아가 7장 Judson (1835)
Judson (1835) · 미얀마어 · 아가 (Song of Songs) · 13절 · 대역: King James Version
| 절 | Judson (1835) | King James Version |
|---|---|---|
| 1 | အိုမင်းသမီး၊ ခြေနင်းစီးလျက်၊ သင်၏ခြေတို့ သည် အလွန်တင့်တယ်ပါ၏။ သင်၏ခါးဆစ်တို့သည် လိမ္မာသောသူ ပြုပြင်သောကျောက်ကောင်းရတနာကဲ့သို့ ဖြစ်ကြပါ၏။ | How beautiful are thy feet with shoes, O prince’s daughter! the joints of thy thighs are like jewels, the work of the hands of a cunning workman. |
| 2 | သင်၏ခါးသည် အရည်နှင့်ပြည့်သော ဖလားလုံး ဖြစ်ပါ၏။ ဝမ်းသည်လည်း နှင်းပန်းစီချယ်သော စပါးပုံ ဖြစ်ပါ၏။ | Thy navel is like a round goblet, which wanteth not liquor: thy belly is like an heap of wheat set about with lilies. |
| 3 | သင်၏ရင်သားနှစ်ဘက်တို့သည် ဒရယ်သငယ် အမွှာနှင့် တူကြပါ၏။ | Thy two breasts are like two young roes that are twins. |
| 4 | လည်ပင်းသည်ဆင်စွယ်ရဲတိုက် ကဲ့သို့၎င်း၊ မျက်စိတို့သည် ဟေရှဘုန်မြို့၊ ဗာသရဗ္ဗိမ်တံခါးနားမှာ ရှိသောရေကန်ကဲ့သို့၎င်း၊ နှာခေါင်းသည် ဒမာသက်မြို့သို့ မျက်နှာပြုသော လေဗနုန်ရဲတိုက်ကဲ့သို့၎င်း ဖြစ်ပါ၏။ | Thy neck is as a tower of ivory; thine eyes like the fishpools in Heshbon, by the gate of Bath–rabbim: thy nose is as the tower of Lebanon which looketh toward Damascus. |
| 5 | သင်၏ဦခေါင်းသည် ကရမေလတောင်နှင့် တူ၍၊ ဆံပင်သည်လည်း နီမောင်းသော တန်ဆာဆင်ပါ ၏။ မင်းကြီးသည် ကျစ်သောဆံပင်နှင့် နှောင်ဖွဲ့လျက် ရှိတော်မူ၏။ | Thine head upon thee is like Carmel, and the hair of thine head like purple; the king is held in the galleries. |
| 6 | ငါချစ်သောနှမ၊ ငါပျော်မွေ့ဘို့ရာ သင်သည် အလွန်လှပေ၏။ အလွန်ချစ်ဘွယ်သော လက္ခဏာနှင့် ပြည့်စုံပေ၏။ | How fair and how pleasant art thou, O love, for delights! |
| 7 | သင်၏အရပ်သည် စွန်ပလွံပင်ကဲ့သို့ဖြစ်၍၊ သင်၏ရင်သားတို့လည်း စွန်ပလွံသီးပြွတ်နှင့်တူကြ၏။ | This thy stature is like to a palm tree, and thy breasts to clusters of grapes. |
| 8 | စွန်ပလွံပင်ကို ငါတက်မည်၊ အကိုင်းအခက် တို့ကို ကိုင်မည်ဟု ငါဆိုသော်၊ တဖန်သင်၏ရင်သားတို့ သည် စပျစ်သီးပြွတ်ကဲ့သို့၎င်း၊ သင်ရူသောအသက်အနံ့ သည် ရှောက်ချိုသီးအနံ့ကဲ့သို့၎င်း၊ | I said, I will go up to the palm tree, I will take hold of the boughs thereof: now also thy breasts shall be as clusters of the vine, and the smell of thy nose like apples; |
| 9 | သင်၏နှုတ်သည်လည်း အကောင်းဆုံးသော စပျစ်ရည်ကဲ့သို့၎င်း ဖြစ်၏။ | And the roof of thy mouth like the best wine for my beloved, that goeth down sweetly, causing the lips of those that are asleep to speak. |
| 10 | ငါချစ်ရာသခင်သည် ငါ့ကိုဆိုင်တော်မူ၏။ ငါ့အလိုသို့လည်း လိုက်တော်မူတတ်၏။ | I am my beloved’s, and his desire is toward me. |
| 11 | ကြွလာတော်မူပါ၊ ငါချစ်ရာသခင်။ ကြွလာတော် မူပါ။ တောအရပ်သို့ ထွက်သွား၍ ရွာတို့၌ ညဉ့်ကိုလွန်စေ ကြကုန်အံ့။ | Come, my beloved, let us go forth into the field; let us lodge in the villages. |
| 12 | နံနက်စောစောထ၍ စပျစ်ဥယျာဉ်သို့သွားကြ ကုန်အံ့။ စပျစ်နွယ်ပင် သန်သည်မသန်သည်ကို၎င်း၊ အပွင့်များသည် မများသည်ကို၎င်း၊ သလဲပင်ပွင့်သည် မပွင့်သည်ကို၎င်း၊ ကြည့်ရှုကြကုန်အံ့၊ ထိုအရပ်၌ ကျွန်မ၏ မေတ္တာကို ကိုယ်တော်၌ အပ်ပေးပါမည်။ | Let us get up early to the vineyards; let us see if the vine flourish, whether the tender grape appear, and the pomegranates bud forth: there will I give thee my loves. |
| 13 | အနုဆေးပင်တို့သည် မွှေးကြိုင်ကြပါ၏။ ငါတို့ တံခါးနားမှာ ချိုသောအသီးမျိုး အသစ်အဟောင်းတို့ကို ကိုယ်တော်ဘို့ ကျွန်မသိုထားပါပြီ၊ ငါချစ်ရာသခင်။ ထိုစပျစ်ရည်သည် ငါချစ်ရာသခင်အဘို့ ဖြောင့် စွာ စီးတတ်ပါ၏။ အိပ်ပျော်သောသူတို့၏ နှုတ်ခမ်းသို့ အမှတ်တမဲ့ ရောက်တတ်ပါ၏။ | The mandrakes give a smell, and at our gates are all manner of pleasant fruits, new and old, which I have laid up for thee, O my beloved. |
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL