시편 18편 Judson (1835)
Judson (1835) · 미얀마어 · 시편 (Psalms) · 50절 · 대역: King James Version
| 절 | Judson (1835) | King James Version |
|---|---|---|
| 1 | အိုထာဝရဘုရား၊ အကျွန်ုပ်၏ ခွန်အားဗလ တည်းဟူသော ကိုယ်တော်ကို အကျွန်ုပ်ချစ်ပါ၏။ | I will love thee, O Lord, my strength. |
| 2 | ထာဝရဘုရားသည် ငါ၏ကျောက်၊ ငါ၏မြို့ရိုး၊ ငါ့ကိုကယ်လွှတ်သောသခင်၊ ငါ၏ဘုရား၊ ငါကိုးစားသော အစွမ်းသတ္တိ၊ ငါ၏ အကွယ်အကာ၊ ငါ့ကိုကယ်တင်သော ဦးချို၊ ငါ၏ရဲတိုက်ဖြစ်တော်မူ၏။ | The Lord is my rock, and my fortress, and my deliverer; my God, my strength, in whom I will trust; my buckler, and the horn of my salvation, and my high tower. |
| 3 | ချီးမွမ်းအပ်သော ထာဝရဘုရားကို ငါတောင်း လျှောက်၍ ရန်သူတို့ လက်မှကယ်တင်ခြင်းသို့ ရောက်၏။ | I will call upon the Lord, who is worthy to be praised: so shall I be saved from mine enemies. |
| 4 | သေခြင်းကြိုးတို့သည် ငါ့ကိုဝိုင်းမိ၍၊ ဖျက်ဆီး တတ်သော ရေစီးခြင်းကြောင့် ငါကြောက်လန့်ရ၏။ | The sorrows of death compassed me, and the floods of ungodly men made me afraid. |
| 5 | မရဏာနိုင်ငံ၏ ကြိုးတို့သည်ဝိုင်း၍၊ သေမင်း၏ ကျော့ကွင်းသည် ငါ့ကိုကျော့မိလျက် ရှိ၏။ | The sorrows of hell compassed me about: the snares of death prevented me. |
| 6 | ထိုသို့ငါသည် ဆင်းရဲငြိုငြင်သောအခါ ထာဝရ ဘုရားကိုခေါ်၍၊ ငါ၏ဘုရားသခင်ကို အော်ဟစ်လေ၏။ ခေါ်သောအသံကို ဗိမာန်တော်ထဲ မှာကြားတော်မူ၍၊ အော်ဟစ်သောအသံသည် နားတော်ထဲသို့ ဝင်လေ၏။ | In my distress I called upon the Lord, and cried unto my God: he heard my voice out of his temple, and my cry came before him, even into his ears. |
| 7 | ထိုအခါ အမျက်တော်ထွက်သောအားဖြင့် မြေကြီးတုန်လှုပ်၍၊ တောင်အမြစ်တို့သည် တရွေ့ရွေ့ လှုပ်ရှားကြ၏။ | Then the earth shook and trembled; the foundations also of the hills moved and were shaken, because he was wroth. |
| 8 | နှာခေါင်းတော်ထဲက မီးခိုးထွက်၍၊ နှုတ်တော် ထဲက မီးလောင်သောအားဖြင့်၊ မီးခဲတောက်လေ၏။ | There went up a smoke out of his nostrils, and fire out of his mouth devoured: coals were kindled by it. |
| 9 | မိုဃ်းကောင်းကင်ကိုညွှတ်သဖြင့် ဆင်းသက် တော်မူ၍၊ ခြေဘဝါးတော်အောက်၌ မှောင်မိုက်ဖြစ်လေ ၏။ | He bowed the heavens also, and came down: and darkness was under his feet. |
| 10 | ခေရုဗိမ်ကိုစီးလျက် ပျံတော်မူ၏။ လေ၏ အတောင်တို့အပေါ် မှာလျင်စွာ ပျံတော်မူ၏။ | And he rode upon a cherub, and did fly: yea, he did fly upon the wings of the wind. |
| 11 | မှောင်မိုက်ထဲမှာ ပုန်းကွယ်တော်မူ၍၊ တခဲနက် သောရေနှင့်ထူထပ်သော မိုဃ်းတိမ်တို့သည် ကိုယ်တော် ကို ကာရံလျက်ရှိကြ၏။ | He made darkness his secret place; his pavilion round about him were dark waters and thick clouds of the skies. |
| 12 | ရှေ့တော်၌ ရောင်ခြည်ကြောင့်တိမ်ထပ်တို့သည် မိုဃ်းသီးနှင့် မီးခဲပါလျက် လွင့်ကြ၏။ | At the brightness that was before him his thick clouds passed, hail stones and coals of fire. |
| 13 | ထာဝရဘုရားသည်လည်း၊ ကောင်းကင်ပေါ်မှာ မိုဃ်းချုန်း၍၊ အမြင့်ဆုံးသော ဘုရားသည် အသံတော်ကို လွှင့်တော်မူ၏။ | The Lord also thundered in the heavens, and the Highest gave his voice; hail stones and coals of fire. |
| 14 | လေးမြှားတော်တို့ကိုပစ်၍ လျှပ်စစ်ပြက်စေ သဖြင့်၊ ရန်သူတို့ကို အရပ်ရပ်သို့ခွဲ၍ ရှုံးစေတော်မူ၏။ | Yea, he sent out his arrows, and scattered them; and he shot out lightnings, and discomfited them. |
| 15 | ထိုအခါ အိုထာဝရဘုရား၊ ကိုယ်တော်သည် အပြစ်တင်၍ နှာခေါင်းတော်ထဲက အသက်ရှုတော်မူ သောအားဖြင့်၊ သမုဒ္ဒရာအောက်ပြင်နှင့် လောကတိုက် မြစ်တို့သည်ပွင့်လစ် ထင်ပေါ်လျက်ရှိကြ၏။ | Then the channels of waters were seen, and the foundations of the world were discovered at thy rebuke, O Lord, at the blast of the breath of thy nostrils. |
| 16 | ထာဝရဘုရားသည် အထက်အရပ်က လက် တော်ကို ဆန့်၍၊ တခဲနက်သောရေထဲက ငါ့ကို ဆယ်ယူ တော်မူ၏။ | He sent from above, he took me, he drew me out of many waters. |
| 17 | ငါ့ကိုမုန်းသောသူတည်းဟူသော ငါပြိုင်၍မနိုင် နိုင်အောင် ခွန်အားကြီးသော ရန်သူတို့လက်မှ ငါ့ကို ကယ်လွှတ်တော်မူ၏။ | He delivered me from my strong enemy, and from them which hated me: for they were too strong for me. |
| 18 | ဘေးဥပဒ်ရောက်သောကာလ၌ သူတို့သည် ဆီးတားသော်လည်း၊ ထာဝရဘုရားသည်ငါမှီခိုရာဖြစ်၍၊ | They prevented me in the day of my calamity: but the Lord was my stay. |
| 19 | ငါ့ကိုကျယ်ဝန်းရာအရပ်သို့ ပို့ဆောင်တော်မူ၏။ ငါ့ကိုနှစ်သက်သောကြောင့် ကယ်လွှတ်တော်မူ၏။ | He brought me forth also into a large place; he delivered me, because he delighted in me. |
| 20 | ငါဖြောင့်မတ်ခြင်းရှိသည်အလျောက်၊ ထာဝရ ဘုရားသည် အကျိုးကို ပေး၍၊ ငါ့လက်စင်ကြယ်ခြင်း၏ အကျိုးကို စီရင်တော်မူ၏။ | The Lord rewarded me according to my righteousness; according to the cleanness of my hands hath he recompensed me. |
| 21 | အကြောင်းမူကား၊ ငါသည်ထာဝရဘုရား၏ လမ်းတော်သို့ အစဉ်လိုက်၏။ ငါ၏ဘုရားသခင့်ထံမှ ပြစ်မှား၏မသွား။ | For I have kept the ways of the Lord, and have not wickedly departed from my God. |
| 22 | စီရင်တော်မူချက်ရှိသမျှကို ငါသည် မျက်မှောက် ပြု၏။ အထုံးအဖွဲ့တော်တို့ကို မပယ်၊ | For all his judgments were before me, and I did not put away his statutes from me. |
| 23 | ရှေ့တော်မှာဖြောင့်မတ်၍၊ ကိုယ်ဒုစရိုက်ကို ကြဉ် ရှောင်၏။ | I was also upright before him, and I kept myself from mine iniquity. |
| 24 | ထိုကြောင့် ရှေ့တော်မှာထင်ရှားသော ငါ၏ ဖြောင့်မတ်ခြင်း၊ လက်စင်ကြယ်ခြင်းရှိသည်နှင့် အလျောက် ထာဝရဘုရားသည် ငါ၌ အကျိုးကို ပေးတော်မူပြီ။ | Therefore hath the Lord recompensed me according to my righteousness, according to the cleanness of my hands in his eyesight. |
| 25 | သနားတတ်သောသူအား ကိုယ်တော်သည် သနားခြင်းသဘောကို၎င်း၊ ဖြောင့်မတ်သောသူအား ဖြောင့်မတ်ခြင်း သဘောကို၎င်း၊ | With the merciful thou wilt shew thyself merciful; with an upright man thou wilt shew thyself upright; |
| 26 | သန့်ရှင်းသောသူအား သန့်ရှင်းခြင်းသဘော ကို၎င်း၊ ဆန့်ကျင်သော သူအားဆန့်ကျင်သောသဘော ကို၎င်း ပြတော်မူ၏။ | With the pure thou wilt shew thyself pure; and with the froward thou wilt shew thyself froward. |
| 27 | နှိမ့်ချလျက်ရှိသောသူတို့ကို ကိုယ်တော်သည် ကယ်တင်၍၊ ထောင်လွှားသော မျက်နှာကိုမူကား ရှုတ်ချ တော်မူ၏။ | For thou wilt save the afflicted people; but wilt bring down high looks. |
| 28 | အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ မီးခွက်ကို ထွန်း၍၊ အကျွန်ုပ်၏ဘုရားသခင်သည် အကျွန်ုပ်၏မှောင်မိုက်ကို လင်းစေတော်မူ၏။ | For thou wilt light my candle: the Lord my God will enlighten my darkness. |
| 29 | အကျွန်ုပ်သည် ကိုယ်တော်ကိုအမှီပြု၍၊ တပ်ကို ဖျက်ပါပြီ။ အကျွန်ုပ်၏ဘုရားသခင်ကို အမှီပြုလျက် မြို့ရိုးကို ကျော်၍ ဝင်ပါပြီ။ | For by thee I have run through a troop; and by my God have I leaped over a wall. |
| 30 | ဘုရားသခင် စီရင်တော်မူသော အမှုသည် စုံလင်၏။ ထာဝရဘုရား၏သစ္စာတော်သည် အစစ်ခံ၍ တည်၏။ ခိုလှုံသော သူအပေါင်းတို့၏ အကွယ်အကာ ဖြစ်တော်မူ၏။ | As for God, his way is perfect: the word of the Lord is tried: he is a buckler to all those that trust in him. |
| 31 | ထာဝရဘုရားမှတပါး အဘယ်ဘုရားသခင် ရှိသနည်း။ ငါတို့ ဘုရားသခင်မှတပါး အဘယ်မည်သော ကျောက်ရှိသနည်း။ | For who is God save the Lord? or who is a rock save our God? |
| 32 | ထိုဘုရားသခင်သည် ငါ့ကိုခွန်အား ခါးပန်းနှင့် စည်း၍ ငါသွားရာ လမ်းကို ဖြောင့်စေတော်မူ၏။ | It is God that girdeth me with strength, and maketh my way perfect. |
| 33 | ငါ့ခြေကို သမင်ခြေကဲ့သို့ လျင်မြန်စေ၍၊ ငါ၏ မြင့်ရာအရပ်ပေါ်မှာ ငါ့ကိုတင်ထားတော်မူ၏။ | He maketh my feet like hinds’ feet, and setteth me upon my high places. |
| 34 | ငါ့လက်ကို စစ်မှု၌လေ့ကျက်စေခြင်းငှါ သွန်သင် တော်မူ၍၊ ကြေးဝါးလေးကို ငါ့လက်ရုံးနှင့် ငါတင်နိုင်၏။ | He teacheth my hands to war, so that a bow of steel is broken by mine arms. |
| 35 | ကိုယ်တော်သည် ကယ်တင်တော်မူခြင်း ဒိုင်း လွှားကို အပ်၍၊ လက်ျာလက်တော်အားဖြင့် မစတော် မူ၏။ သည်းခံတော်မူခြင်းအားဖြင့် အကျွန်ုပ်သည် ချီးမြှောက်ခြင်းသို့ ရောက်ပါ။ | Thou hast also given me the shield of thy salvation: and thy right hand hath holden me up, and thy gentleness hath made me great. |
| 36 | အကျွန်ုပ်သွားသောလမ်းကို ရှင်းလင်း၍ ခြေ မချော်စေခြင်းငှါ ပြုတော်မူသောအားဖြင့်၊ | Thou hast enlarged my steps under me, that my feet did not slip. |
| 37 | အကျွန်ုပ်သည် ရန်သူတို့ကို လိုက်၍မှီသဖြင့်၊ သူတို့ကို မပယ်ရှင်းမှီတိုင်အောင် မပြန်ပါ။ | I have pursued mine enemies, and overtaken them: neither did I turn again till they were consumed. |
| 38 | သူတို့သည် အကျွန်ုပ်ခြေအောက်မှာ လဲလျက် ရှိ၍ မထနိုင်အောင် အကျွန်ုပ်သည် နှိပ်နင်းပါ၏။ | I have wounded them that they were not able to rise: they are fallen under my feet. |
| 39 | အကြောင်းမူကား၊ စစ်တိုက်ခြင်းငှါ ကိုယ် တော်သည် အကျွန်ုပ်ကို ခွန်အားခါးပန်းနှင့်စည်း၍၊ အကျွန်ုပ်တဘက်၌ ထသောသူတို့ကို အကျွန်ုပ်အောက်မှာ လှဲတော်မူ၏။ | For thou hast girded me with strength unto the battle: thou hast subdued under me those that rose up against me. |
| 40 | အကျွန်ုပ်ကို မုန်းသောရန်သူတို့၏ လည်ပင်းကို အကျွန်ုပ်၌ အပ်၍၊ ဖျက်ဆီးရသောအခွင့်ကို ပေးတော် မူ၏။ | Thou hast also given me the necks of mine enemies; that I might destroy them that hate me. |
| 41 | သူတို့သည် အော်ဟစ်ကြသောအခါ၊ ကယ်တင် သောသူမရှိ။ ထာဝရဘုရားကို အော်ဟစ်သော်လည်း ထူးတော်မမူ။ | They cried, but there was none to save them: even unto the Lord, but he answered them not. |
| 42 | ထိုအခါအကျွန်ုပ်သည် သူတို့ကို လေတိုက်သော မြေမှုန့်ကိုကဲ့သို့၊ ညက်ညက်ချေပြီးမှ၊ လမ်း၌အမှိုက်ကို ကဲ့သို့ သွန်ပစ်လေ၏။ | Then did I beat them small as the dust before the wind: I did cast them out as the dirt in the streets. |
| 43 | လူစုတို့သည် ဆိုင်ပြိုင်တိုက်လှန်ခြင်းမှ အကျွန်ုပ် ကို ကယ်လွှတ်၍၊ တပါးအမျိုးသားတို့၏ အကဲအမှူးအရာ ၌ ခန့်ထားတော်မူသောအားဖြင့်၊ အကျွန်ုပ်မသိဘူးသော လူစုသည်အကျွန်ုပ်ထံ၌ ကျွန်ခံပါ၏။ | Thou hast delivered me from the strivings of the people; and thou hast made me the head of the heathen: a people whom I have not known shall serve me. |
| 44 | အကျွန်ုပ်စကားသံကို ကြားသည်ခဏခြင်းတွင် နားထောင်ပါ၏။ တပါးအမျိုးသားတို့သည် အကျွန်ုပ်ကို တောင်းပန်ကြပါ၏။ | As soon as they hear of me, they shall obey me: the strangers shall submit themselves unto me. |
| 45 | ညှိုးနွမ်းသည်ဖြစ်၍ ခိုလှုံရာအရပ်ထဲက တုန် လှုပ်လျက် ထွက်ကြပါ၏။ | The strangers shall fade away, and be afraid out of their close places. |
| 46 | ထာဝရဘုရားသည် အသက်ရှင်တော်မူသည် ဖြစ်၍၊ ငါ၏ကျောက်၌ မင်္ဂလာရှိပါစေသတည်း။ ငါ့ကို ကယ်တင်တော်မူသော ဘုရားသခင်၌ ချီးမြှောက်ခြင်း ရှိပါစေသတည်း။ | The Lord liveth; and blessed be my rock; and let the God of my salvation be exalted. |
| 47 | ငါ့ဘက်၌ တရားသဖြင့်စီရင်၍၊ လူစုတို့ကို ငါ့အောက်မှာ နှိမ့်ချသောသူကား ဘုရားသခင်ပေတည်း။ | It is God that avengeth me, and subdueth the people under me. |
| 48 | ရန်သူတို့လက်မှ ငါ့ကို ကယ်လွှတ်တော်မူ၏။ အကျွန်ုပ်တဘက်၌ ထသောသူတို့အပေါ်သို့ ကိုယ်တော် သည် အကျွန်ုပ်ကိုမြှောက်တင်၍၊ လုယူဖျက်ဆီးတတ် သောသူ၏လက်မှ ကယ်လွှတ်တော်မူ၏။ | He delivereth me from mine enemies: yea, thou liftest me up above those that rise up against me: thou hast delivered me from the violent man. |
| 49 | ထိုကြောင့် အိုထာဝရဘုရား၊ အကျွန်ုပ်သည် တပါးအမျိုးသားတို့တွင် ကျေးဇူးတော်ကို ချီးမွမ်း၍၊ နာမတော်ကို ထောမနာသီချင်း ဆိုပါမည်။ | Therefore will I give thanks unto thee, O Lord, among the heathen, and sing praises unto thy name. |
| 50 | ဘုရားသခင်သည် မိမိခန့်ထားသော မင်းကြီးကို အထူးသဖြင့် ကယ်လွှတ်တော်မူ၏။ ဘိသိက်တော်ကို ခံရသော ဒါဝိဒ်မှမစ၍ အမျိုးအနွယ်အား ကာလအစဉ် အဆက် ကရုဏာကျေးဇူးကို ပြုတော်မူ၏။ | Great deliverance giveth he to his king; and sheweth mercy to his anointed, to David, and to his seed for evermore. |
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL