로그인

시편 32편 Judson (1835)

Judson (1835) · 미얀마어 · 시편 (Psalms) · 11절

  1. 1 အပြစ်မှလွှတ်ခြင်း၊ ဒုစရိုက်အပြစ်ကို ဖုံးအုပ် ခြင်းသို့ ရောက်သောသူသည် မင်္ဂလာရှိ၏။
  2. 2 ထားဝရဘုရား အပြစ်တင်တော်မူခြင်းနှင့် လွတ် ၍၊ လှည့်စားတတ်သော စိတ်သဘောနှင့် ကင်းစင်သော သူသည် မင်္ဂလာရှိ၏။
  3. 3 ငါသည် အပြစ်ကိုမဘော်မပြဘဲ နေစဉ်အခါ၊ တနေ့လုံးညည်း တွားသောအားဖြင့်၊ ငါ့အရိုးတို့သည် ဆွေးမြေ့ခြင်းသို့ ရောက်ကြ၏။
  4. 4 နေ့ညဉ့်မပြတ် ကိုယ်တော်၏လက်သည် အကျွန်ုပ်အပေါ်မှာ လေး၍၊ အကျွန်ုပ်၏ ချွေးရည်သည် နွေကာလ၌ သွေ့ခြောက်ခြင်းကဲ့သို့ ဖြစ်ပါ၏။
  5. 5 တဖန်အကျွန်ုပ်သည် ကိုယ်အပြစ်ကိုရှေ့တော်၌ ဝန်ချပါ၏။ ပြု မိသောဒုစရိုက်ကို ဝှက်၍မထားပါ။ ငါလွန်ကျူးသောအရာကို ထာဝရဘုရားအား ဘော်ပြ တောင်းပန်မည်ဟုပြောဆိုသောအခါ၊ ကိုယ်တော်သည် အကျွန်ုပ်ပြစ်မှားခြင်းအပြစ်ကို လွှတ်တော်မူ၏။
  6. 6 ထိုကြောင့် ကိုယ်တော်ကို တွေ့သင့်သော အချိန် ကာလ၌၊ သန့်ရှင်းသူအပေါင်းတို့သည် ရှေ့တော်၌ တောင်းလျှောက်ကြပါလိမ့်မည်။ အကယ်စင်စစ် လွှမ်မိုး တတ်သောရေကြီးသည် သူတို့ထံသို့ မချဉ်းရပါ။
  7. 7 ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ ဖြစ်တော် မူ၏။ အကျွန်ုပ်ကို ဘေးလွှတ်စေခြင်းငှါ ကွယ်ကာ စောင့်မတော်မူ၏။ ကယ်လွှတ်ကြောင်းကို ဆိုသောသီချင်း နှင့် အကျွန်ုပ်ကို ခြံရံစေတော်မူ၏။
  8. 8 သင့်ကိုငါသွန်သင်မည်။ သင်သွားရမည့်လမ်းကို ပြညွှန်မည်။ သင့်ကိုကြည့်ရှုပြုစုမည်။ ဉာဏ်ပညာမဲ့သော မြင်လားကဲ့သို့ မဖြစ်နှင့်။
  9. 9 သူသည်သင့်ထံသို့ မချဉ်းကပ်သောကြောင့်၊ ပစပ်ကို ဇက်ခွံ့၍၊ ဇက်ကြိုးနှင့်ဆွဲရမည်။
  10. 10 မတရားသောသူသည် များစွာသောဒုက္ခကို ခံရ၏။ ထာဝရဘုရား၌ ကိုးစားသောသူကိုကား၊ ကရုဏာ တော်သည် ဝန်းရံတတ်၏။
  11. 11 ဖြောင့်မတ်သောသူတို့၊ ထာဝရဘုရား၌ ဝမ်း မြောက်ရွှင်လန်းကြလော့။ သဘောဖြောင့်သောသူတို့၊ ရွှင်လန်းစွာ သီချင်းဆိုကြလော့။

Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗