에스라 2장 Judson (1835)
Judson (1835) · 미얀마어 · 에스라 (Ezra) · 70절
- 1 ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာသည်၊
- 2 ဗာဗုလုန်မြို့သို့ သိမ်းသွားသော လူစုထဲက ထွက်၍ဗေရုဗဗေလ၊ ယောရှု၊ နေဟမိ၊ သရာယ၊ ရေလာ ယ၊ မော်ဒကဲ၊ ဗိလရှန်၊ မိဇပါ၊ ဗိဂဝဲ၊ ရေဟုံ၊ ဗာနာတို့နှင့် အတူလိုက် လာ၍၊ ယေရုရှလင်မြို့ အစရှိသော ယုဒပြည် ၌ အသီးသီးဆိုင်သော မြို့ရွာသို့ ရောက်သောနိုင်ငံသား ဣသရေလလူ စာရင်းဟူမူကား၊
- 3 ပါရုတ်အမျိုးသား နှစ်ထောင်တရာခုနစ်ဆယ် နှစ်ယောက်၊
- 4 ရှေဖတိအမျိုးသားသုံးရာခုနစ်ဆယ်နှစ်ယောက်၊
- 5 အာရာအမျိုးသား ခုနစ်ရာခုနစ်ဆယ်ငါးယောက်၊
- 6 ပါဟတ်မောဘအမျိုး၊ ယောရှုယွာဘ အမျိုးသား နှစ်ထောင်ရှစ် ရာတဆယ်နှစ်ယောက်၊
- 7 ဧလံအမျိုးသား တထောင်နှစ်ရာငါးဆယ် လေးယောက်၊
- 8 ဇတ္တု အမျိုးသားကိုးရာလေးဆယ်ငါးယောက်၊
- 9 ဇက္ခဲ အမျိုးသားခုနစ်ရာ ခြောက်ဆယ်၊
- 10 ဗာနိအမျိုးသားခြောက်ရာလေးဆယ်နှစ်ယောက်၊
- 11 ဗေဗဲအမျိုးသား ခြောက်ရာနှစ်ဆယ်သုံး ယောက်၊
- 12 အာဇဂဒ် အမျိုးသားတထောင်နှစ်ရာ နှစ်ဆယ် နှစ်ယောက်၊
- 13 အဒေါနိကံအမျိုးသား ခြောက်ရာခြောက်ဆယ် ခြောက်ယောက်၊
- 14 ဗိဂဝဲအမျိုးသား နှစ်ထောင်ငါးဆယ် ခြောက် ယောက်၊
- 15 အာဒိန်အမျိုးသား လေးရာငါးဆယ်လေး ယောက်၊
- 16 ဟေဇကိနှင့် အာတာအမျိုးသား ကိုးဆယ်ရှစ် ယောက်၊
- 17 ဗေဇဲ အမျိုးသား သုံးရာနှစ်ဆယ်သုံးယောက်၊
- 18 ယောရအမျိုးသား တရာတဆယ်နှစ်ယောက်၊
- 19 ဟာရှုံအမျိုးသား နှစ်ရာနှစ်ဆယ်သုံးယောက်၊
- 20 ဂိဗ္ဗာ အမျိုးသား ကိုးဆယ်ငါးယောက်၊
- 21 ဗက်လင်မြို့သား တရာနှစ်ဆယ်သုံးယောက်၊
- 22 နေတောဖမြို့သား ငါးဆယ်ခြောက်ယောက်၊
- 23 အာနသုတ်မြို့သား တရာနှစ်ဆယ်ရှစ်ယောက်၊
- 24 အာဇမာဝက်မြို့သား လေးဆယ်နှစ်ယောက်၊
- 25 ကိရယသာရိမ်မြို့၊ ခေဖိရမြို့၊ ဗေရုတ်မြို့သား ခုနစ်ရာ လေးဆယ်သုံးယောက်၊
- 26 ရာမမြို့၊ ဂါဘမြို့သားခြောက်ရာနှစ်ဆယ်တယောက်၊
- 27 မိတ်မတ်မြို့သား တရားနှစ်ဆယ်နှစ်ယောက်၊
- 28 ဗေသလမြို့၊ အာဣမြို့သားနှစ်ရာ နှစ်ဆယ် သုံးယောက်၊
- 29 နေဗောမြို့သား ငါးဆယ်နှစ်ယောက်၊
- 30 မာဂဗိတ် မြို့သား တရာငါးဆယ်ခြောက်ယောက်၊
- 31 အခြားသော ဧလံမြို့သား တထောင်နှစ်ရာ ငါးဆယ်လေးယောက်၊
- 32 ဟာရိမ်မြို့သား သုံးရာနှစ်ဆယ်၊
- 33 လောဒမြို့၊ ဟာဒိဒ်မြို့၊ ဩနောမြို့သား ခုနစ်ဆယ်ငါးယောက်၊
- 34 ယေရိခေါမြို့သား သုံးရာလေးဆယ်ငါးယောက်၊
- 35 သေနာမြို့သားသုံးထောင် ခြောက်ရာသုံးဆယ် တည်း။
- 36 ယဇ်ပုရောဟိတ်စာရင်းဟူမူကား၊ ယောရှုအမျိုး ထဲက၊ ယေဒါယအမျိုးသားကိုးရာ ခုနစ်ဆယ်သုံးယောက်၊
- 37 ဣမေရ အမျိုးသားတထောင်ငါးဆယ် နှစ်ယောက်၊
- 38 ပါရှုရ အမျိုးသားတထောင်နှစ်ရာ လေးဆယ် ခုနစ်ယောက်၊
- 39 ဟာရိမ်အမျိုးသား တထောင်တဆယ်ခုနစ် ယောက်တည်း။
- 40 လေဝိသားစာရင်းဟူမူကား၊ ဟောဒဝိအမျိုးထဲက ယောရှုအမျိုးနှင့် ကာဒမေလအမျိုးသား ခုနစ်ဆယ်လေး ယောက်၊
- 41 သီချင်းသည် အာသပ်အမျိုးသား တရာနှစ်ဆယ် ရှစ်ယောက်၊
- 42 တံခါးစောင့်အမျိုးသားတည်းဟူသော ရှလ္လုံအမျိုးသား၊ အာတာအမျိုးသား၊ တာလမုန်အမျိုးသား၊ အက္ကုပ်အမျိုးသား၊ ဟတိတအမျိုးသား၊ ရှောဗဲအမျိုးသား အပေါင်း တရာသုံးဆယ်ကိုးယောက်တည်း။
- 43 ဘုရားကျွန်ခံသူ၊ ဇိဟအမျိုးသား၊ ဟသုဖ အမျိုးသား၊ တဗ္ဗောက်အမျိုးသား၊
- 44 ကေရုတ်အမျိုးသား၊ သာယာဟအမျိုးသား၊ ပါဒုန်အမျိုးသား၊
- 45 လေဗနအမျိုးသား၊ ဟာဂဘအမျိုးသား၊ အက္ကုပ် အမျိုးသား၊
- 46 ဟာဂပ်အမျိုးသား၊ ရှာလမဲအမျိုးသား၊ ဟာနန် အမျိုးသား၊
- 47 ဂိဒ္ဒေလအမျိုးသား၊ ဂါဟာအမျိုးသား၊ ရာယ အမျိုးသား၊
- 48 ရေဇိန်အမျိုးသား၊ နေကောဒအမျိုးသား၊ ဂဇ္ဇမ်အမျိုးသား၊
- 49 ဩဇအမျိုးသား၊ ပါသာအမျိုးသား၊ ဗေသဲ အမျိုးသား၊
- 50 အာသနာအမျိုးသား၊ မဟုနိမ်အမျိုးသား၊ နဖုသိမ်အမျိုးသား၊
- 51 ဗာကဗုတ်အမျိုးသား၊ ဟကုဖအမျိုးသား၊ ဟာရဟုရအမျိုးသား၊
- 52 ဗာဇလုပ်အမျိုးသား၊ မဟိဒအမျိုးသား၊ ဟရရှအမျိုးသား၊
- 53 ဗာကုတ်အမျိုးသား၊ သိသရအမျိုးသား၊ သာမ အမျိုးသား၊
- 54 နေဇိအမျိုးသား၊ ဟတိဖအမျိုးသားတည်း။
- 55 ရှောလမုန်၏ အစေခံကျွန်၊ သောတဲအမျိုးသား၊ သောဖရက်အမျိုးသား၊ ပေရုဒအမျိုးသား၊
- 56 ယာလအမျိုးသား၊ ဒါကုန်အမျိုးသား၊ ဂိဒ္ဒေလ အမျိုးသား၊
- 57 ရှေဖတိအမျိုးသား၊ ဟတ္တိလအမျိုးသား၊ ပေါခရက်အမျိုးသား၊ ဇေဗိမ်အမျိုးသား၊ အာမိအမျိုးသား တည်း။
- 58 ဘုရားကျွန်နှင့် ရှောလမုန် ကျွန်ပေါင်းကား၊ သုံးရာကိုးဆယ်နှစ်ယောက်တည်း။
- 59 ထိုမှတပါး၊ ဣသရေလအမျိုး မှန်သည်မမှန်သည်ကို၎င်း၊ မိမိတို့ အဆွေအမျိုးကို၎င်း၊ မပြနိုင်ဘဲ တေလမေလမြို့၊ တေလဟာသမြို့၊ ခေရုပ် မြို့၊ အဒ္ဒန်မြို့၊ ဣမေရမြို့မှ ထွက်သွားသောသူဟူမူကား၊
- 60 ဒေလာယ အမျိုးသား၊ တောဘိအမျိုးသား၊ နေကောဒအမျိုးသားပေါင်း ခြောက်ရာငါးဆယ် နှစ်ယောက်တည်း။
- 61 ယဇ်ပုရောဟိတ်အမျိုးထဲက ဟဗာယအမျိုးသား၊ ကောဇအမျိုးသား၊ ဂိလဒ်ပြည်သားဗာဇိလဲသမီး တယောက်နှင့် စုံဘက်၍၊ ယောက္ခမအမည်ကိုရသော ဗာဇိလဲအမျိုးသားတို့သည်၊
- 62 စာရင်းဝင်သောလူစုတွင် မိမိတို့စာရင်းကို ရှာ၍မတွေ့သောကြောင့်၊ အမျိုးမစစ်၊ ယဇ်ပုရောဟိတ် အရာကိုမခံရကြ။
- 63 ဥရိမ်နှင့် သုမိမ်ပါသော ယဇ်ပုရောဟိတ်မပေါ်မှီတိုင်အောင် သူတို့သည်အလွန်သန့်ရှင်းသောအရာတို့ကို မစားရဟု ပြည်အုပ်မင်းစီရင်၏။
- 64 ပရိသတ်ပေါင်းကား လေးသောင်းနှစ်ထောင် သုံးရာခြောက်ဆယ်တည်း။
- 65 ထိုမှတပါး၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမပေါင်း ခုနစ်ထောင်သုံးရာသုံးဆယ်ခုနစ်ယောက်၊ သီးချင်းသည် ယောက်ျား မိန်းမပေါင်းနှစ်ရာ၊
- 66 မြင်းပေါင်း ခုနစ်ရာသုံးဆယ်ခြောက်စီး၊ လားပေါင်း နှစ်ရာလေးဆယ်ငါးစီး၊
- 67 ကုလားအုပ်ပေါင်းလေးရာသုံးဆယ်ငါးစီး၊ မြည်း ပေါင်းခြောက်ထောင်ခုနစ်ရာနှစ်ဆယ်တည်း။
- 68 အဆွေအမျိုးသူကြီးအချို့တို့သည် ယေရုရှလင်မြို့ ဗိမာန်တော်သို့ ရောက်သောအခါ၊ ဗိမာန်တော် ကို မိမိနေရာ၌ တည်ဆောက်ခြင်းငှါ၊
- 69 တတ်နိုင်သမျှအတိုင်း အလိုလိုလှူ၍၊ ရွှေဒင်္ဂါးခြောက်သောင်းတထောင်၊ ငွေအခွက်ငါးသောင်း၊ ယဇ်ပုရောဟိတ်အဝတ် အစုံတရာကို ဘဏ္ဍာတော်ထဲသို့ သွင်းကြ၏။
- 70 ထိုသို့ ယဇ်ပုရောဟိတ်၊ လေဝိသား၊ သာမည လူအချို့၊ သီချင်းသည်၊ တံခါးစောင့်၊ ဘုရားကျွန်တို့သည် မိမိတို့နေရာမြို့ရွာတို့၌၎င်း၊ ဣသရေလပြည်သူပြည်သားအပေါင်းတို့သည် မိမိတို့နေရာမြို့ရွာတို့၌၎င်းနေရာကျ ကြ၏။
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗