에스겔 2장 Judson (1835)
Judson (1835) · 미얀마어 · 에스겔 (Ezekiel) · 10절 · 대역: King James Version
| 절 | Judson (1835) | King James Version |
|---|---|---|
| 1 | ထိုဗျာဒိတ်ရူပါရုံကို ငါသည် မြင်သောအခါ ပြပ်ဝပ်လျက်နေ၏။ တဦးသောသူကလည်း၊ အချင်း လူသား၊ မတ်တတ်နေလော့။ သင့်အားငါ ပြောမည်ဟု ငါ့အားဆိုသံကိုငါကြား၏။ | And he said unto me, Son of man, stand upon thy feet, and I will speak unto thee. |
| 2 | ထိုသို့ဆိုသောအခါ ဝိညာဉ်တော်သည် ငါ့အထဲ သို့ဝင်၍ မတ်တတ်နေစေသဖြင့်၊ ငါနှင့်ပြောသောသူ၏ စကားကိုငါကြားသည်ကား၊ | And the spirit entered into me when he spake unto me, and set me upon my feet, that I heard him that spake unto me. |
| 3 | အချင်းလူသား၊ ငါ့ကိုပုန်ကန်တတ်သော အမျိုး တည်းဟူသော၊ ယနေ့တိုင်အောင် ဘိုးဘေးတို့နှင့်တကွ ငါတို့အစဉ်ပုန်ကန်၍၊ ပြစ်မှားသော ဣသရေလ အမျိုးသားတို့ ရှိရာသို့ သင့်ကို ငါစေလွှတ်မည်။ | And he said unto me, Son of man, I send thee to the children of Israel, to a rebellious nation that hath rebelled against me: they and their fathers have transgressed against me, even unto this very day. |
| 4 | ရဲသောမျက်နှာနှင့်ခိုင်မာသော နှလုံးရှိသော အမျိုးသားတို့ရှိရာသို့ သင့်ကို ငါစေလွှတ်၍၊ သင်က၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ဟု သူတို့အား ပြောရမည်။ | For they are impudent children and stiffhearted. I do send thee unto them; and thou shalt say unto them, Thus saith the Lord God. |
| 5 | သူတို့သည် ပုန်ကန်တတ်သော အမျိုးဖြစ်၍၊ နား ထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ၊ မိမိတို့တွင် ပရောဖက်ရှိသည်ကို သိရကြမည်။ | And they, whether they will hear, or whether they will forbear, (for they are a rebellious house,) yet shall know that there hath been a prophet among them. |
| 6 | အချင်းလူသား၊ သင်သည် ဆူးပင်အမျိုးမျိုးနှင့် တွေ့၍၊ ကင်းမြီးကောက်တို့တွင် နေရသော်လည်း သူတို့ကိုမကြောက်နှင့်။ သူတို့စကားကိုလည်း မကြောက် နှင့်။ သူတို့သည်ပုန်ကန်တတ်သော အမျိုးဖြစ်၍၊ သူတို့ စကားကိုမကြောက်နှင့်။ သူတို့မျက်နှာရည်ကြောင့် စိတ်မပျက်နှင့်။ | And thou, son of man, be not afraid of them, neither be afraid of their words, though briers and thorns be with thee, and thou dost dwell among scorpions: be not afraid of their words, nor be dismayed at their looks, though they be a rebellious house. |
| 7 | သူတို့သည် အလွန်ပုန်ကန်တတ်သော သဘော ရှိသည်ဖြစ်၍၊ နားထောင်သည်ဖြစ်စေ၊ နားမထောင်သည် ဖြစ်စေ၊ ငါ့စကားကိုသူတို့အား ဟောပြောရမည်။ | And thou shalt speak my words unto them, whether they will hear, or whether they will forbear: for they are most rebellious. |
| 8 | အချင်းလူသား၊ ငါပြောသောစကားကို နား ထောင်လော့။ ထိုပုန်ကန်တတ်သော အမျိုးကဲ့သို့ ပုန်ကန် သော သဘောမရှိနှင့်။ သင့်ပစပ်ကို ဖွင့်၍ ငါပေးသော အရာကိုစားလော့ဟု မိန့်တော်မူလျှင်၊ | But thou, son of man, hear what I say unto thee; Be not thou rebellious like that rebellious house: open thy mouth, and eat that I give thee. |
| 9 | ငါကြည့်၍ စာလိပ်ပါသောလက်သည် ငါ့ဆီသို့ ဆန့်လျက်ရှိ၏။ | And when I looked, behold, an hand was sent unto me; and, lo, a roll of a book was therein; |
| 10 | ထိုစာလိပ်ကို ငါ့ရှေ့မှာ ဖွင့်ဖြန့်သောအခါ၊ တဘက်တချက်၌ အက္ခရာတင်၍ ငိုကြွေးမြည်တမ်းခြင်း အချက်၊ စိတ်မသာညည်းတွားခြင်းအချက်၊ အမင်္ဂလာ အချက်များပါသတည်း။ | And he spread it before me; and it was written within and without: and there was written therein lamentations, and mourning, and woe. |
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL