시편 146편 Judson (1835)
Judson (1835) · 미얀마어 · 시편 (Psalms) · 10절
- 1 အိုငါ့ဝိညာဉ်၊ ထာဝရဘုရားကိုချီးမွမ်းလော့။
- 2 ငါသည် အသက်ရှင်စဉ်အခါ၊ ထာဝရဘုရားကို ချီးမွမ်း မည်။ ငါဖြစ်စဉ်ကာလပတ်လုံး၊ ငါ၏ဘုရားသခင်ကို ထောမနာသီချင်းဆိုမည်။
- 3 မင်းများမှစ၍ မကယ်တင်နိုင်သော လူသားကို မကိုးစားကြနှင့်။
- 4 သူသည်အသက်ထွက်၍ မြေသို့ပြန်သွားတတ် ၏။ ထိုနေ့ခြင်းတွင်၊ သူ၏အကြံအစည်တို့သည် ပျက်စီး ကြ၏။
- 5 ယာကုပ်အမျိုး၏ ဘုရားသခင်မစတော်မူသော သူ၊ မိမိဘုရားသခင် ထာဝရဘုရားကို မြော်လင့်သော သူသည် မင်္ဂလာရှိ၏။
- 6 ထိုဘုရားသခင်သည် ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့်တကွ အရပ်ရပ်၌ ရှိသမျှတို့ကို ဖန်ဆင်း တော်မူ၏။ သစ္စာတော်ကို အစဉ်အမြဲစောင့်တော်မူ၏။
- 7 ညှဉ်းဆဲခြင်းကိုခံရသော သူတို့အား တရားပြု တော်မူ၏။ ငတ်မွတ်သော သူတို့ကိုကျွေးမွေးတော်မူ၏။ ထာဝရဘုရားသည် ချုပ်ထားခြင်းကို ခံရသောသူတို့ကို လွှတ်တော်မူ၏။
- 8 ထာဝရဘုရားသည် မျက်စိကန်းသောသူတို့ကို မြင်စေတော်မူ၏။ ထာဝရဘုရားသည် နှိမ့်ချသောသူတို့ ကို ကြွပင့်တော်မူ၏။ ထာဝရဘုရားသည် ဖြောင့်မတ် သော သူတို့ကို ချစ်တော်မူ၏။
- 9 ထာဝရဘုရားသည် ဧည့်သည်တို့ကို စောင့်မ တော်မူ၍၊ မုတ်ဆိုးမနှင့်မိဘမရှိသော သူတို့ကို ထောက်မ တော်မူ၏။ မတရားသောသူတို့၏ လမ်းကိုကား၊ ကွေ့ ကောက်စေတော်မူ၏။
- 10 အိုဇိအုန်မြို့၊ သင်၏ဘုရားသခင်တည်းဟူသော ထာဝရဘုရားသည် ကာလအစဉ်အမြဲ ကမ္ဘာအဆက် ဆက်စိုးစံတော်မူလတံ့သတည်း။ ဟာလေလုယ။
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗