아가 2장 Judson (1835)
Judson (1835) · 미얀마어 · 아가 (Song of Songs) · 17절 · 대역: King James Version
| 절 | Judson (1835) | King James Version |
|---|---|---|
| 1 | ကျွန်မသည် ရှာရုန်အရပ်နှင့်ဆီးပွင့်၊ ကွင်းပြင် ပေါက်သော နှင်းပွင့်မျှသာဖြစ်ပါ၏။ | I am the rose of Sharon, and the lily of the valleys. |
| 2 | ဆူးတောထဲမှာ နှင်းပွင့်ထင်သကဲ့သို့၊ ငါချစ် သောသတို့သမီးသည် လူမျိုးသမီးစုထဲမှာထင်ပေ၏။ | As the lily among thorns, so is my love among the daughters. |
| 3 | တောပင်စုထဲမှာ ရှောက်ချိုပင်ကဲ့သို့ ငါချစ်ရာ သခင်သည် လူမျိုးသားစုထဲမှာ ဖြစ်တော်မူ၏။ ငါသည် သူ၏အရိပ်ဝယ် ပျော်မွေ့နေထိုင်၍၊ မြိန်စွာသော အသီး ကို စားရ၏။ | As the apple tree among the trees of the wood, so is my beloved among the sons. I sat down under his shadow with great delight, and his fruit was sweet to my taste. |
| 4 | ပွဲခံရာအိမ်သို့ ငါ့ကိုဆောင်သွား၍၊ မေတ္တာတော် အလံကို ငါ့အပေါ်မှာ မိုးတော်မူပြီ။ | He brought me to the banqueting house, and his banner over me was love. |
| 5 | ငါသည်ချစ်ခြင်းအားဖြင့် ကြင်နာသည်ဖြစ်၍၊ ငါ့ကိုစပျစ်သီးပျဉ်နှင့် အားဖြင့်ကြပါ။ ရှောက်ချိုသီးကို ကျွေး၍သက်သာ စေကြပါ။ | Stay me with flagons, comfort me with apples: for I am sick of love. |
| 6 | သင်၏ လက်ဝဲဘက်သည် ငါ့ခေါင်းကို ထောက် မလျက်၊ လက်ျားလက်သည် ငါ့ကိုဘက်လျက်နေတော် မူပါစေ။ | His left hand is under my head, and his right hand doth embrace me. |
| 7 | ယေရုရှလင်မြို့သမီးတို့၊ ငါချစ်သော သတို့သမီး သည် အလိုလိုမနိုးမှီတိုင်အောင်၊ မလှုပ်မနှိုးမည် အကြောင်း၊ တော၌ ကျင်လည်သော သမင်ဒရယ်များကို တိုင်တည်၍ သင်တို့ကို ငါမှာထား၏။ | I charge you, O ye daughters of Jerusalem, by the roes, and by the hinds of the field, that ye stir not up, nor awake my love, till he please. |
| 8 | ငါချစ်ရာသခင်၏စကားသံပေ။ ကြည့်ပါ။ တောင်ကြီးတောင်ငယ်တို့ကို ခုန်ကျော်လျက်ကြွလာ၏။ | The voice of my beloved! behold, he cometh leaping upon the mountains, skipping upon the hills. |
| 9 | ငါချစ်ရာသခင်သည် သမင်ဒရယ် သငယ်နှင့် တူ၏။ ကြည့်ပါ။ အုတ်ရိုးပြင်မှာရပ်တော်မူ၏။ ပြတင်း ပေါက်ဝတွင် ကြည့်လျက်၊ ပြတင်းရွက်ကြားမှာ ကိုယ်ကို ပြလျက်နေတော်မူ၏။ | My beloved is like a roe or a young hart: behold, he standeth behind our wall, he looketh forth at the windows, shewing himself through the lattice. |
| 10 | ငါချစ်ရာ သခင်သည် ခေါ်၍ပြောသည်ကား၊ ငါချစ်သောနှမ၊ ငါ၏မိန်းမလှ၊ ထ၍လာခဲ့ပါ။ | My beloved spake, and said unto me, Rise up, my love, my fair one, and come away. |
| 11 | ဆောင်းကာလလွန်ပြီ။ မိုဃ်းလည်းကြည်လင်ပြီ။ | For, lo, the winter is past, the rain is over and gone; |
| 12 | မြေကြီးပေါ်မှာ ပန်းများ ပွင့်ကြပြီ။ ငှက်တို့ မြည်တွန်ချိန်လည်း ရောက်လေပြီ။ ငါတို့မြေ၌ ချိုးငှက် တွန်သံကိုလည်း ကြာရ၏။ | The flowers appear on the earth; the time of the singing of birds is come, and the voice of the turtle is heard in our land; |
| 13 | သင်္ဘောသဖန်းပင်သည် စိမ်းသောအသီးကို မှည့်စေ၏။ စပျစ်နွယ်ပင်လည်း ပွင့်လျက်မွှေးကြိုင်၏။ ငါချစ်သောနှမ၊ ငါ၏မိန်းမလှ၊ ထ၍လာခဲ့ပါ။ | The fig tree putteth forth her green figs, and the vines with the tender grape give a good smell. Arise, my love, my fair one, and come away. |
| 14 | တောင်ပေါ်၌ ခိုလှုံရာကျောက်ကြားတွင် ရှိသော ငါ၏ချိုးငှက်၊ သင်၏မျက်နှာကိုမြင်ပါရစေ။ သင်၏စကား သံကို ကြားပါရစေ။ သင်၏စကားသံသည် ချို၏။ သင်၏ မျက်နှာလည်း လှ၏။ | O my dove, that art in the clefts of the rock, in the secret places of the stairs, let me see thy countenance, let me hear thy voice; for sweet is thy voice, and thy countenance is comely. |
| 15 | စပျစ်နွယ်ပင်တို့ကို ဖျက်လတံ့သော မြေခွေးများ နှင့် မြေခွေးကလေးများကို ငါတို့ကို ဘမ်းကြလော့။ ငါတို့ စပျစ်နွယ်ပင်တို့သည် အပွင့်ပွင့်လျက်ရှိကြ၏။ | Take us the foxes, the little foxes, that spoil the vines: for our vines have tender grapes. |
| 16 | ငါချစ်ရာသခင်ကိုငါဆိုင်ပေ၏။ ငါ့ကိုလည်း သခင်ဆိုင်ပေ၏။ နှင်းတော၌ ကျက်စားတော်မူ၏။ | My beloved is mine, and I am his: he feedeth among the lilies. |
| 17 | မိုဃ်းမသောက်၊ မှောင်မိုက်အရိပ်မပြေးမှီ၊ ငါ ချစ်ရာသခင်၊ ဗေသာတောင်ပေါ်မှာ သမင်ဒရယ်သငယ် ကဲ့သို့ တဖန်ပြုတော်မူပါ။ | Until the day break, and the shadows flee away, turn, my beloved, and be thou like a roe or a young hart upon the mountains of Bether. |
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL