시편 101편 Judson (1835)
Judson (1835) · 미얀마어 · 시편 (Psalms) · 8절
- 1 ငါသည် သနားစုံမက်ခြင်း၊ တရားသဖြင့် စီရင် ခြင်းကို အကြောင်းပြု၍ သီချင်းဆိုပါမည်။ အို ထာဝရ ဘုရား၊ ရှေ့တော်၌ သီချင်းဆိုပါမည်။
- 2 စုံလင်သော တရားအတိုင်း ပညာသတိနှင့် ကျင့်ပါမည်။ ကိုယ်တော်သည် အကျွန်ုပ်ဆီသို့ အဘယ် ကာလမှ ကြွလာတော်မူမည်နည်း။ ကိုယ်အိမ်တွင် သန့်ရှင်းသော စိတ်နှလုံးနှင့်ကျင့်ပါမည်။
- 3 အဓမ္မအမှုအရာကို မျက်မှောက်မပြုပါ။ လမ်းလွှဲ သော သူ၏ အမှုကို ရွံရှာသည်ဖြစ်၍၊ ငါ၌ မမှီမကပ်ရ။
- 4 သဘောကောက်သော သူသည် ငါ့ထံမှ ထွက် သွားရမည်။ မကောင်းသောသူနှင့် ငါမပေါင်းဘော်။
- 5 မိမိအိမ် နီးချင်း၏ အသရေကို တိတ်ဆိတ်စွာ ဖျက်သော သူကို ငါပယ်ဖြတ်မည်။ မျက်နှာထောင်လွှား၍ စိတ်မြင့်သောသူကို သည်းမခံ။
- 6 သစ္စာရှိသော ပြည်သားတို့ သည် ငါ့ထံမှာ နေမည် အကြောင်း သူတို့ကို ငါကြည့်ရှုမည်။ စုံလင်သောတရား၌ ကျင်လည်သောသူသည် ငါ၏ အမှုကို ဆောင်ရွက်ရမည်။
- 7 လှည့်စားတတ်သောသူမူကား၊ ငါ့အိမ်၌ မနေရ။ မုသာစကားကို ပြောတတ်သော သူသည်လည်း၊ ငါ့မျက်မှောက်၌ အခွင့်မရှိရ။
- 8 ဆိုးသောအမှုကို ပြုသောသူအပေါင်းတို့ကို ထာဝရဘုရား၏ မြို့တော်မှ ပယ်ဖြတ်မည်အကြောင်း၊ မတရားသော ပြည်သားရှိသမျှတို့ကို စောစောဖျက်ဆီး လေအံ့သတည်း။
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗