역대상 3장 Judson (1835)
Judson (1835) · 미얀마어 · 역대상 (1 Chronicles) · 24절
- 1 ဟေဗြုန်မြို့၌ ဒါဝိဒ်မြင်သောသားတို့တွင် သားဦးကား၊ ယေဇရေလမြို့သူ အဟိနောင်တွင် မြင်သောသား အာမနုန်တည်း။ ဒုတိယသားကား၊ ကရ မေလမြို့သူ အဘိဂဲလတွင် မြင်သောသား ဒံယေလ တည်း။
- 2 တတိယသားကား၊ ဂေရှုရရှင်ဘုရင် တာလမဲ သမီးမာခါ၏သား အဗရှလုံတည်း။ စတုတ္ထသားကား၊ ဟဂ္ဂိတ်၏သား အဒေါနိယတည်း။
- 3 ပဉ္စမသားကား အဘိတလ၏သားရှေဖတိတည်း။ ဆဌမသားကား၊ မြောက်သားတော် ဧဂလတွင် မြင်သော သား ဣသရံတည်း။
- 4 ထိုသားခြောက်ယောက်တို့ကို ဟေဗြုန်မြို့၌ မြင်၏။ ထိုမြို့တွင် ခုနစ်နှစ်နှင့်ခြောက်လမင်းပြု၏။ ယေရုရှလင်မြို့တွင် အနှစ်သုံးဆယ်သုံးနှစ်မင်းပြု၏။
- 5 ယေရုရှလင်မြို့၌မြင်သောသားဟူမူကား၊ ရှမွာ၊ ရှောဗပ်၊ နာသန်၊ ရှောလမုန်တည်းဟူသော အမျေလ သမီး ဗာသရှေဘတွင် မြင်သောသား လေးယောက်။
- 6 ထိုမှတပါး၊ ဣဗဟာ။ ဧလိရွှ၊ ဧလိပလက်။
- 7 နောဂ၊ နေဖက်၊ ယာဖျာ၊
- 8 ဧလိရှမာ၊ ဧလျာဒ၊ ဧလိဖလက်၊ ပေါင်းကိုး ယောက်တည်း။
- 9 ဤရွေ့ကားမယားငယ်တွင်ရသောသားတို့ကို မဆိုဘဲ ဒါဝိဒ်၏ သားများတည်း။ နှမသာမာလည်းရှိ၏။
- 10 ရှောလမုန်သားကား ရောဗောင်၊ ရောဗောင် သားအဘိယ၊ အဘိယသား ယောရှဖတ်၊
- 11 ယောရှဖတ်သားယောရံ၊ ယောရံသားအာခဇိ၊ အာခဇိသာ ယောရှ၊
- 12 ယောရှသား အာမဇိ၊ အာမဇိသား ဩဇိ၊ ဩဇိသားယောသံ၊
- 13 ယောသံသား အာခတ်၊ အာခတ်သားဟေဇကိ၊ ဟေဇကိသား မနာရှေ၊
- 14 မနာရှေသား အာမုန်၊ အာမုန်သား ယောရှိ တည်း။
- 15 ယောရှိသားဦးကား ယောဟာနန်၊ ဒုတိယသား ယောယကိမ်၊ တတိယသားဇေဒကိ၊ စတုတ္ထသား ရှလ္လုံ တည်း။
- 16 ယောယကိမ်သားကား ယေခေါနိနှင့် ဇေဒကိ တည်း။
- 17 အကျဉ်းခံရသော ယေခေါနိသားကား ရှာလ သေလ၊
- 18 မာလခိရံ၊ ပေဒါယ၊ ရှေနဇာ၊ ယေကမိ၊ ဟောရှမ၊ နေဒဘိတည်း။
- 19 ရှာလသေလသားကား ဇေရုဗဗေလနှင့် ရှိမိ တည်း။ ဇေရုဗဗေလသားကား မေရှုလံ၊ ဟာနနိ၊ နှမ ရှေလောမိတ်နှင့်တကွ၊
- 20 ဟရှုဘ၊ ဩဟေလ၊ ဗေရခိ၊ ဟသဒိ၊ ယုရှဿေ သက်၊ ပေါင်းငါးယောက်တည်း။
- 21 ဟာနနိသားကား ပေလတိနှင့် ယေရှာယ တည်း။ ယေရှာယသားကား၊ ရေဖာယ။ ရေဖာယသား အာနန်၊ အာနန်သားဩဗဒိ၊ ဩဗဒိသားရှေခနိ၊
- 22 ရှေခနိသားရှေမာယတည်း။ ရှေမာယသားကား ဟတ္တုတ်၊ ဣဂါလ၊ ဗာရိ၊ နာရိ၊ အာဇရိ၊ ရှာဖတ်၊ ပေါင်း ခြောက်ယောက်တည်း။
- 23 နာရိသားကား ဧလိဩနဲ၊ ဟေဇကိ၊ အာဇရိကံ၊ ပေါင်းသုံးယောက်တည်း။
- 24 ဧလျောနဲသားကား ဟောဒါယ၊ ဧလျာရှိပ်၊ ပေလာယ၊ အက္ကုပ်၊ ယောဟန်၊ ဒလာယ၊ အာနနိ၊ ပေါင်း ခုနစ်ယောက်တည်း။
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗