시편 100편 Judson (1835)
Judson (1835) · 미얀마어 · 시편 (Psalms) · 5절 · 대역: King James Version
| 절 | Judson (1835) | King James Version |
|---|---|---|
| 1 | မြေကြီးသားအပေါင်းတို့၊ ထာဝရဘုရားအား ကြွေးကြော်ကြလော့။ | Make a joyful noise unto the Lord, all ye lands. |
| 2 | ထာဝရဘုရား၏ အမှုတော်ကို ဝမ်းမြောက်စွာ ဆောင်ရွက်ကြလော့။ ရွှင်လန်းစွာ သီချင်းဆိုလျက်၊ အထံတော်သို့ ဝင်ကြလော့။ | Serve the Lord with gladness: come before his presence with singing. |
| 3 | ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူ သည်ဟု သိမှတ်ကြလော့။ ထာဝရဘုရားသည် ငါတို့ကို ဖန်ဆင်းတော်မူ၍၊ ငါတို့၏အရှင် ဖြစ်တော်မူ၏။ ငါတို့ သည်လည်း၊ ထာဝရဘုရား၏ လူဖြစ်ကြ၏။ အထံတော်၌ ကျက်စားသော သိုးစုလည်း ဖြစ်ကြ၏။ | Know ye that the Lord he is God: it is he that hath made us, and not we ourselves; we are his people, and the sheep of his pasture. |
| 4 | ကျေးဇူးတော် ကြီးပါသည်ဟု ဝန်ခံလျက်၊ တံခါး တော်တို့ကို၎င်း၊ ဂုဏ်တော်ကိုချီးမွမ်းလျက် တန်တိုင်း တော်တို့ကို၎င်း ဝင်ကြလော့။ ကျေးဇူး တော်ကိုချီးမွမ်း၍ နာမတော်ကို ကောင်းကြီးပေးကြလော့။ | Enter into his gates with thanksgiving, and into his courts with praise: be thankful unto him, and bless his name. |
| 5 | အကြောင်းမူကား၊ ထာဝရဘုရားသည် ကောင်း မြတ်တော်မူ၏။ ကရုဏာတော်သည် အစဉ်အမြဲရှိ၍၊ သစ္စာတော်သည် ကာလအဆက်ဆက် တည်လေ သတည်း။ | For the Lord is good; his mercy is everlasting; and his truth endureth to all generations. |
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL