열왕기하 12장 Judson (1835)
Judson (1835) · 미얀마어 · 열왕기하 (2 Kings) · 21절
- 1 ယေဟုနန်းစံ ခုနစ်နှစ်တွင် ယောရှသည် အသက်ခုနစ်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ အနှစ်လေးဆယ်စိုးစံ၏။ မယ်တော်ကား၊ ဗေရရှေဘမြို့သူ ဇိဗိအမည်ရှိ၏။
- 2 ယဇ်ပုရောဟိတ်ယောယဒသွန်သင်သော ကာလပတ်လုံးယောရှသည် ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကို ပြု၏။
- 3 သို့ရာတွင် မြင့်သောအရပ်တို့ကို မပယ်ရှားသော ကြောင့်၊ လူတို့သည် ထိုအရပ်တို့၌ ယဇ်ပူဇော်၍နံ့သာ ပေါင်းကို မီးရှို့ကြ၏။
- 4 ယောရှမင်းကလည်း၊ ဗိမာန်တော်ထဲသို့ သွင်း သော အလှူဥစ္စာကို ရောင်း၍ရသောငွေ၊ စာရင်းဝင် သောသူတိုင်းကိုယ်အတွက်ပေးသောငွေ၊ ကိုယ်ဘိုးပြတ်၍ ရသောငွေ၊ အလိုလို လှူသောငွေရှိသမျှကို၊
- 5 ယဇ်ပုရောဟိတ်တို့သည် မိမိတို့အသိအကျွမ်း လှူသည်အတိုင်း ခံယူ၍၊ ဗိမာန်တော်ပြိုပျက်ရာရှိသမျှ တို့ကို ပြုပြင်ကြစေဟု ယဇ်ပုရောဟိတ်တို့အား မိန့်တော် မူ၏။
- 6 သို့သော်လည်း ယောရှမင်းကြီးနန်းစံနှစ်ဆယ် သုံးနှစ်တွင်၊ ယဇ်ပုရောဟိတ်တို့သည် ဗိမာန်တော်ပြိုပျက် ရာတို့ကို မပြုပြင်ကြသေး။
- 7 ထိုအခါ ယောရှမင်းကြီးသည် ယဇ်ပုရောဟိတ် ယောယဒ နှင့်အခြားသော ယဇ်ပုရောဟိတ် တို့ကိုခေါ်၍၊ သင်တို့သည် ဗိမာန်တော်ပြိုပျက်ရာတို့ကို အဘယ်ကြောင့် မပြုပြင်ဘဲ နေကြသနည်း။ နောက်တဖန် အသိအကျွမ်းလှူသော ငွေကိုကိုယ်တိုင် မယူကြနှင့်။ ဗိမာန်တော်ပြိုပျက်ရာတို့ကို ပြုပြင်ဘို့ရာအပ်ကြလော့ဟု ဆိုသည်အတိုင်း၊
- 8 ယဇ်ပုရောဟိတ်တို့သည် နောက်တဖန် လူများ လှူသောငွေကို မခံရ။ ဗိမာန်တော်ပြိုပျက်ရာကိုလည်း မပြုပြင်ရဟုဝန်ခံကြ၏။
- 9 ယဇ်ပုရောဟိတ် ယောယဒသည် သေတ္တာကို ယူ၍အဖုံးကို ဖောက်ပြီးလျှင်၊ ဗိမာန်တော်အထဲသို့ ဝင်သောလမ်းလက်ျာဘက် ယဇ်ပလ္လင် နားမှာထားလေ ၏။ ဗိမာန်တော်သို့ဆောင်ခဲ့သော ငွေရှိသမျှကို တံခါး စောင့် ယဇ်ပုရောဟိတ်တို့သည် သေတ္တာထဲမှာထားကြ၏။
- 10 ငွေများသည်ကိုသိမြင်လျှင်၊ ရှင်ဘုရင်၏ စာရေး တော်ကြီးနှင့် ယဇ်ပုရောဟိတ်မင်းသည် လာ၍ဗိမာန် တော်၌စုသောငွေကို ထုတ်ထားလျက် စာရင်းယူ၏။
- 11 ထိုသို့ ချိန်ထားသော ငွေကို ဗိမာန်တော်အုပ် အမှုတော်စောင့်တို့၌အပ်၍၊ ဗိမာန်တော်၌ အလုပ်လုပ် သော လက်သမား၊
- 12 ပန်းရန်သမား၊ ကျောက်ဆစ်သမားတို့အတွက် ဗိမာန်တော် ပြိုပျက်ရာကို ပြုပြင်စရာကျောက်နှင့် သစ်သားကိုဝယ်၍ ကုန်သမျှသော အတွက်ပေးဝေကြ၏။
- 13 ဗိမာန်တော်အဘို့ငွေဖလား၊ မီးညှပ်၊ အင်တုံ၊ တံပိုး၊ ရွှေတန်ဆာ၊ ငွေတန်ဆာတို့ကို ထိုငွေနှင့်မလုပ် သေး။
- 14 အလုပ်လုပ်သောသူတို့အားသာ ပေး၍၊ ဗိမာန်တော်ကို ပြုပြင်ကြ၏။
- 15 အလုပ်လုပ်သော သူတို့အား ပေးစေခြင်းငှါ၊ ငွေကို လက်ခံသော သူတို့သည် သစ္စာစောင့်သောသူ ဖြစ်သောကြောင့် စာရင်းမပေးကြ။
- 16 ဒုစရိုက်ငွေ၊ အပြစ်ငွေကိုမူကား၊ ဗိမာန်တော်သို့ မသွင်းဘဲ ယဇ်ပုရောဟိတ်တို့သည် ယူကြ၏။
- 17 ထိုအခါ ရှုရိရှင်ဘုရင်ဟာဇေလသည် ဂါသမြို့ ကို စစ်ချီ၍ တိုက်ယူပြီးမှ၊ ယေရုရှလင်မြို့သို့ ချီအံ့သောငှါ အားထုတ်လေ၏။
- 18 ယုဒရှင်ဘုရင်ယောရှသည် ဘိုးတော်ဘေးတော် တည်းဟူသော ယုဒရှင်ဘုရင်ယောရှဖတ်၊ ယဟောရံ၊ အာခဇိလှူသမျှသော တန်ဆာနှင့် ကိုယ်တိုင်သန့်ရှင်း သမျှသော တန်ဆာများ၊ ဗိမာန်တော်ဘဏ္ဍာ၊ နန်းတော် ဘဏ္ဍာတွင် တွေ့သမျှသော ရွှေကိုယူ၍ ရှုရိရှင်ဘုရင် ဟာဇေလ ထံသို့ပေးလိုက်သောကြောင့်၊ ဟာဇေလသည် ယေရုရှလင်မြို့ကို ထား၍ သွား၏။
- 19 ယောရှပြုမူသောအမှုအရာ ကြွင်းလေသမျှ တို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။
- 20 ထိုမင်း၏ကျွန်ရှိမတ်သား ယောဇဗဒ်နှင့် ရှိမရိတ်သား ယဟောဇဗပ်တို့သည် ထ၍ သင်းဖွဲ့ပြီးလျှင်၊ သိလရွာသို့ သွားသောလမ်း၊ မိလ္လောစံနန်းတွင်ယောရှကို သေအောင်လုပ်ကြံ၍၊
- 21 ဘိုးဘေးတို့နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ကြ၏။ သားတော်အာ မဇိသည် ခမည်းတော်အရာ၌နန်းထိုင်၏။
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗