스바냐 3장 Judson (1835)
Judson (1835) · 미얀마어 · 스바냐 (Zephaniah) · 20절 · 대역: King James Version
| 절 | Judson (1835) | King James Version |
|---|---|---|
| 1 | ဆန့်ကျင်ဘက်ပြု၍ ညစ်ညူးလျက် ညှဉ်းဆဲ တတ်သော မြို့သည် အမင်္ဂလာရှိ၏။ | Woe to her that is filthy and polluted, to the oppressing city! |
| 2 | နှုတ်ကပတ်တော်အသံကို နားမထောင်၊ ဆုံးမ တော်မူခြင်းကိုမခံ၊ ထာဝရဘုရားကို မခိုလှုံ၊ မိမိ ဘုရား သခင့်ထံတော်သို့ မချဉ်းကပ်၊ | She obeyed not the voice; she received not correction; she trusted not in the Lord; she drew not near to her God. |
| 3 | မြို့အလယ်၌ မင်းများတို့သည် ဟောက်သော ခြင်္သေ့ဖြစ်ကြ၏။ တရားသူကြီးတို့သည် နံနက်တိုင်အောင် အဘယ်အရာကိုမျှမချန်မထား၊ ညဉ့်၌ လှည့်လည်တတ် သောတောခွေးဖြစ်ကြ၏။ | Her princes within her are roaring lions; her judges are evening wolves; they gnaw not the bones till the morrow. |
| 4 | ပရောဖက်တို့သည် လျှပ်ပေါ်သောသူ၊ သစ္စာ ပျက်သောသူဖြစ်ကြ၏။ ယဇ်ပုရောဟိတ်တို့သည် သန့် ရှင်းရာဌာနတော်ကို ညစ်ညူးစေ၍ တရားတော်ကိုလည်း ရှုတ်ချကြ၏။ | Her prophets are light and treacherous persons: her priests have polluted the sanctuary, they have done violence to the law. |
| 5 | သို့သော်လည်း၊ ထာဝရဘုရားသည် မြို့အလယ် ၌ တရားသဖြင့် ပြုတော်မူ၏။ မတရားသော အမှုကို ပြုတော်မမူ။ နံနက်အစဉ်အတိုင်း မိမိဖြောင့်မတ်ကြောင်း ကို မချွတ်မယွင်း ဘော်ပြတော်မူ၏။ သို့သော်လည်းဒ၊ အဓမ္မလူတို့သည် ရှက်ကြောက်ခြင်းမရှိကြ။ | The just Lord is in the midst thereof; he will not do iniquity: every morning doth he bring his judgment to light, he faileth not; but the unjust knoweth no shame. |
| 6 | လူအမျိုးမျိုးတို့ကို ငါပယ်ဖြတ်၍ သူတို့ရဲတိုက် များကို ဖျက်ဆီးလေပြီ။ လမ်းတို့၌ အဘယ်သူမျှ မသွား မလာစေခြင်းငှါ လူဆိတ်ညံစေပြီ။ မြို့တို့ကိုလည်း လူတစုံ တယောက်မျှ မနေစေခြင်းငှါ ဖျက်ဆီးလေပြီ။ | I have cut off the nations: their towers are desolate; I made their streets waste, that none passeth by: their cities are destroyed, so that there is no man, that there is none inhabitant. |
| 7 | ထိုအခါ ငါက၊ အကယ်စင်စစ် ဤမျှလောက် ငါဆုံးမပြီးမှ သင်သည် ကိုယ်နေရာကို မပယ်ရှင်းစေခြင်း ငှါ၊ ငါ့ကို ကြောက်ရွံ့၍ နည်းခံလိမ့်မည်ဟု ဆိုသော်လည်း၊ သူတို့သည် ကြိုးစား၍ မှားယွင်းသော အကျင့်ကိုသာ ကျင့်ကြ၏။ | I said, Surely thou wilt fear me, thou wilt receive instruction; so their dwelling should not be cut off, howsoever I punished them: but they rose early, and corrupted all their doings. |
| 8 | သို့သော်လည်း၊ ထာဝရဘုရား မိန့်တော်မူသည် ကား၊ ဘမ်းဆီးလုယက်ခြင်းငှါ ငါမထမှီတိုင်အောင် ငါ့ကို ငံ့လင့်ကြလော့။ တိုင်းနိုင်ငံပြည်သားအမျိုးမျိုးတို့ကို စုဝေး စေ၍၊ ငါ့အမျက်၊ ငါ့ဒေါသအရှိန်ကို အကုန်အစင် သွန်း လောင်းမည်ဟု ငါအကြံရှိ၏။ ငါ့ဒေါသမီးသည် မြေ တပြင်လုံးကို လောင်ရလိမ့်မည်။ | Therefore wait ye upon me, saith the Lord, until the day that I rise up to the prey: for my determination is to gather the nations, that I may assemble the kingdoms, to pour upon them mine indignation, even all my fierce anger: for all the earth shall be devoured with the fire of my jealousy. |
| 9 | အကယ်စင်စစ် လူမျိုးအပေါင်းတို့သည် ထာဝရ ဘုရား၏အမှုတော်ကို တညီတညွတ်တည်း ဆောင်ရွက် မည်အကြောင်း၊ နာမတော်ကို ပဌနာပြုစေခြင်းငှါ သန့် ရှင်းသော ဘာသာစကားကို သူတို့အား ငါပြန်ပေးမည်။ | For then will I turn to the people a pure language, that they may all call upon the name of the Lord, to serve him with one consent. |
| 10 | ကုရှပြည်၏မြစ်တို့တဘက်၊ အရပ်ရပ်၌ ကွဲပြား လျက်နေသော ငါ၏လူမျိုးသတို့သမီး၊ ငါ့ကို တောင်းပန် သော သူတို့သည် ငါ့အဘို့ ပူဇော်သက္ကာကို ဆောင်ခဲ့ကြ လိမ့်မည်။ | From beyond the rivers of Ethiopia my suppliants, even the daughter of my dispersed, shall bring mine offering. |
| 11 | ငါ့ကို ပြစ်မှားသောအပြစ်များကြောင့် ထိုအခါ သင်သည် အရှက်ကွဲခြင်းကို မခံရ။ သင်၏ဂုဏ်အသရေ ကြောင့် ဝါကြွားသော သူတို့ကို သင့်အလယ်၌ ငါပယ်ရှား မည်။ သင်သည်လည်း ငါ၏သန့်ရှင်းသော တောင်ကို အမှီပြု၍ နောက်တဖန်မာနမထောင်လွှားရ။ | In that day shalt thou not be ashamed for all thy doings, wherein thou hast transgressed against me: for then I will take away out of the midst of thee them that rejoice in thy pride, and thou shalt no more be haughty because of my holy mountain. |
| 12 | နှိမ့်ချဆင်းရဲသော အမျိုးကို သင့်အလယ်၌ ငါချန်ထားမည်။ ထိုသူတို့သည် ထာဝရဘုရား၏ နာမ တော်ကို ခိုလှုံကြလိမ့်မည်။ | I will also leave in the midst of thee an afflicted and poor people, and they shall trust in the name of the Lord. |
| 13 | ကျန်ကြွင်းသော ဣသရေလအမျိုးသားတို့သည် မတရားသောအမှုကို မပြုရကြ။ မုသာမပြောရကြ။ သူတို့ နှုတ်၌ လှည့်စားတတ်သော လျှာမရှိရ။ အဘယ်သူမျှ မကြောက်စေဘဲ စားသောက်လျက်၊ အိပ်လျက်နေရကြ လိမ့်မည်။ | The remnant of Israel shall not do iniquity, nor speak lies; neither shall a deceitful tongue be found in their mouth: for they shall feed and lie down, and none shall make them afraid. |
| 14 | အိုဇိအုန်သတို့သမီး၊ သီချင်းဆိုလော့။ အို ဣသ ရေလအမျိုး၊ ကြွေးကြော်လော့။ အိုယေရုရှလင်သတို့သမီး၊ စိတ်နှလုံးအကြွင်းမဲ့ ဝမ်းမြောက်ရွှင်လန်းလော့။ | Sing, O daughter of Zion; shout, O Israel; be glad and rejoice with all the heart, O daughter of Jerusalem. |
| 15 | ထာဝရဘုရားသည် သင်၏အပြစ်ဒဏ်တို့ကို ပပျောက်စေ၍၊ သင်၏ရန်သူတို့ကို ပယ်ရှားတော်မူပြီ။ ဣသရေလအမျိုး၏ ရှင်ဘုရင်ထာဝရဘုရားသည် သင့် အလယ်၌ ရှိတော်မူ၏။ သင်သည် နောက်တဖန်ဘေး ဥပဒ်နှင့်မတွေ့မကြုံရ။ | The Lord hath taken away thy judgments, he hath cast out thine enemy: the king of Israel, even the Lord, is in the midst of thee: thou shalt not see evil any more. |
| 16 | မစိုးရိမ်ပါနှင့်ဟု၊ ယေရုရှလင်မြို့အား၎င်း၊ လက် အား မလျှော့စေနှင့်ဟု၊ ဇိအုန်တောင်အား၎င်း ထိုအခါ ဆိုရ၏။ | In that day it shall be said to Jerusalem, Fear thou not: and to Zion, Let not thine hands be slack. |
| 17 | သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့် အလယ်၌ရှိ၍၊ တန်ခိုးကြီးသောဘုရားသည် သင့်ကို ကယ်တင်တော်မူလိမ့်မည်။ သင်၌ အားရ၍ ဝမ်းမြောက် တော်မူလိမ့်မည်။ ချစ်ခြင်းမေတ္တာ၌ ကျိန်းဝပ်၍၊ သီချင်း ဆိုခြင်းနှင့်တကွ သင်၌ ဝမ်းမြောက်တော်မူလိမ့်မည်။ | The Lord thy God in the midst of thee is mighty; he will save, he will rejoice over thee with joy; he will rest in his love, he will joy over thee with singing. |
| 18 | ကဲ့ရဲ့ခြင်းဝန်ကို သင်ထမ်းရာအကြောင်းတည်း ဟူသော၊ သင်နှင့်ဝေး၍ ဓမ္မပွဲကို မခံရဘဲ ညှိုးငယ်လျက် ရှိသော သူတို့ကို ငါစုဝေးစေမည်။ | I will gather them that are sorrowful for the solemn assembly, who are of thee, to whom the reproach of it was a burden. |
| 19 | သင့်ကို ညှဉ်းဆဲသောသူအပေါင်းတို့ကို ထိုအခါ ငါစီရင်မည်။ နာသောသူကို ချမ်းသာပေးမည်။ နှင်ထုတ် ခြင်းကိုခံရသောသူကို သင်းဖွဲ့စေမည်။ အရှက်ကွဲခြင်းကို ခံရရာပြည်အရပ်ရပ်တို့၌ ချီးမွမ်းခြင်းဂုဏ်အသရေကို ပေးမည်။ | Behold, at that time I will undo all that afflict thee: and I will save her that halteth, and gather her that was driven out; and I will get them praise and fame in every land where they have been put to shame. |
| 20 | ထိုကာလ၌ သင်တို့ကို တဖန် ငါဆောင်ခဲ့၍ စုဝေးစေသဖြင့်၊ သိမ်းသွားခြင်းကို ခံရသောသူတို့ကို သင် တို့မျက်မှောက်၌ တဖန် ဆောင်ခဲ့ပြန်သောအခါ၊ မြေကြီးသားအမျိုးမျိုးတို့တွင် ချီးမွမ်းခြင်းဂုဏ်အသရေကို သင်တို့အား ပေးမည်ဟု၊ ထာဝရဘုရား မိန့်တော်မူ၏။ ပရောဖက်ဇေဖနိစီရင်ရေးထားသော အနာဂတ္တိကျမ်း ပြီး၏။ | At that time will I bring you again, even in the time that I gather you: for I will make you a name and a praise among all people of the earth, when I turn back your captivity before your eyes, saith the Lord. |
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL