로그인

시편 149편 Judson (1835)

Judson (1835) · 미얀마어 · 시편 (Psalms) · 9절

  1. 1 ထာဝရဘုရားရှေ့တော်၌ အသစ်သောသီချင်း ကို ဆို၍၊ သန့်ရှင်းသူတို့ စည်းဝေးရာ၌ ဂုဏ်တော်ကို ချီးမွမ်းကြလော့။
  2. 2 ဣသရေလအမျိုးသည် မိမိကိုဖန်ဆင်း တော်မူသော ဘုရားကိုအမှီပြု၍ ဝမ်းမြောက်စေ။ ဇိအုန် သားတို့သည် မိမိတို့ရှင်ဘုရင်ကို အမှီပြု၍ ရွှင်လန်း ကြစေ။
  3. 3 သူတို့သည် ကခုန်လျက် နာမတော်ကို ချီးမွမ်း ကြစေ။ ပတ်သာနှင့်စောင်းကို တီးလျက် ထောမနာ သီချင်းဆိုကြစေ။
  4. 4 အကြောင်းမူကား၊ ထာဝရဘုရားသည် မိမိလူစု ကို နှစ်သက်တော်မူ၏။ စိတ်နှိမ့်ချသောသူတို့ကို ကယ်တင်ခြင်းအားဖြင့် အသရေတင့်တယ်စေတော်မူ၏။
  5. 5 သန့်ရှင်းသူတို့သည် ဘုန်းကြီး၍ ဝမ်းမြောက် ဝမ်းသာကြစေ။ ကျိန်းဝပ်ရာပေါ်မှာ ရွှင်လန်းစွာ သီချင်း ဆိုကြစေ။
  6. 6 တပါးအမျိုးသားတို့အား တရားအတိုင်း အပြစ် ပေး၍၊ လူစုတို့အား ဒဏ်ခတ်ခြင်းငှါ၎င်း၊ သူတို့၏ ရှင်ဘုရင်များကို သံကြိုးနှင့် ချည်နှောင်၍၊ မှူးမတ်များ ကို သံခြေချင်းခတ်ခြင်းငှါ၎င်း၊ ကျမ်းစာ၌မှတ်သားသော အပြစ် စီရင်ခြင်းကိုသူတို့အား ပြုခြင်းငှါ၎င်း၊ သန့်ရှင်း သူတို့သည် ဘုရားသခင်၏ဂုဏ်တော်ကို နှုတ်နှင့်ချီးမွမ်း ၍၊ သန်လျင်ကို လက်နှင့်ကိုင်ကြစေ။ ထာဝရဘုရား၏ သန့်ရှင်းအပေါင်းတို့သည် ထိုသို့သောဘုန်းနှင့်ဆိုင်ကြ၏။ ဟာလေလုယ။
  7. 7 တပါးအမျိုးသားတို့အား တရားအတိုင်း အပြစ် ပေး၍၊ လူစုတို့အား ဒဏ်ခတ်ခြင်းငှါ၎င်း၊ သူတို့၏ ရှင်ဘုရင်များကို သံကြိုးနှင့် ချည်နှောင်၍၊ မှူးမတ်များ ကို သံခြေချင်းခတ်ခြင်းငှါ၎င်း၊ ကျမ်းစာ၌မှတ်သားသော အပြစ် စီရင်ခြင်းကိုသူတို့အား ပြုခြင်းငှါ၎င်း၊ သန့်ရှင်း သူတို့သည် ဘုရားသခင်၏ဂုဏ်တော်ကို နှုတ်နှင့်ချီးမွမ်း ၍၊ သန်လျင်ကို လက်နှင့်ကိုင်ကြစေ။ ထာဝရဘုရား၏ သန့်ရှင်းအပေါင်းတို့သည် ထိုသို့သောဘုန်းနှင့်ဆိုင်ကြ၏။ ဟာလေလုယ။
  8. 8 တပါးအမျိုးသားတို့အား တရားအတိုင်း အပြစ် ပေး၍၊ လူစုတို့အား ဒဏ်ခတ်ခြင်းငှါ၎င်း၊ သူတို့၏ ရှင်ဘုရင်များကို သံကြိုးနှင့် ချည်နှောင်၍၊ မှူးမတ်များ ကို သံခြေချင်းခတ်ခြင်းငှါ၎င်း၊ ကျမ်းစာ၌မှတ်သားသော အပြစ် စီရင်ခြင်းကိုသူတို့အား ပြုခြင်းငှါ၎င်း၊ သန့်ရှင်း သူတို့သည် ဘုရားသခင်၏ဂုဏ်တော်ကို နှုတ်နှင့်ချီးမွမ်း ၍၊ သန်လျင်ကို လက်နှင့်ကိုင်ကြစေ။ ထာဝရဘုရား၏ သန့်ရှင်းအပေါင်းတို့သည် ထိုသို့သောဘုန်းနှင့်ဆိုင်ကြ၏။ ဟာလေလုယ။
  9. 9 တပါးအမျိုးသားတို့အား တရားအတိုင်း အပြစ် ပေး၍၊ လူစုတို့အား ဒဏ်ခတ်ခြင်းငှါ၎င်း၊ သူတို့၏ ရှင်ဘုရင်များကို သံကြိုးနှင့် ချည်နှောင်၍၊ မှူးမတ်များ ကို သံခြေချင်းခတ်ခြင်းငှါ၎င်း၊ ကျမ်းစာ၌မှတ်သားသော အပြစ် စီရင်ခြင်းကိုသူတို့အား ပြုခြင်းငှါ၎င်း၊ သန့်ရှင်း သူတို့သည် ဘုရားသခင်၏ဂုဏ်တော်ကို နှုတ်နှင့်ချီးမွမ်း ၍၊ သန်လျင်ကို လက်နှင့်ကိုင်ကြစေ။ ထာဝရဘုရား၏ သန့်ရှင်းအပေါင်းတို့သည် ထိုသို့သောဘုန်းနှင့်ဆိုင်ကြ၏။ ဟာလေလုယ။

Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗