로그인

시편 6편 Judson (1835)

Judson (1835) · 미얀마어 · 시편 (Psalms) · 10절 · 대역: King James Version

절Judson (1835)King James Version
1 အိုထာဝရဘုရား၊ အမျက်တော်ထွက်၍ အကျွန်ုပ်ကို အပြစ်တင်တော်မမူပါနှင့်။ ပြင်းစွာအမျက် ထွက်၍ ဆုံးမတော်မမူပါနှင့်။ O Lord, rebuke me not in thine anger, neither chasten me in thy hot displeasure.
2 အိုထာဝရဘုရား၊ အကျွန်ုပ်သည် ခွန်အားနည်း လှပါ၏။ ကယ်မသနားတော်မူပါ။ အိုထာဝရဘုရား၊ အကျွန်ုပ်အရိုးတို့သည် တုန်လှုပ်ကြပါ၏။ ကျန်းမာပကတိ ရှိစေတော်မူပါ။ Have mercy upon me, O Lord; for I am weak: O Lord, heal me; for my bones are vexed.
3 အကျွန်ုပ်စိတ်ဝိညာဉ်သည် အလွန်တုန်လှုပ်ပါ ၏။ အိုထာဝရဘုရား၊ ကိုယ်တော်သည် အဘယ်မျှကာလ ပတ်လုံးနေတော်မူမည်နည်း။ My soul is also sore vexed: but thou, O Lord, how long?
4 အိုထာဝရဘုရား၊ တဖန်ကြွလာ၍ အကျွန်ုပ် စိတ်ဝိညာဉ်ကို ကယ်ယူတော်မူပါ။ ကရုဏာတော်နှင့် အညီ အကျွန်ုပ်ကို ကယ်တင်တော်မူပါ။ Return, O Lord, deliver my soul: oh save me for thy mercies’ sake.
5 အကြောင်းမူကား၊ သေလျက်နေစဉ်တွင် ကိုယ် တော်ကို အောက်မေ့ခြင်းမရှိပါ။ မရဏနိုင်ငံတွင် ကျေးဇူး တော်ကို အဘယ်သူချီးမွမ်းပါမည်နည်း။ For in death there is no remembrance of thee: in the grave who shall give thee thanks?
6 အကျွန်ုပ်သည် ညည်းတွား၍ ပင်ပန်းလှပါ၏။ အကျွန်ုပ်ခုတင်ကို ကိုယ်မျက်ရည်၌ တညဉ့်လုံးမျှော၍၊ အိပ်ရာကိုလည်း မွန်းစေပါ၏။ I am weary with my groaning; all the night make I my bed to swim; I water my couch with my tears.
7 ဝမ်းနည်းခြင်းအားဖြင့် မျက်စိပျက်၍၊ ရန်သူ များကြောင့် ပြာမှုန်လျက် ရှိပါ၏။ Mine eye is consumed because of grief; it waxeth old because of all mine enemies.
8 မတရားသဖြင့်ပြုသောသူအပေါင်းတို့၊ ငါ့ထံမှ ဖယ်သွားကြ။ ငါငိုကြွေးသံကို ထာဝရဘုရား ကြားတော် မူ၏။ Depart from me, all ye workers of iniquity; for the Lord hath heard the voice of my weeping.
9 ငါတောင်းပန်ခြင်းကို ထာဝရဘုရား ကြားတော် မူ၏။ ငါပြုသော ပဌနာစကားကို ထာဝရဘုရား နာယူတော်မူ၏။ The Lord hath heard my supplication; the Lord will receive my prayer.
10 ငါ့ရန်သူအပေါင်းတို့သည် ရှက်ကြောက် ၍ ဆုံးရှုံးခြင်း ရှိကြလိမ့်မည်။ ချက်ခြင်းပြန်သွား၍ ရှက် ကြောက်ခြင်သို့ရောက်ကြလိမ့်မည်။ Let all mine enemies be ashamed and sore vexed: let them return and be ashamed suddenly.

Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL