시편 93편 Judson (1835)
Judson (1835) · 미얀마어 · 시편 (Psalms) · 5절 · 대역: King James Version
| 절 | Judson (1835) | King James Version |
|---|---|---|
| 1 | ထာဝရဘုရားသည် စိုးစံ၍၊ အာနုဘော်နှင့် တန်ဆာဆင်တော်မူ၏။ ထာဝရဘုရားသည် ထိုသို့ ဝတ်ဆင်၍၊ ခွန်အားကို ခါးပန်းစည်းတော်မူ၏။ သို့ဖြစ်၍၊ လောကဓာတ်သည် မလှုပ်မရှားနိုင်အောင် တည်လျက် ရှိ၏။ | The Lord reigneth, he is clothed with majesty; the Lord is clothed with strength, wherewith he hath girded himself: the world also is stablished, that it cannot be moved. |
| 2 | ကိုယ်တော်၏ ပလ္လင်သည် ရှေ့ဦးစွာမှစ၍ တည်ပါ၏။ ကိုယ်တော်သည် ရှေးကာလမှစ၍ အစဉ် အမြဲဖြစ်တော်မူ၏။ | Thy throne is established of old: thou art from everlasting. |
| 3 | အို ထာဝရဘုရား၊ မြစ်တို့သည် ထကြပါ၏။ မြစ်တို့သည် ဟုန်းသံကို ပေးကြပါ၏။ မြစ်တို့သည် လှိုင်းတံပိုးခတ်ကြပါ၏။ | The floods have lifted up, O Lord, the floods have lifted up their voice; the floods lift up their waves. |
| 4 | ရေများ ဟုန်းသံနှင့်တကွ သမုဒ္ဒရာ လှိုင်းတံပိုး တို့သည်အားကြီးသည်ထက်၊ ထာဝရဘုရားသည် မြင့် သော အရပ်၌သာ၍ တန်ခိုးကြီးတော်မူ၏။ | The Lord on high is mightier than the noise of many waters, yea, than the mighty waves of the sea. |
| 5 | သက်သေခံတော်မူချက်တို့သည် အလွန်မြဲမြံကြ ပါ၏။ အိုထာဝရဘုရား၊ သန့်ရှင်းခြင်းပါရမီသည် အစဉ် အမြဲ အိမ်တော်၏အသရေဖြစ်ပါသတည်း။ | Thy testimonies are very sure: holiness becometh thine house, O Lord, for ever. |
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL