열왕기상 4장 Judson (1835)
Judson (1835) · 미얀마어 · 열왕기상 (1 Kings) · 34절 · 대역: King James Version
| 절 | Judson (1835) | King James Version |
|---|---|---|
| 1 | ရှောလမုန်မင်းကြီးသည် ဣသရေလနိုင်ငံလုံးကို စိုးစံလျက် နေတော်မူ၏။ | So king Solomon was king over all Israel. |
| 2 | မှူးတော်မတ်တော်ဟူမူကား၊ ယဇ်ပုရောဟိတ် ဇာဒုတ်သားအာဇရိ၊ | And these were the princes which he had; Azariah the son of Zadok the priest, |
| 3 | ရှိရှသားဧလိဟောရပ်နှင့် အဟိယတို့သည် စာရေးတော်ကြီးဖြစ်၏။ အဟိလုပ်သား ယောရှဖတ်သည် အတွင်းဝန်ဖြစ်၏။ | Elihoreph and Ahiah, the sons of Shisha, scribes; Jehoshaphat the son of Ahilud, the recorder. |
| 4 | ယောယဒသား ဗေနာယသည် ဗိုလ်ချုပ်မင်း ဖြစ်၏။ ဇာဒုတ်နှင့် အဗျာသာတို့သည် ယဇ်ပုရောဟိတ် ဖြစ်၏။ | And Benaiah the son of Jehoiada was over the host: and Zadok and Abiathar were the priests: |
| 5 | နာသန်သားအာဇရိသည် ဝန်စာရေးအုပ်ဖြစ် ၏။ နာသန်သားဇာဗုဒ်သည် မင်းသားအရာနှင့် တိုင်ပင် မတ်ဖြစ်၏။ | And Azariah the son of Nathan was over the officers: and Zabud the son of Nathan was principal officer, and the king’s friend: |
| 6 | အဟိရှာသည် နန်းတော်အုပ်ဖြစ်၏။ အာဗဿားအဒေါနိရံသည် အခွန်တော်ဝန်ဖြစ်၏။ | And Ahishar was over the household: and Adoniram the son of Abda was over the tribute. |
| 7 | ရှောလမုန်သည် ဣသရေလနိုင်ငံအရပ်ရပ်၌ ခန့်ထားသော ဝန်စာရေးတကျိပ်နှစ်ယောက်တို့သည် တယောက်တလစီ ရှင်ဘုရင်နှင့်နန်းတော်သားတို့ အဘို့ စားစရာကို ပြင်ဆင်ရကြ၏။ | And Solomon had twelve officers over all Israel, which provided victuals for the king and his household: each man his month in a year made provision. |
| 8 | သူတို့အမည်ဟူမူကား၊ ဧဖရိမ်တောင်ရပ်မှာ ဟုရ၏သား၊ | And these are their names: The son of Hur, in mount Ephraim: |
| 9 | မာကတ်မြို့၊ ရှာလဗိမ်မြို့၊ ဗက်ရှေမက်မြို့၊ ဧလုမ္ဘေသနန်မြို့မှာ ဒေကာ၏သား၊ | The son of Dekar, in Makaz, and in Shaalbim, and Beth–shemesh, and Elon–beth–hanan: |
| 10 | စောခေါမြို့၊ ဟေဖာပြည်လုံးနှင့်တကွ အရုဗုတ် မြို့မှာ ဟေသက်၏သား၊ | The son of Hesed, in Aruboth; to him pertained Sochoh, and all the land of Hepher: |
| 11 | ဒေါရပြည်လုံးကိုစီရင်သောသူ ရှောလမုန်၏ သမီးတော်တာဖတ် နှင့်စုံဘက်သော အဘိနဒပ်၏သား၊ | The son of Abinadab, in all the region of Dor; which had Taphath the daughter of Solomon to wife: |
| 12 | တာနက်မြို့၊ မေဂိဒ္ဒေါမြို့နှင့် တကွဗက်ရှန်မြို့မှ အာဗေလမဟောလမြို့တိုင်အောင်မက၊ ယုတ်နန်မြို့ အလွန်၊ ယေဇရေလမြို့ အောက်ဇာတနမြို့နှင့်နီးစပ် သော ဗက်ရှန်မြို့နယ်လုံးကို စီရင်သော အဟိလုပ်၏သား ဗာန၊ | Baana the son of Ahilud; to him pertained Taanach and Megiddo, and all Beth–shean, which is by Zartanah beneath Jezreel, from Beth–shean to Abel–meholah, even unto the place that is beyond Jokneam: |
| 13 | ဂိလဒ်ပြည်၌ မနာရှေ၏သားယာ ဣရပိုင်သော မြို့များ၊ ဗာရှန်ပြည်၊ အာဂေါဘအရပ်၌မြို့ရိုး၊ ကြေးဝါ တံခါးကျင်နှင့်ပြည့်စုံသော မြို့ကြီးခြောက်ဆယ်ကို စီရင် သော ဂိလဒ်ပြည်ရာမုတ်မြို့မှ ဂေဗာ၏သား၊ | The son of Geber, in Ramoth–gilead; to him pertained the towns of Jair the son of Manasseh, which are in Gilead; to him also pertained the region of Argob, which is in Bashan, threescore great cities with walls and brasen bars: |
| 14 | မဟာနိမ်မြို့မှာ ဣဒေါ၏သားအဟိနဒပ်၊ | Ahinadab the son of Iddo had Mahanaim: |
| 15 | နဿလိခရိုင်ကိုစီရင်သောသူ၊ ရှောလမုန်၏ သမီးတော် ဗာသမတ်နှင့်စုံဘက်သောအဟိမတ်၊ | Ahimaaz was in Naphtali; he also took Basmath the daughter of Solomon to wife: |
| 16 | အာရှာခရိုင်နှင့် အာလုပ်မြို့မှာ ဟုရှဲ၏သား ဗာနာ၊ | Baanah the son of Hushai was in Asher and in Aloth: |
| 17 | ဣသခါခရိုင်မှာပါရွာ၏သားယောရှဖတ်၊ | Jehoshaphat the son of Paruah, in Issachar: |
| 18 | ဗင်္ယာမိန်ခရိုင်မှာ ဧလာ၏သားရှိမိ၊ | Shimei the son of Elah, in Benjamin: |
| 19 | အာမောရိရှင်ဘုရင်ရှိဟုန်၏နိုင်ငံ၊ ဗာရှန် ရှင်ဘုရင်ဩဃ၏နိုင်ငံ၊ ဂိလဒ်ပြည်မှာအခြားသောမင်း မရှိ။ တပါးတည်းစီရင်သော ဥရိ၏သားဂေဗတည်း။ | Geber the son of Uri was in the country of Gilead, in the country of Sihon king of the Amorites, and of Og king of Bashan; and he was the only officer which was in the land. |
| 20 | ထိုကာလ၌၊ ယုဒအမျိုးနှင့် ဣသရေလ အမျိုးသားတို့သည် အရေအတွက်အားဖြင့် သမုဒ္ဒရာ သဲလုံးနှင့်အမျှများပြား၍ စားသောက်ပျော်မွေ့လျက် နေကြ၏။ | Judah and Israel were many, as the sand which is by the sea in multitude, eating and drinking, and making merry. |
| 21 | ရှောလမုန်သည်လည်း မြစ်ကြီးမှ စ၍ဖိလိတ္တိ ပြည်၊ အဲဂုတ္တုပြည်တိုင်အောင် တိုင်းနိုင်ငံလုံးကို အစိုးရ သဖြင့်၊ အရပ်ရပ်သားတို့သည် လက်ဆောင်ပဏ္ဏာတို့ကို ဆက်၍၊ ရှောလမုန်လက်ထက်ကာလပတ်လုံး မင်းမှုကို ဆောင်ရွက်ရကြ၏။ | And Solomon reigned over all kingdoms from the river unto the land of the Philistines, and unto the border of Egypt: they brought presents, and served Solomon all the days of his life. |
| 22 | တနေ့တနေ့လျှင် နန်းတော်၌ ကုန်သောရိက္ခာ ဟူမူကား၊ ဂျုံမုန့်ညက်ကောရသုံးဆယ်၊ မုယော မုန့်ညက်ကောရခြောက်ဆယ်၊ | And Solomon’s provision for one day was thirty measures of fine flour, and threescore measures of meal, |
| 23 | ဆူဖြိုးအောင်ကျွေးသောနွားတဆယ်၊ ကျက်စား ရာထဲက နွားနှစ်ဆယ်၊ ဆတ်သမင်ဒရယ်အမျိုးမျိုးကို မဆိုဘဲသိုးတရာ၊ ဆူဖြိုးအောင် ကျွေးသောငှက်မျိုး တည်း။ | Ten fat oxen, and twenty oxen out of the pastures, and an hundred sheep, beside harts, and roebucks, and fallowdeer, and fatted fowl. |
| 24 | ရှောလမုန်သည် မြစ်ကြီးအနောက်ဘက်၊ တိဖသမြို့မှအဇ္ဇာမြို့တိုင်အောင် ရှင်ဘုရင်အပေါင်းတို့ကို အစိုးရသဖြင့် ပတ်ဝန်းကျင်အရပ်တို့၌ စစ်မှုစစ်ရေးမရှိ။ | For he had dominion over all the region on this side the river, from Tiphsah even to Azzah, over all the kings on this side the river: and he had peace on all sides round about him. |
| 25 | လက်ထက်တော်ကာလပတ်လုံး၊ ယုဒအမျိုးနှင့် ဣသရေလအမျိုးသားတို့သည်ဒန်မြို့မှစ၍ ဗေရရှေဘမြို့ တိုင်အောင် အသီးအသီးမိမိစပျစ်ပင်၊ မိမိသင်္ဘောသဖန်း ပင်အောက်မှာ ငြိမ်ဝပ်စွာ နေရကြ၏။ | And Judah and Israel dwelt safely, every man under his vine and under his fig tree, from Dan even to Beer–sheba, all the days of Solomon. |
| 26 | ရှောလမုန်သည်လည်း၊ ရထားတော်များနှင့် ဆိုင်သော မြင်းတင်းကုပ်လေးထောင်၊ မြင်းစီးသူရဲ တသောင်းနှစ်ထောင်ရှိ၏။ | And Solomon had forty thousand stalls of horses for his chariots, and twelve thousand horsemen. |
| 27 | ဝန်စာရေးတို့သည်လည်း ရှောလမုန်မင်းကြီးနှင့် စားပွဲတော်သို့ ဝင်သောသူအပေါင်းတို့အဘို့ တယောက် တလစီစုံလင်စွာ ပြင်ဆင်ရကြ ၏။ | And those officers provided victual for king Solomon, and for all that came unto king Solomon’s table, every man in his month: they lacked nothing. |
| 28 | မုယောစပါးကို၎င်း၊ မြင်းတော်များ၊ လားတော် များဘို့ မြက်ခြောက်ကို၎င်း၊ အလှည့်သင့်သည်အတိုင်း နေရာအရပ်သို့ ဆောင်ခဲ့ရကြ၏။ | Barley also and straw for the horses and dromedaries brought they unto the place where the officers were, every man according to his charge. |
| 29 | ဘုရားသခင်သည် များစွာသော ဉာဏ်ပညာကို ၎င်း၊ သမုဒ္ဒရာသဲလုံးနှင့်အမျှ ကျယ်ဝန်းသော နှလုံးကို၎င်း ပေးတော်မူသည်ဖြစ်၍၊ | And God gave Solomon wisdom and understanding exceeding much, and largeness of heart, even as the sand that is on the sea shore. |
| 30 | ပညာတော်သည် အရှေ့ပြည်သားပညာနှင့် အဲဂုတ္တုပြည်သား ပညာကို လွန်ကဲ၏။ | And Solomon’s wisdom excelled the wisdom of all the children of the east country, and all the wisdom of Egypt. |
| 31 | ရှောလမုန်သည် ဧဇရဟိတ်အမျိုးဧသန်၊ မဟောလသားဟေမန်၊ ခါလကောလ၊ ဒါရဒအစရှိသော လူအပေါင်းတို့ထက်သာ၍ ပညာရှိသဖြင့်၊ ခပ်သိမ်းသော တိုင်းနိုင်ငံအရပ်ရပ်၌ ကျော်စောလေ၏။ | For he was wiser than all men; than Ethan the Ezrahite, and Heman, and Chalcol, and Darda, the sons of Mahol: and his fame was in all nations round about. |
| 32 | စီရင်တော်မူသော သုတ္တံစကားသုံးထောင်နှင့် သီချင်းတထောင် ငါးခုရှိ၏။ | And he spake three thousand proverbs: and his songs were a thousand and five. |
| 33 | လေဗနုန်အာရဇ်ပင်မှစ၍ အုတ်ရိုးနားမှာ ပေါက်တတ်သောဟုဿုပ်ပင်တိုင်အောင် မြွက်ဆို၏။ သားမျိုး၊ ငှက်မျိုး၊ ပိုးကောင်မျိုး၊ ငါးမျိုးတို့၏ အကြောင်းကိုလည်း မြွက်ဆို၏။ | And he spake of trees, from the cedar tree that is in Lebanon even unto the hyssop that springeth out of the wall: he spake also of beasts, and of fowl, and of creeping things, and of fishes. |
| 34 | ရှောလမုန်မင်း၏ ပညာသိတင်းကို ကြားသော ရှင်ဘုရင်အမျိုးမျိုးစေလွှတ်သော သူတို့သည် ပညာစကား တော်ကို နားထောင်ခြင်းငှါ လာကြ၏။ | And there came of all people to hear the wisdom of Solomon, from all kings of the earth, which had heard of his wisdom. |
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL