로그인

시편 97편 Judson (1835)

Judson (1835) · 미얀마어 · 시편 (Psalms) · 12절

  1. 1 ထာဝရဘုရားသည် စိုးစံတော်မူ၏။ မြေကြီး သည် ဝမ်းမြောက်၍၊ ကျွန်းများတို့သည်လည်း ရွှင်လန်း ကြစေ။
  2. 2 မိုဃ်းတိမ်နှင့် မှောင်မိုက်တို့သည် ထာဝရဘုရား ၏ ပတ်ဝန်းကျင်တို့၌ရှိကြ၏။ တရားသဖြင့် စီရင်ခြင်း၊ ဖြောင့်မတ်စွာဆုံးဖြတ်ခြင်းသည် ပလ္လင်တော်၏တည်ရာ ဖြစ်၏။
  3. 3 မီးသည် ရှေ့တော်၌သွား၍၊ ရန်သူတို့ကို အလှည့် လှည့်လောင်လေ၏။
  4. 4 လျှပ်စစ်တော်သည် လောကဓါတ်ကို လင်းစေ ၏။ မြေကြီးသည် မြင်၍တုန်လှုပ်၏။
  5. 5 ထာဝရဘုရားရှေ့၊ မြေကြီးတပြင်လုံးကို အစိုးရ တော်မူသော အရှင်၏ရှေ့တော်၌၊ တောင်တို့သည် ဘယောင်းကဲ့သို့ အရည်ဖြစ်ကြ၏။
  6. 6 ဖြောင့်မတ်တော်မူခြင်းအကြောင်းကို ကောင်း ကင်တို့သည် ထင်ရှားစွာပြ၍၊ လူများအပေါင်းတို့သည် ဘုန်းတော်ကို မြင်ရကြ၏။
  7. 7 ရုပ်တုဆင်းတုကို ဝတ်ပြုသောသူ၊ အချည်းနှီး သက်သက်သောအရာ၌ ဝါကြွားသောသူ အပေါင်းတို့ သည် အရှက်ကွဲခြင်းရှိကြစေ။ ဘုရားအပေါင်းတို့၊ ထာဝရ ဘုရားကို ပြပ်ဝပ်ကိုးကွယ်ကြလော့။
  8. 8 အိုထာဝရဘုရား၊ ကိုယ်တော်သည် တရားစီရင် တော်မူချက်တို့အကြောင်းကြောင့်၊ ဇိအုန်မြို့သည်ကြား၍ ရွှင်လန်းပါ၏။ ယုဒသတို့သမီးတို့လည်း ဝမ်းမြောက်ကြ ပါ၏။
  9. 9 အိုထာဝရဘုရား၊ ကိုယ်တော်သည် မြေကြီးသား အပေါင်းတို့ထက် ကြီးမြင့်တော်မူ၏။ ဘုရားတကာတို့ ထက် အလွန်ချီးမြှောက်ခြင်း ရှိတော်မူ၏။
  10. 10 ထာဝရဘုရားကို ချစ်သောသူတို့၊ မကောင်း သောအမှုကို ရွံရှာကြလော့။ ကိုယ်တော်၏ သန့်ရှင်းသူတို့ ၏ အသက်ဝိညာဉ်ကို စောင့်မတော်မူ၍၊ မတရားသော သူတို့၏လက်မှလည်း ကယ်နှုတ်တော်မူ၏။
  11. 11 အလင်းသည် တရားသောသူအဘို့၊ ဝမ်းမြောက် ခြင်းသည် သဘောဖြောင့်သော သူတို့အဘို့ ပျိုးကြဲလျက် ရှိ၏။
  12. 12 ဖြောင့်မတ်သောသူတို့၊ ထာဝရဘုရားကို အမှီပြု ၍ ဝမ်းမြောက်ကြလော့။ သန့်ရှင်းသော နာမတော်ကို ချီးမွမ်းကြလော့။

Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗