로그인

사도행전 14장 Judson (1835)

Judson (1835) · 미얀마어 · 사도행전 (Acts) · 28절 · 대역: King James Version

절Judson (1835)King James Version
1 ဣကောနိမြို့သို့ရောက်လျှင် ထိုသူနှစ်ယောက် တို့သည် ယုဒတရားစရပ်သို့ဝင်၍ ဟောပြောသဖြင့်၊ ယုဒလူ၊ ဟေလသလူများ အပေါင်းတို့သည် ယုံကြည် ခြင်းသို့ ရောက်ကြ၏။ And it came to pass in Iconium, that they went both together into the synagogue of the Jews, and so spake, that a great multitude both of the Jews and also of the Greeks believed.
2 မယုံကြည်သော ယုဒလူတို့သည် တပါးအမျိုး သားတို့ကို နှိုးဆော်၍၊ ညီအစ်ကိုတို့အား မနာလိုသော စိတ်ရှိစေခြင်းငှါ ချောစားကြ၏။ But the unbelieving Jews stirred up the Gentiles, and made their minds evil affected against the brethren.
3 ထိုကြောင့်ကြာမြင့်စွာနေ၍ သခင်ဘုရား၏ တရားတော်ကို မဆုတ်မဆိုင်းဟောပြောလေ၏။ သခင် ဘုရားသည်လည်း ကျေးဇူးတရား တော်ဘက်၌ သက်သေ ခံတော်မူလျက်၊ တမန်တော်တို့သည် နိမိတ်လက္ခဏာ၊ အံဘွယ်သော အမှုတို့ကိုပြုနိုင်မည်အကြောင်း အခွင့် ပေးတော်မူ၏။ Long time therefore abode they speaking boldly in the Lord, which gave testimony unto the word of his grace, and granted signs and wonders to be done by their hands.
4 ထိုမြို့သူမြို့သားအပေါင်းတို့သည် ကွဲပြားခြင်းရှိ၍၊ အချို့တို့သည် ယုဒလူတို့ဘက်၌၎င်း၊ အချို့တို့သည် တမန်တော်တို့ဘက်၌၎င်း နေကြ၏။ But the multitude of the city was divided: and part held with the Jews, and part with the apostles.
5 မင်းအရာရှိတို့နှင့်ယုဒအမျိုးသား၊ တပါးအမျိုးသားတို့သည် တမန်တော်တို့ကို ညှဉ်းဆဲ၍ ကျောက်ခဲနှင့် ပစ်မည်ဟုတဟုန်တည်း ပြေး လာကြသည်အကြောင်းကို၊ And when there was an assault made both of the Gentiles, and also of the Jews with their rulers, to use them despitefully, and to stone them,
6 တမန်တော်တို့သည်သိလျှင်၊ လုကောနိပြည်၌ လုတ္တရမြို့၊ ဒေရဗေမြို့မှစ၍ ကျေးလက်များသို့ ထွက်ပြေး၍၊ They were ware of it, and fled unto Lystra and Derbe, cities of Lycaonia, and unto the region that lieth round about:
7 ထိုအရပ်တို့၌ ဧဝံဂေလိတရားကို ဟောပြော ကြ၏။ And there they preached the gospel.
8 အမိဝမ်းတွင်းကပင်ခြေမစွမ်းသဖြင့်၊ တခါမျှ မသွားဘူးသော လူတယောက်သည် လုတ္တရမြို့၌ ထိုင် လျက်၊ And there sat a certain man at Lystra, impotent in his feet, being a cripple from his mother’s womb, who never had walked:
9 ပေါလုဟောပြောသည်ကို ကြားလေ၏။ ပေါလု သည်လည်း ထိုသူကိုစေ့စေ့ကြည့်ရှု၍ ရောဂါကင်း မည်အကြောင်း သူ၌ယုံကြည်ခြင်းရှိ သည်ကိုသိမြင်လျှင်၊ The same heard Paul speak: who stedfastly beholding him, and perceiving that he had faith to be healed,
10 ထ၍မတ်တတ်ရပ်လော့ဟု ကြီးသောအသံနှင့် ဆိုသဖြင့်၊ ထိုသူ သည်ရုတ်တရက်ထ၍ လှမ်းသွားလေ၏။ Said with a loud voice, Stand upright on thy feet. And he leaped and walked.
11 ပေါလုပြုသောအမှုကိုမြင်သော လူအစုအဝေး တို့က၊ နတ်ဘုရားတို့သည် လူအယောင်ကိုဆောင်၍ ငါတို့ရှိရာသို့ ဆင်းသက်ပါသည် တကားဟု လုကောနိ ဘာသာ စကားအားဖြင့် အသံကိုလွှင့်၍ ဆိုကြ၏။ And when the people saw what Paul had done, they lifted up their voices, saying in the speech of Lycaonia, The gods are come down to us in the likeness of men.
12 ပေါလုသည်သာ၍ ဟောပြောသောကြောင့် သူ့ကို ဟေရမဟူ၍ ၎င်း၊ ဗာနဗကိုဇုသဟူ၍၎င်း ခေါ်ဝေါ်ကြ၏။ And they called Barnabas, Jupiter; and Paul, Mercurius, because he was the chief speaker.
13 ထိုမြို့ရှေ့၌ရှိသော ဇုသ၏ယဇ်ပုရောဟိတ်သည် နွားနှင့် ပန်းတုံးကို မြို့တံခါးနားသို့ယူခဲ့၍၊ လူအစုအဝေးတို့နှင့်တကွ ယဇ်ပူဇော်မည်ပြုသည်ကို၊ Then the priest of Jupiter, which was before their city, brought oxen and garlands unto the gates, and would have done sacrifice with the people.
14 တမန်တော်ဗာနဗနှင့် ပေါလုတို့သည် သိတင်းကြားလျှင်၊ မိမိတို့ အဝတ်ကို ဆုတ်၍ လူစုထဲသို့ ပြေးဝင် လျက်၊ Which when the apostles, Barnabas and Paul, heard of, they rent their clothes, and ran in among the people, crying out,
15 အချင်းလူတို့၊ အဘယ်ကြောင့် ဤသို့ပြုကြသနည်း။ ငါတို့သည် သင်တို့ကဲ့သို့ လောကဓံတရား၌ ကျင်လည်သောသူဖြစ်ပါ၏။ သင်တို့သည် ဤအချည်းနှီးသောအရာတို့ကို ပယ်ကြ၍၊ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာမှစ၍၊ အသက်ရှင်တော်မူသော ဘုရားသခင့်ထံတော်သို့ ပြောင်းလဲရကြမည်အကြောင်း၊ ငါတို့သည် ဧဝံဂေလိတရားကိုဟောပြောကြ၏။ And saying, Sirs, why do ye these things? We also are men of like passions with you, and preach unto you that ye should turn from these vanities unto the living God, which made heaven, and earth, and the sea, and all things that are therein:
16 ရှေးလွန်လေပြီးသောကာလတို့၌၊ လူအမျိုးမျိုးတို့သည် မိမိတို့ အလိုအလျောက် ကျင့်ကြမည် အကြောင်း ဘုရားသခင်သည် အလွတ်ထားတော်မူ၏။ Who in times past suffered all nations to walk in their own ways.
17 သို့သော်လည်း၊ သင်တို့အား ကျေးဇူးပြုလျက်၊ အစာအာဟာရနှင့် ဝပြော၍ဝမ်းမြောက်စေခြင်းငှါ၊ မိုဃ်းကောင်းကင်မှ မိုဃ်းရွာစေတော်မူ၍၊ အသီးအနှံတို့ကို သီးစေတတ်သော ဥတုကိုပေးတော်မူသော အားဖြင့်၊ ကိုယ်တော်ရှိတော်မူသည်ကို သက်သေမခံဘဲနေတော်မမူဟု ပေါလုနှင့် ဗာနဗသည်ကြွေးကြော် လေ၏။ Nevertheless he left not himself without witness, in that he did good, and gave us rain from heaven, and fruitful seasons, filling our hearts with food and gladness.
18 ထိုသို့ကြွေးကြော်သဖြင့် လူအစုအဝေးတို့သည် ယဇ်ပူဇော်ခြင်းကို မပြုရမည်အကြောင်း မြစ်တားခဲသော အမှုကိုမြစ်တားလေ၏။ And with these sayings scarce restrained they the people, that they had not done sacrifice unto them.
19 ထိုအခါ ယုဒလူတို့သည် အန္တိအုတ်မြို့၊ ဣကောနိမြို့မှ လာကြ၍ လူအစုအဝေးတို့ကို ညှိညွတ် တိုင်ပင်ပြီးလျှင်၊ ပေါလုကို ကျောက်ခဲနှင့်ပစ်၍ သေပြီဟု စိတ်ထင်နှင့် မြို့ပြင်သို့ ဆွဲငင်ကြ၏။ And there came thither certain Jews from Antioch and Iconium, who persuaded the people, and, having stoned Paul, drew him out of the city, supposing he had been dead.
20 တပည့်တော်တို့သည် ဝန်းရံ၍နေကြစဉ်၊ ပေါလုသည် ထ၍မြို့ထဲသို့ဝင်ပြန်၏။ နက်ဖြန်နေ့၌ ဗာနဗနှင့် တကွဒေရဗေမြို့သို့ ထွက်သွားလေ၏။ Howbeit, as the disciples stood round about him, he rose up, and came into the city: and the next day he departed with Barnabas to Derbe.
21 ထိုမြို့၌ ဧဝံဂေလိတရားကို ဟောပြော၍ လူများတို့ကို တပည့်တော်ဖြစ်စေပြီးမှ၊ လုတ္တရမြို့၊ ဣကောနမြို့၊ အန္တိအုတ်မြို့တို့ကို အစဉ်အတိုင်း လှည့်လည်၍ပြန်ကြ၏။ And when they had preached the gospel to that city, and had taught many, they returned again to Lystra, and to Iconium, and Antioch,
22 ထိုသို့ပြန်ကြစဉ်၊ တပည့်တော်များ၏ စိတ်နှလုံးကို မြဲမြံခိုင်ခံ့စေသဖြင့်၊ ယုံကြည်ခြင်း၌ တည်ကြည်မည်အကြောင်း နှိုးဆော်ချီးပင့်၍၊ ငါတို့သည် များပြားသောဆင်းရဲဒုက္ခကိုခံ၍ ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ရကြမည်ဟု ဟောပြောပြညွှန်ကြ၏။ Confirming the souls of the disciples, and exhorting them to continue in the faith, and that we must through much tribulation enter into the kingdom of God.
23 အသင်းတော်များတို့၌ သင်းအုပ်တို့ကို ခန့်ထား၍၊ အစာရှောင်လျက်ဆုတောင်းပဌနာ ပြုပြီး လျှင်၊ သင်းဝင်သူတို့ယုံကြည်သော သခင်ဘုရား၏ လက်တော်သို့ ထိုအသင်းတော်တို့ကို အပ်နှံကြ၏။ And when they had ordained them elders in every church, and had prayed with fasting, they commended them to the Lord, on whom they believed.
24 ပိသိဒိပြည်တပြည်လုံးကို ရှောက်သွား၍ ပံဖုလိပြည်သို့ ရောက်လျှင်၊ And after they had passed throughout Pisidia, they came to Pamphylia.
25 ပေရဂေမြို့၌ နှုတ်ကပတ် တရားတော်ကို ဟောပြော၍ အတ္တလိမြို့သို့သွားကြပြန်၏။ And when they had preached the word in Perga, they went down into Attalia:
26 ထိုမြို့မှ သင်္ဘောစီး၍လွှင့်သဖြင့်၊ မိမိတို့ ဆောင်ရွက်ခဲ့ပြီးသော အမှုအလိုငှါ ဘုရားသခင်၏ ကျေးဇူးတော်သို့ အပ်နှံ၍ စေလွှတ်သော အန္တိအုတ်မြို့သို့ ရောက်လာကြ၏။ And thence sailed to Antioch, from whence they had been recommended to the grace of God for the work which they fulfilled.
27 ထိုမြို့သို့ရောက်ပြီးလျှင် သင်းဝင်သူတို့ကို စုဝေးစေ၍၊ မိမိတို့အားဖြင့် ဘုရားသခင်သည် ပြုတော်မူသမျှ တို့ကို၎င်း၊ ယုံကြည်ခြင်း တံခါးကို တပါးအမျိုးသားတို့အား ဖွင့်တော်မူကြောင်းကို၎င်း ပြန်ကြား ကြ၏။ And when they were come, and had gathered the church together, they rehearsed all that God had done with them, and how he had opened the door of faith unto the Gentiles.
28 ထိုမြို့၌လည်း၊ တပည့်တော်တို့နှင့်အတူ ကြာမြင့်စွာ နေကြ၏။ And there they abode long time with the disciples.

Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL