로그인

시편 112편 Judson (1835)

Judson (1835) · 미얀마어 · 시편 (Psalms) · 10절 · 대역: King James Version

절Judson (1835)King James Version
1 ထာဝရဘုရားကို ကြောက်ရွံ့၍၊ ပညတ်တော်တို့ ၌ အလွန်မွေ့လျော်သော သူသည်မင်္ဂလာရှိ၏။ Praise ye the Lord. Blessed is the man that feareth the Lord, that delighteth greatly in his commandments.
2 ထိုသူ၏ သားမြေးတို့သည် မြေပေါ်မှာ အားကြီး ကြလိမ့်မည်။ ဖြောင့်မတ်သော သူတို့၏အမျိုးအနွယ် သည် မင်္ဂလာရှိတတ်၏။ His seed shall be mighty upon earth: the generation of the upright shall be blessed.
3 ထိုသူ၏ အိမ်၌ စည်းစိမ်ဥစ္စာကြွယ်ဝ၍၊ သူ၏ ကောင်းကျိုးသည် အစဉ်အမြဲတည်တတ်၏။ Wealth and riches shall be in his house: and his righteousness endureth for ever.
4 သဘောဖြောင့်သော သူတို့အဘို့၊ မှောင်မိုက် ထဲမှာ အလင်း ပေါ်ထွန်းတတ်၏။ ထိုသို့သောသူသည် ကျေးဇူးပြုတတ်သော သဘောနှင့် သနားစုံမက်တတ် သော သဘောရှိ၍၊ တရားသဖြင့် ပြုတတ်၏။ Unto the upright there ariseth light in the darkness: he is gracious, and full of compassion, and righteous.
5 ကရုဏာစိတ်ရှိ၍ ချေးငှါးတတ်သော သူသည် ကောင်းစားတတ်၏။ တရားဆုံးဖြတ်ရာ ကာလ၌ အောင် ခြင်းသို့ ရောက်လိမ့်မည်။ A good man sheweth favour, and lendeth: he will guide his affairs with discretion.
6 အကယ်စင်စစ် လှုပ်ရှားခြင်းနှင့်အစဉ် ကင်း လွတ်လိမ့်မည်။ ဖြောင့်မတ်သော သူသည် အစဉ်အမြဲ အောက်မေ့ဘို့ရာ ဖြစ်လိမ့်မည်။ Surely he shall not be moved for ever: the righteous shall be in everlasting remembrance.
7 မကောင်းသော သိတင်းကိုမကြောက်ရ၊ စိတ် နှလုံးသည် ထာဝရဘုရားကို ကိုးစားသဖြင့် တည်ကြည် တတ်၏။ He shall not be afraid of evil tidings: his heart is fixed, trusting in the Lord.
8 သူ၏စိတ်နှလုံးသည် မြဲမြံသည် ဖြစ်၍၊ ရန်သူ တို့၌ အားမရမှီတိုင်အောင်၊ ကြောက်ခြင်းနှင့် လွတ်လိမ့် မည်။ His heart is established, he shall not be afraid, until he see his desire upon his enemies.
9 သူသည် စွန့်ကြဲပြီ။ ဆင်းရဲသော သူတို့အား ပေးကမ်းပြီ။ သူ၏ ဖြောင့်မတ်ခြင်းသည် အစဉ်အမြဲ တည်တတ်၏။ သူ၏ဦးချိုသည် ဂုဏ်အသရေနှင့် ချီးမြှင့် ခြင်း ရှိလိမ့်မည်။ He hath dispersed, he hath given to the poor; his righteousness endureth for ever; his horn shall be exalted with honour.
10 မတရားသောသူတို့သည် မြင်၍၊ နာကြင်သော စိတ်ရှိကြလိမ့်မည်။ အံသွားခဲကြိတ်၍ ပိန်ချုံးကြလိမ့်မည်။ မတရားသောသူတို့၏ အလိုသည် ပျက်စီးရလိမ့်မည်။ The wicked shall see it, and be grieved; he shall gnash with his teeth, and melt away: the desire of the wicked shall perish.

Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL