also when I cry and shout, he shutteth out my prayer. |
| 9 | ငါသွားရာလမ်းကို ကျောက်ထရံနှင့်ပိတ်၍၊ ကောက်သောလမ်းဖြင့် သွားစေတော်မူ၏။ | He hath inclosed my ways with hewn stone, he hath made my paths crooked. |
| 10 | ငါ့ကို ချောင်းမြောင်းသောဝက်ဝံကဲ့သို့၎င်း၊ မထင်ရှားသော အရပ်၌နေသော ခြင်္သေ့ကဲ့သို့၎င်း ဖြစ် တော်မူ၏။ | He was unto me as a bear lying in wait, and as a lion in secret places. |
| 11 | ငါ့ကိုလမ်းလွဲစေပြီးလျှင် အပိုင်းပိုင်းဖြတ်၍ ဖျက်ဆီးတော်မူ၏။ | He hath turned aside my ways, and pulled me in pieces: he hath made me desolate. |
| 12 | လေးတော်ကိုတင်၍ ပစ်စရာစက်အရာ၌ ငါ့ကို ထားတော်မူ၏။ | He hath bent his bow, and set me as a mark for the arrow. |
| 13 | မြှားတော်တို့ကိုလည်း၊ ငါ့ကျောက်ကပ်ကို ခွင်း စေတော်မူ၏။ | He hath caused the arrows of his quiver to enter into my reins. |
| 14 | ငါသည်ငါ၏လူတို့တွင် ကဲ့ရဲ့စရာအကြောင်းနှင့် တနေ့လုံး သီချင်းဆိုစရာအကြောင်း ဖြစ်ပါသည်တကား။ | I was a derision to all my people; and their song all the day. |
| 15 | ခါးသောဆေးနှင့်ငါ့ကိုဖြည့်၍၊ ဒေါနနှင့်ယစ်မူး စေတော်မူ၏။ | He hath filled me with bitterness, he hath made me drunken with wormwood. |
| 16 | ကျောက်စရစ်ကိုကျွေး၍ ငါ့သွားတို့ကို ချိုးတော် မူ၏။ မီးဖိုပြာနှင့် ဖုံးတော်မူ၏။ | He hath also broken my teeth with gravel stones, he hath covered me with ashes. |
| 17 | ငါ၏ဝိညာဉ်ကို ချမ်းသာနှင့်ဝေးစွာ ရွေ့တော်မူ သောကြောင့်၊ ငါသည် မင်္ဂလာအကြောင်းကို မေ့လျော့ ၏။ | And thou hast removed my soul far off from peace: I forgat prosperity. |
| 18 | သို့ဖြစ်၍၊ ငါသည် ထာဝရဘုရားရှေ့တော်၌ အစွမ်းသတ္တိနှင့် မြော်လင်စရာအကြောင်း ပျက်လေပြီဟု ဆိုရ၏။ | And I said, My strength and my hope is perished from the Lord: |
| 19 | အကျွန်ုပ်ခံရသော ဆင်းရဲငြိုငြင်ခြင်းကို၎င်း၊ ဒေါနနှင့် သည်းခြေအရည်ကို၎င်း အောက်မေ့တော်မူပါ။ | Remembering mine affliction and my misery, the wormwood and the gall. |
| 20 | ဧကန်အမှန်အောက်မေ့တော်မူလိမ့်မည်။ | My soul hath them still in remembrance, and is humbled in me. |
| 21 | ထိုသို့အကျွန်ုပ်၏ စိတ်နှလုံးသည် ဆင်ခြင်၍ သတိရသောအခါ မြော်လင့်စရာအခွင့်ရှိပါ၏။ | This I recall to my mind, therefore have I hope. |
| 22 | ထာဝရဘုရားသည် သနားတော်မူ၍ ကရုဏာ တော်သည် မကုန်သောကြောင့် ငါတို့သည် ဆုံးရှုံးခြင်းသို့ မရောက်ဘဲနေကြ၏။ | It is of the Lord’s mercies that we are not consumed, because his compassions fail not. |
| 23 | နံနက်တိုင်းကရုဏာတော်အသစ်ကို ခံရကြ၏။ သစ္စာတော်သည် ကြီးမြတ်ပါ၏။ | They are new every morning: great is thy faithfulness. |
| 24 | ငါ့ဝိညာဉ်၏ သဘောဟူမူကား၊ ထာဝရဘုရား သည် ငါ၏အဘို့ ဖြစ်တော်မူ၏။ ထိုကြောင့်၊ ကိုယ်တော် ကို ငါမြော်လင့်ပါ၏။ | The Lord is my portion, saith my soul; therefore will I hope in him. |
| 25 | ကိုယ်တော်ကို မြော်လင့်သောသူနှင့် ကိုယ်တော် ကို ရှာသောသူ၏ စိတ်ဝိညာဉ်အား ထာဝရဘုရားသည် ကျေးဇူးပြုတော်မူ၏။ | The Lord is good unto them that wait for him, to the soul that seeketh him. |
| 26 | ကယ်တင်တော်မူမည်ဟု မြော်လင့်လျက်၊ ငြိမ်ဝပ်စွာ စောင့်၍ နေကောင်း၏။ | It is good that a man should both hope and quietly wait for the salvation of the Lord. |
| 27 | လူသည်အသက်ပျိုစဉ်အခါ ထမ်းဘိုးကို ထမ်း ကောင်း၏။ | It is good for a man that he bear the yoke in his youth. |
| 28 | ထမ်းဘိုးကို တင်တော်မူသောကြောင့် တယောက်တည်းထိုင်၍ ငြိမ်ဝပ်စွာနေစေ။ | He sitteth alone and keepeth silence, because he hath borne it upon him. |
| 29 | မြော်လင့်စရာအခွင့်ရှိကောင်းရှိလိမ့်မည်ဟု ထင်လျက်၊ မိမိနှုတ်ကို မြေမှုန့်၌ကပ်စေ။ | He putteth his mouth in the dust; if so be there may be hope. |
| 30 | ရိုက်သောသူအား မိမိပါးကိုပေး၍၊ ကဲ့ရဲ့ပြစ်တင် ခြင်းနှင့်ပြည့်ဝစေ။ | He giveth his cheek to him that smiteth him: he is filled full with reproach. |
| 31 | အကြောင်းမူကား၊ ထာဝရဘုရားသည် အစဉ် စွန့်ပစ်တော်မမူတတ်။ | For the Lord will not cast off for ever: |
| 32 | ဝမ်းနည်းစေတော်မူသော်လည်း၊ ကရုဏာတော် များပြားသည်နှင့်အညီ သနားတော်မူလိမ့်မည်။ | But though he cause grief, yet will he have compassion according to the multitude of his mercies. |
| 33 | ဆင်းရဲစေချင်သော စိတ်နှင့်လူသားတို့ကို ညှဉ်းဆဲ၍ ဝမ်းနည်းစေတော်မူသည်မဟုတ်။ | For he doth not afflict willingly nor grieve the children of men. |
| 34 | ချုပ်ထားသော ပြည်သားအပေါင်းတို့ကို ခြေနှင့် နင်းကြိတ်ခြင်းအမှု၊ | To crush under his feet all the prisoners of the earth, |
| 35 | လူခံထိုက်သောတရားကို အမြင့်ဆုံးသော ဘုရား မျက်မှောက်၌ ဖျက်ခြင်းအမှု၊ | To turn aside the right of a man before the face of the most High, |
| 36 | သူတပါးကိုမတရားသဖြင့် ရှုံးစေခြင်းအမှုတို့ကို ထာဝရဘုရားနှစ် သက်တော်မမူ။ | To subvert a man in his cause, the Lord approveth not. |
| 37 | ထာဝရဘုရားမှာထားတော်မမူဘဲ၊ အဘယ်သူ သည် ပြော၍တစုံတခုကို ဖြစ်စေနိုင်သနည်း။ | Who is he that saith, and it cometh to pass, when the Lord commandeth it not? |
| 38 | အမြင့်ဆုံးသော ဘုရား၏နှုတ်ထွက်ရှိသည် အတိုင်း အမင်္ဂလာနှင့် အမင်္ဂလာဖြစ်တတ်သည် မဟုတ် လော။ | Out of the mouth of the most High proceedeth not evil and good? |
| 39 | အသက်ရှင်သောလူသတ္တဝါသည် အဘယ် ကြောင့် မြည်တမ်းရမည်နည်း။ မိမိဒုစရိုက်အပြစ်ကြောင့် မြည်တမ်းရမည်လော။ | Wherefore doth a living man complain, a man for the punishment of his sins? |
| 40 | ငါတို့သည်ကိုယ်လိုက်သောလမ်းတို့ကို စစ်ကြော စုံစမ်း၍၊ ထာဝရဘုရားထံတော်သို့ ပြန်သွားကြကုန်အံ့။ | Let us search and try our ways, and turn again to the Lord. |
| 41 | ကောင်းကင်ဘုံ၌ရှိတော်မူသော ဘုရားသခင့် ထံတော်သို့ နှလုံးနှင့်လက်တို့ကို ချီကြွကြကုန်အံ့။ | Let us lift up our heart with our hands unto God in the heavens. |
| 42 | အကျွန်ုပ်တို့သည် ပြစ်မှား ပုန်ကန်မိပါပြီ။ ကိုယ်တော်သည် အပြစ်လွှတ်တော်မမူပါ။ | We have transgressed and have rebelled: thou hast not pardoned. |
| 43 | အမျက်တော်ထွက်၍ မျက်နှာလွှဲတော်မူ၏။ တဖန်အကျွန်ုပ်တို့ကိုလိုက်၍ ကရုဏာမရှိဘဲ ကွပ်မျက် တော်မူ၏။ | Thou hast covered with anger, and persecuted us: thou hast slain, thou hast not pitied. |
| 44 | အကျွန်ုပ်တို့ ပဌနာစကားသည် အထံတော်သို့ မပေါက်နိုင်အောင်၊ မိုဃ်းတိမ်ဖြင့်ကိုယ်ကို ကွယ်ကာ တော်မူ၏။ | Thou hast covered thyself with a cloud, that our prayer should not pass through. |
| 45 | အကျွန်ုပ်တို့ကိုလူမျိုးတို့တွင် လှည်းပစ်သော တန်မြက်ချေး အမှိုက်ကဲ့သို့၎င်း၊ ရွံစရာအရာကဲ့သို့၎င်း ဖြစ်စေတော်မူ၏။ | Thou hast made us as the offscouring and refuse in the midst of the people. |
| 46 | ရန်သူအပေါင်းတို့သည် အကျွန်ုပ်တို့တဘက်၌ နှုတ်ကိုဖွင့်ကြပါ၏။ | All our enemies have opened their mouths against us. |
| 47 | အကျွန်ုပ်တို့သည် ကြောက်လန့်ဘွယ်သော အရာထဲသို့၎င်း၊ တွင်းထဲသို့၎င်း၊ သုတ်သင်ပယ်ရှင်း ဖျက်ဆီးခြင်းထဲသို့၎င်း ရောက်ကြပါပြီ။ | Fear and a snare is come upon us, desolation and destruction. |
| 48 | ငါ၏လူမျိုးသတို့သမီးပျက်စီးသောကြောင့်၊ | Mine eye runneth down with rivers of water for the destruction of the daughter of my people. |
| 49 | ငါမျက်စိသည်မြစ်ရေဖြစ်၍ စီးလျက်ရှိ၏။ | Mine eye trickleth down, and ceaseth not, without any intermission, |
| 50 | ထာဝရဘုရားသည် ကောင်းကင်က ငုံ့ကြည့်၍ ရှုမှတ်တော်မမူမှီတိုင်အောင်၊ ငါ့မျက်ရည်သည် ကျ၍ အစဉ်မပြတ် ယိုစီးလျက်ရှိ၏။ | Till the Lord look down, and behold from heaven. |
| 51 | ငါ၏မြို့သမီးအပေါင်းတို့အတွက်ကြောင့်၊ ငါမျက်စိသည် ငါ့နှလုံးကို ပူစေတတ်၏။ | Mine eye affecteth mine heart because of all the daughters of my city. |
| 52 | အကြောင်းမရှိဘဲ ငါ့ကိုရန်ပြုသောသူတို့သည် ငှက်ကိုလိုက်၍ ရှာသကဲ့သို့ ငါ့ကိုလိုက်၍ ရှာကြ၏။ | Mine enemies chased me sore, like a bird, without cause. |
| 53 | မြေတွင်း၌ ငါ့အသက်ကို ဖြတ်၍ ငါ့အပေါ်မှာ ကျောက်ကို တင်ထားကြ၏။ | They have cut off my life in the dungeon, and cast a stone upon me. |
| 54 | ငါ့ခေါင်းကို ရေလွှမ်းမိုးသည်ဖြစ်၍၊ ငါသည် ဆုံးရှုံးပြီဟု ဆိုရ၏။ | Waters flowed over mine head; then I said, I am cut off. |
| 55 | အိုထာဝရဘုရား၊ နက်သော မြေတွင်းထဲက အကျွန်ုပ်သည် ကိုယ်တော်၏နာမကို ခေါ်ပါ၏။ | I called upon thy name, O Lord, out of the low dungeon. |
| 56 | အကျွန်ုပ်ခေါ်သံကို ကြားတော်မူသည်ဖြစ်၍၊ အကျွန်ုပ်ညည်းတွားအော်ဟစ်သောအခါ နားတော်ကို လွှဲတော်မမူပါနှင့်။ | Thou hast heard my voice: hide not thine ear at my breathing, at my cry. |
| 57 | အကျွန်ုပ်သည် ကိုယ်တော်ကို ဟစ်ခေါ်သော အခါ၊ ကိုယ်တော်သည် ချဉ်းကပ်တော်မူ၍၊ မကြောက်နှင့် ဟု မိန့်တော်မူပြီ။ | Thou drewest near in the day that I called upon thee: thou saidst, Fear not. |
| 58 | အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ် အသက်နှင့် ဆိုင်သောအမှုကိုစောင့်၍ ရွေးနှုတ်တော်မူပြီ။ | O Lord, thou hast pleaded the causes of my soul; thou hast redeemed my life. |
| 59 | အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ် ခံရသော ညှဉ်းဆဲခြင်းကို မြင်တော်မူပြီ။ အကျွန်ုပ်အဘို့ တရားစီရင်တော်မူပါ။ | O Lord, thou hast seen my wrong: judge thou my cause. |
| 60 | သူတို့သည် အကျွန်ုပ်ကို ရန်ငြိုးဖွဲ့သမျှနှင့် မကောင်းသော အကြံရှိသမျှကို ကိုယ်တော်မြင်တော်မူပြီ။ | Thou hast seen all their vengeance and all their imaginations against me. |
| 61 | အိုထာဝရဘုရား၊ သူတို့ကဲ့ရဲ့သောအကြောင်း နှင့်မကောင်း သောအကြံရှိသမျှကို၎င်း၊ | Thou hast heard their reproach, O Lord, and all their imaginations against me; |
| 62 | အကျွန်ုပ်တဘက်၌ ထသောသူတို့၏ အပြစ်တင် ခြင်း၊ အကျွန်ုပ်တဘက်၌ တနေ့လုံးကြံစည်ခြင်းကို၎င်း ကိုယ်တော်ကြားတော်မူပြီ။ | The lips of those that rose up against me, and their device against me all the day. |
| 63 | သူတို့ထိုင်ခြင်း၊ ထခြင်းကိုကြည့်ရှုတော်မူပါ။ အကျွန်ုပ်သည် သူတို့သီချင်းဆိုစရာအကြောင်းဖြစ်ပါ၏။ | Behold their sitting down, and their rising up; I am their musick. |
| 64 | အိုထာဝရဘုရား၊ သူတို့ကျင့်သော အကျင့်နှင့် အလျောက်အကျိုးအပြစ်ကို ဆပ်ပေးတော်မူပါ။ | Render unto them a recompence, O Lord, according to the work of their hands. |
| 65 | သူတို့စိတ်နှလုံးကိုခိုင်မာစေ၍ ကျိန်တော်မူပါ။ | Give them sorrow of heart, thy curse unto them. |
| 66 | အမျက်တော်ထွက်၍ သူတို့ကို ညှဉ်းဆဲသဖြင့်၊ ထာဝရဘုရား၏ မိုဃ်းကောင်းကင်အောက်မှ သုတ်သင် ပယ်ရှင်းတော်မူပါ။ | Persecute and destroy them in anger from under the heavens of the Lord. |
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL