시편 53편 Judson (1835)
Judson (1835) · 미얀마어 · 시편 (Psalms) · 6절 · 대역: King James Version
| 절 | Judson (1835) | King James Version |
|---|---|---|
| 1 | ဘုရားသခင်မရှိဟု မိုက်သောသူသည် ထင်တတ် ၏။ ထိုသို့သော သူတို့သည် ဆေးမြေ့ယိုယွင်း၍ စက်ဆုပ် ဘွယ်သော ဒုစရိုက်ကို ပြုတတ်ကြ၏။ ကောင်းသောအမှု ကို ပြုသော သူတယောက်မျှမရှိ။ | The fool hath said in his heart, There is no God. Corrupt are they, and have done abominable iniquity: there is none that doeth good. |
| 2 | နားလည်သောသူ၊ ဘုရားသခင်ကိုရှာသောသူ တစုံတယောက်ရှိသည် မရှိသည်ကို သိမြင်ခြင်းငှါ ဘုရား သခင်သည် ကောင်းကင်ပေါ်က လူသားတို့ကို ငုံ့၍ ကြည့်ရှုတော်မူ၍၊ | God looked down from heaven upon the children of men, to see if there were any that did understand, that did seek God. |
| 3 | လူအပေါင်းတို့သည် ဆုတ်သွားကြပြီ။ တညီ တညွတ်တည်း ဆွေးမြေ့ယိုယွင်းခြင်းရှိကြ၏။ ကောင်း သောအကျင့်ကို ကျင့်သောသူမရှိ။ တတောက်မျှမရှိ။ | Every one of them is gone back: they are altogether become filthy; there is none that doeth good, no, not one. |
| 4 | မုန့်ကိုစားသကဲ့သို့ ငါ၏လူတို့ကို ကိုက်စား၍၊ ဘုရားသခင်ကို ပဌနာမပြုသော အဓမ္မလူတို့သည် မသိဘဲနေရကြသလော့။ | Have the workers of iniquity no knowledge? who eat up my people as they eat bread: they have not called upon God. |
| 5 | သို့ဖြစ်၍ ကြောက်လန့်စရာမရှိသော်လည်း၊ အလွန်ကြောက်လန့်ကြလိမ့်မည်။ အကြောင်းမူကား၊ သင့်ကိုဝန်ရံ၍ တပ်ချသောသူ၏ အရိုးတို့ကို ဘုရားသခင် သည် ဖရိုဖရဲကွဲပြားစေတော်မူမည်။ သူတို့ကို ဘုရား သခင် ရှုတ်ချတော်မူသောကြောင့်၊ သင်သည် သူတို့ကို အရှက်ခွဲရလိမ့်မည်။ | There were they in great fear, where no fear was: for God hath scattered the bones of him that encampeth against thee: thou hast put them to shame, because God hath despised them. |
| 6 | ဣသရေလအမျိုးကို ကယ်တင်ခြင်း ကျေးဇူး တော်သည် ဇိအုန်းတောင်ပေါ်မှာ ပေါ်ထွန်းပါစေသော။ သိမ်းသွားခြင်းကို ခံရသောလူမျိုးတော်ကို တဖန် ဘုရား သခင်သည် ဆောင်ခဲ့တော်မူသောအခါ၊ ယာကုပ်သည် ဝမ်းမြောက်ခြင်း၊ ဣသရေလသည်လည်း ရွှင်လန်းခြင်း ရှိလိမ့်မည်။ | Oh that the salvation of Israel were come out of Zion! When God bringeth back the captivity of his people, Jacob shall rejoice, and Israel shall be glad. |
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL