역대하 27장 Judson (1835)
Judson (1835) · 미얀마어 · 역대하 (2 Chronicles) · 9절
- 1 ယောသံသည် အသက်နှစ်ဆယ်ငါးနှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ တဆယ်ခြောက်နှစ် စိုးစံ လေ၏။ မယ်တော်ကား၊ ဇာဒုတ်သမီးယေရုရှာအမည် ရှိ၏။
- 2 ထိုမင်းသည်ခမည်းတော် ဩဇိကျင့်သမျှအတိုင်း၊ ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကိုပြု၏။ သို့ရာတွင် ထာဝရဘုရား၏ ဗိမာန်တော်ထဲသို့မဝင်။ ပြည်သူပြည်သားတို့သည် မတရားသဖြင့် ပြုကြသေး၏။
- 3 ထိုမင်းသည် ဗိမာန်တော်အထက်တံခါးကို လုပ်၍၊ ဩဖေလမြို့ရိုးကို အလွန်ခိုင်ခံ့စေ၏။
- 4 ယုဒတောင်ရိုးပေါ်မှာ မြို့များကို၎င်း၊ တော၌ ရဲတိုက်များနှင့် ပြအိုးများကို၎င်း တည်ထောင်လေ၏။
- 5 အမ္မုန်ရှင်ဘုရင်ကိုလည်း စစ်တိုက်၍နိုင်သဖြင့်၊ နိုင်သောနှစ်တွင် အမ္မုန်သားတို့သည် ငွေအခွက် တထောင်၊ ဂျုံကောရတသောင်း၊ မုယောတသောင်းကို ပေးရကြ၏။ ဒုတိယနှစ်နှင့် တတိယနှစ်တွင် ထိုအတူ ပေးရကြ၏။
- 6 ထိုသို့ယောသံသည် မိမိဘုရားသခင် ထာဝရ ဘုရားရှေ့တော်၌ မိမိအကျင့်တို့ကို ပြင်ဆင်သောကြောင့် တန်ခိုးတိုးပွါးသတည်း။
- 7 ယောသံပြုမူသောအမှုအရာ ကြွင်းလေသမျှ၊ စစ်တိုက်ခြင်းအ ကျင့်ကျင့်ခြင်းအမှုအရာ အလုံးစုံတို့ သည်၊ ဣသရေလရာဇဝင်နှင့် ယုဒရာဇဝင်၌ ရေးထား လျက် ရှိ၏။
- 8 ယောသံသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်အား ခတ်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
- 9 ယောသံသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်အား ခတ်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗