아모스 7장 Judson (1835)
Judson (1835) · 미얀마어 · 아모스 (Amos) · 17절 · 대역: King James Version
| 절 | Judson (1835) | King James Version |
|---|---|---|
| 1 | တဖန် အရှင်ထာဝရဘုရားသည် ငါ့အား ပြတော်မူသော ရူပါရုံဟူမူကား၊ ရှင်ဘုရင် ဆိုင်သော မြက်ပင်ကို ရိတ်ပြီးမှ၊ နောက်မြက်ပင်ပေါက်စကာလ၌ ကျိုင်းကောင်တို့ကို ဖန်ဆင်းတော်မူ၏။ | Thus hath the Lord God shewed unto me; and, behold, he formed grasshoppers in the beginning of the shooting up of the latter growth; and, lo, it was the latter growth after the king’s mowings. |
| 2 | ထိုကျိုင်းကောင်တို့သည် တပြည်လုံး၌ရှိသော မြက်ပင်ကိုစား၍ ကုန်ပြီးမှငါက၊ အိုအရှင်ထာဝရဘုရား၊ အပြစ်မှ လွတ်တော်မူပါ။ ယာကုပ်သည် ငယ်သောကြောင့်၊ အဘယ်သို့ ထရပါလိမ့်မည်နည်းဟု လျှောက်သော်၊ | And it came to pass, that when they had made an end of eating the grass of the land, then I said, O Lord God, forgive, I beseech thee: by whom shall Jacob arise? for he is small. |
| 3 | ထာဝရဘုရားသည် နောင်တရ၍၊ ဤသို့ မဖြစ်ရဟု မိန့်တော်မူ၏။ | The Lord repented for this: It shall not be, saith the Lord. |
| 4 | တဖန် အရှင်ထာဝရဘုရားသည် ငါ့အားပြတော်မူသော ရူပါရုံဟူမူကား၊ မီးဖြင့် ဒဏ်ပေးခြင်းငှါ မီးကို ခေါ်တော်မူ၍၊ မဟာသမုဒ္ဒရာကို မီးလောင်လေ၏။ ကုန်းကိုလည်း လောင်လေ၏။ | Thus hath the Lord God shewed unto me: and, behold, the Lord God called to contend by fire, and it devoured the great deep, and did eat up a part. |
| 5 | ငါကလည်း၊ အိုအရှင်ထာဝရဘုရား၊ ဆိုင်းတော်မူပါ။ ယာကုပ်သည် ငယ်သောကြောင့် အဘယ်သို့ ထရ ပါလိမ့်မည်နည်းဟု လျှောက်သော်၊ | Then said I, O Lord God, cease, I beseech thee: by whom shall Jacob arise? for he is small. |
| 6 | အရှင်ထာဝရဘုရားသည် နောင်တရ၍၊ ဤသို့ မဖြစ်ရဟု မိန့်တော်မူ၏။ | The Lord repented for this: This also shall not be, saith the Lord God. |
| 7 | တဖန် ပြတော်မူသော ရူပါရုံဟူမူကား၊ ချိန်ကြိုး ချ၍လုပ်သော ကျောက်ရိုးပေါ်မှာ ထာဝရဘုရားသည် ရပ်လျက်၊ လက်တော်၌ ချိန်ကြိုးကို ကိုင်လျက်၊ | Thus he shewed me: and, behold, the Lord stood upon a wall made by a plumbline, with a plumbline in his hand. |
| 8 | အာမုတ်၊ သင်သည် အဘယ်အရာကို မြင်သနည်းဟု မေးတော်မူလျှင်၊ ချိန်ကြိုးကို မြင်ပါသည်ဟု လျှောက်သော်၊ ဘုရားရှင်က၊ ငါ၏လူဣသရေလအမျိုး အလယ်၌ ချိန်ကြိုးကို ငါချမည်။ နောက်တဖန် သူတို့ကို သည်းမခံ။ | And the Lord said unto me, Amos, what seest thou? And I said, A plumbline. Then said the Lord, Behold, I will set a plumbline in the midst of my people Israel: I will not again pass by them any more: |
| 9 | ဣဇာက်၏မြင့်ရာအရပ်တို့သည် လူဆိတ်ညံလျက်၊ ဣသရေလ၏ သန့်ရှင်းရာအရပ်တို့သည် သုတ်သင် ပယ်ရှင်းလျက်ရှိကြလိမ့်မည်။ ယေရောဗောင်မင်းမျိုးကိုလည်း ထားနှင့်ငါတိုက်မည်ဟု မိန့်တော်မူ၏။ | And the high places of Isaac shall be desolate, and the sanctuaries of Israel shall be laid waste; and I will rise against the house of Jeroboam with the sword. |
| 10 | ထိုအခါ ဗေသလယဇ်ပုရောဟိတ်အာမဇိသည် ဣသရေလရှင်ဘုရင် ယေရောဗောင်ထံသို့ စေလွှတ်၍၊ အာမုတ်သည် ဣသရေလအမျိုးအလယ်တွင် ကိုယ်တော် တဘက်၌ မကောင်းသောအကြံကို ကြံစည်ပါပြီ။ သူ၏ စကားအလုံးစုံတို့ကို ပြည်တော်သည် မခံနိုင်ပါ။ | Then Amaziah the priest of Beth–el sent to Jeroboam king of Israel, saying, Amos hath conspired against thee in the midst of the house of Israel: the land is not able to bear all his words. |
| 11 | ယေရောဗောင်သည် ထားဖြင့် သေရလိမ့်မည်။ ဣသရေလအမျိုးသားတို့သည် နေရင်းပြည်မှ ဆက်ဆက် နှင်သွားခြင်းကို ခံရကြလိမ့်မည်ဟု၊ အာမုတ်ဆိုတတ်ပါသည်ဟု လျှောက်လေ၏။ | For thus Amos saith, Jeroboam shall die by the sword, and Israel shall surely be led away captive out of their own land. |
| 12 | အာမုတ်ကိုလည်းခေါ်၍၊ အိုပရောဖက်၊ ယုဒပြည်သို့ ပြေးသွားလော့။ ထိုပြည်မှာ ပရောဖက်ပြု၍ အသက်မွေးလော့။ | Also Amaziah said unto Amos, O thou seer, go, flee thee away into the land of Judah, and there eat bread, and prophesy there: |
| 13 | နောက်တဖန်ဗေသလမြို့တဘက်၌ ပရောဖက် မပြုနှင့်။ ရှင်ဘုရင်၏ သန့်ရှင်းရာဌာနတော် ဖြစ်၏။ နန်းတော်တည်ရာမြို့လည်း ဖြစ်၏ဟု ဆိုလျှင်၊ | But prophesy not again any more at Beth–el: for it is the king’s chapel, and it is the king’s court. |
| 14 | အာမုတ်က၊ ငါသည် ပရောဖက်မဟုတ်၊ ပရောဖက်၏သားလည်းမဟုတ်ဘဲ၊ နွားကျောင်းသောသူ၊ သဖန်း သီးကို ဆွတ်သောသူဖြစ်စဉ်အခါ၊ | Then answered Amos, and said to Amaziah, I was no prophet, neither was I a prophet’s son; but I was an herdman, and a gatherer of sycomore fruit: |
| 15 | ထာဝရဘုရားသည် နွားကျောင်းရာမှ ငါ့ကို နှုတ်ယူ၍၊ သင်သွားလော့။ ငါ၏လူဣသရေလအမျိုးတွင် ပရောဖက်ပြုလော့ဟု မိန့်တော်မူ၏။ | And the Lord took me as I followed the flock, and the Lord said unto me, Go, prophesy unto my people Israel. |
| 16 | သို့ဖြစ်၍၊ ထာဝရဘုရား၏အမိန့်တော်ကို နားထောင်လော့။ ဣသရေလအမျိုးတဘက်၌ ပရောဖက် မပြုနှင့်၊ ဣဇာက်အမျိုးတဘက်၌ မမြွက်နှင့်ဟု သင်ဆိုသော်၊ | Now therefore hear thou the word of the Lord: Thou sayest, Prophesy not against Israel, and drop not thy word against the house of Isaac. |
| 17 | ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်၏ မယားသည် ပြည်တန်ဆာဖြစ်လိမ့်မည်။ သူတပါးတို့သည် သင်၏မြေကို ကြိုးတန်းချ၍ ဝေဖန်ကြလိမ့်မည်။ သင်သည် ညစ်ညူးသော ပြည်၌ သေရလိမ့်မည်။ ဣသရေလ အမျိုးသည် နေရင်းပြည်မှ ဆက်ဆက်နှင်သွားခြင်းကို ခံရကြလိမ့်မည်ဟု၊ အာမဇိအား ဆင့်ဆိုလေ၏။ | Therefore thus saith the Lord; Thy wife shall be an harlot in the city, and thy sons and thy daughters shall fall by the sword, and thy land shall be divided by line; and thou shalt die in a polluted land: and Israel shall surely go into captivity forth of his land. |
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL