빌립보서 2장 Judson (1835)
Judson (1835) · 미얀마어 · 빌립보서 (Philippians) · 30절 · 대역: King James Version
| 절 | Judson (1835) | King James Version |
|---|---|---|
| 1 | ထိုကြောင့်ခရစ်တော်၌သက်သာခြင်း၊ မေတ္တာနှင့်စပ်ဆိုင်သော ချမ်းသာခြင်း၊ ဝိညာဉ်တော်နှင့် မိဿ ဟာယဖွဲ့ခြင်း၊ သနားစုံမက်ခြင်းတည်းဟူသောအရာ တစုံတခုရှိလျှင်၊ | If there be therefore any consolation in Christ, if any comfort of love, if any fellowship of the Spirit, if any bowels and mercies, |
| 2 | သင်တို့သည် အချင်းချင်းချစ်ကြ၍၊ စိတ်မကွဲပြားဘဲ တလုံးတဝတည်း ကြံစည်ခြင်းနှင့်တကွ၊ သဘော တညီတညွတ်တည်းရှိသောအားဖြင့်၊ ငါဝမ်းမြောက်စရာအကြောင်းကို စုံလင်စေကြလော့။ | Fulfil ye my joy, that ye be likeminded, having the same love, being of one accord, of one mind. |
| 3 | ရန်တွေ့လိုသောစိတ်၊ အချည်းနှီး ကျော်စောကိတ္တိကို တပ်မက်သောစိတ်ရှိ၍ အဘယ်အမှုကို မပြုကြ နှင့်။ သူတပါးသည် ကိုယ်ထက်သာ၍ ကောင်းမြတ်သည်ဟု နှိမ့်ချသော စိတ်ရှိ၍ တယောက်ကိုတယောက် ထင်မှတ်ကြလော့။ | Let nothing be done through strife or vainglory; but in lowliness of mind let each esteem other better than themselves. |
| 4 | ကိုယ်အမှုအရာကိုသာ မရှုမမှတ်ဘဲ၊ သူ့အမှုအရာကို အချင်းချင်းရှုမှတ်ကြလော့။ | Look not every man on his own things, but every man also on the things of others. |
| 5 | ယေရှုခရစ်၌ရှိသော ထိုစိတ်သဘောကို သင်တို့၌လည်း ရှိစေကြလော့။ | Let this mind be in you, which was also in Christ Jesus: |
| 6 | ထိုသခင်သည် ဘုရားသခင်၏ သဏ္ဌာန်တော်နှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ ဘုရားသခင်နှင့် ပြိုင်သောအမှုကို လုယူခြင်းအမှုဟူ၍ မထင်မမှတ်လျက်ပင်၊ | Who, being in the form of God, thought it not robbery to be equal with God: |
| 7 | မိမိအသရေကိုစွန့်၍ အစေခံကျွန်၏သဏ္ဌာန်ကို ယူဆောင်လျက်၊ လူကဲ့သို့သောအဖြစ်၌ ဘွားမြင်ခြင်းကို ခံတော်မူ၏။ | But made himself of no reputation, and took upon him the form of a servant, and was made in the likeness of men: |
| 8 | ထိုသို့ လူ၏ဂုဏ်အင်္ဂါလက္ခဏာနှင့် ပြည့်စုံလျက်၊ အသေခံခြင်းသာမဟုတ်၊ လက်ဝါးကပ်တိုင်မှာ အသေခံခြင်းတိုင်အောင် အစေကျွန်ခံ၍ ကိုယ်ကိုကိုယ်နှိမ့်ချတော်မူ၏။ | And being found in fashion as a man, he humbled himself, and became obedient unto death, even the death of the cross. |
| 9 | ထို့ကြောင့် ဘုရားသခင်သည် ကိုယ်တော်ကိုအလွန်ချီးမြှောက်၍ ဘွဲ့နာမတကာတို့ထက် ကြီးမြတ် သော ဘွဲ့နာမကို ပေးသနားတော်မူ၏။ | Wherefore God also hath highly exalted him, and given him a name which is above every name: |
| 10 | အကြောင်းမူကား၊ ကောင်းကင်သတ္တဝါ၊ မြေကြီးသတ္တဝါ၊ မြေကြီးအောက်၌ရှိသော သတ္တဝါ တည်းဟူသော ခပ်သိမ်းသော သတ္တဝါတို့သည် ယေရှု၏ဘွဲ့နာမတော်ကို ဒူးထောက်၍၊ | That at the name of Jesus every knee should bow, of things in heaven, and things in earth, and things under the earth; |
| 11 | ယေရှုခရစ်သည် သခင်ဖြစ်တော်မူ၏ဟု နှုတ်နှင့်ဝန်ခံသဖြင့်၊ ခမည်းတော်ဘုရား၏ ဘုန်းအသရေ တော်ကို ထင်ရှားစေကြမည်အကြောင်းတည်း။ | And that every tongue should confess that Jesus Christ is Lord, to the glory of God the Father. |
| 12 | သို့ဖြစ်၍ ငါ့ချစ်သူတို့၊ သင်တို့သည် ငါ့မျက်မှောက်၌ နားထောင်သည်သာမက၊ မျက်ကွယ်၌လည်း အစဉ်နားထောင်ကြသည်နှင့်အညီ၊ ကြောက်ရွံ့တုန်လှုပ်သောစိတ်နှင့်၊ ကိုယ်ကို ကယ်တင်ခြင်းငှါ ကိုယ်တိုင် ကြိုးစားအားထုတ်ကြလော့။ | Wherefore, my beloved, as ye have always obeyed, not as in my presence only, but now much more in my absence, work out your own salvation with fear and trembling. |
| 13 | အကြောင်းမူကား၊ သင်တို့သည် အလိုရှိစေခြင်းငှါ၎င်း၊ အကျင့်ကျင့်စေခြင်းငှါ၎င်း၊ သင်တို့အထဲ၌ စေတနာတော်အားဖြင့် ပြုပြင်တော်မူသောသူကား ဘုရားသခင်ပေတည်း။ | For it is God which worketh in you both to will and to do of his good pleasure. |
| 14 | သင်တို့သည် ပြုလေသမျှတို့၌ မြည်တမ်းခြင်း၊ ငြင်းခုံခြင်းမရှိဘဲ ပြုကြလော့။ | Do all things without murmurings and disputings: |
| 15 | သို့ပြုလျှင် အပြစ်တင်ခွင့်မရှိ၊ အဘယ်သူကိုမျှ မပြစ်မှားဘဲနေ၍၊ | That ye may be blameless and harmless, the sons of God, without rebuke, in the midst of a crooked and perverse nation, among whom ye shine as lights in the world; |
| 16 | မဖြောင့်မမှန် ဖောက်ပြန်သောလူမျိုးအထဲ၌ အဘယ်အပြစ်မျှမပါသော ဘုရားသခင်၏ သားဖြစ်ကြ လိမ့်မည်။ အသက်ရှင်ခြင်းနှင့်ဆိုင်သော နှုတ်ကပတ် တရားတော်ကို ပြသ၍၊ စကြဝဠာ၌ နေ၊ လ၊ ကြယ် နက္ခတ်ကဲ့သို့ ထိုလူမျိုးအထဲ၌ ထွန်းလင်းကြ၏။ သို့ပြုလျှင် ငါသည် အကျိုးမရှိဘဲလျက် ပြေးသည်မဟုတ်၊ အကျိုး မရှိဘဲလျက် ကြိုးစားအားထုတ်သည်မဟုတ်ကြောင်းကို ငါထောက်၍ ခရစ်တော်၏နေ့ရက်၌ ဝါကြွားဝမ်းမြောက် ခြင်းရှိလိမ့်မည်။ | Holding forth the word of life; that I may rejoice in the day of Christ, that I have not run in vain, neither laboured in vain. |
| 17 | ထိုမျှမက၊ သင်တို့၏ယုံကြည်ခြင်းကို တင်လှူ ပူဇော်သော ယဇ်အပေါ်မှာ ငါ့ကိုလောင်းသော်လည်း ဝမ်းမြောက်ခြင်းရှိ၏။ သင်တို့ရှိသမျှနှင့်အတူ ငါဝမ်းမြောက်ခြင်းရှိ၏။ | Yea, and if I be offered upon the sacrifice and service of your faith, I joy, and rejoice with you all. |
| 18 | ထိုနည်းတူ သင်တို့သည်လည်း ဝမ်းမြောက်ကြလော့။ ငါနှင့်အတူ ဝမ်းမြောက်ခြင်း ရှိကြလော့။ | For the same cause also do ye joy, and rejoice with me. |
| 19 | သင်တို့အကြောင်းအရာများကို ငါသိ၍ စိတ်သက်သာခြင်းငှါ၊ တိမောသေကို သင်တို့ရှိရသို့ များ မကြာ စေလွှတ်မည်အကြောင်း၊ သခင်ယေရှုခရစ်၌ ငါမှီဝဲခြင်းရှိ၏။ | But I trust in the Lord Jesus to send Timotheus shortly unto you, that I also may be of good comfort, when I know your state. |
| 20 | အကြောင်းမူကား၊ ထိုသူသည် သင်တို့အကျိုးကို ကြည့်ရှုချင်သော စေတနာစိတ်ရှိသကဲ့သို့ စိတ်သဘောတူ သော သူတယောက်မျှ ငါတို့၌မရှိ။ | For I have no man likeminded, who will naturally care for your state. |
| 21 | လူခပ်သိမ်းတို့သည် ယေရှုခရစ်၏အကျိုးကို မရှာ၊ ကိုယ်အကျိုးကိုသာ ရှာကြ၏။ | For all seek their own, not the things which are Jesus Christ’s. |
| 22 | သို့သော်လည်း သားသည်အဘနှင့်အတူ ဆောင်ရွက်သကဲ့သို့၊ သူသည်ငါနှင့်အတူ ဧဝံဂေလိတရားအမှုကို အမှန်ဆောင်ရွက်သည်ဟု သူပြသောသက်သေကို သင်တို့ သိကြ၏။ | But ye know the proof of him, that, as a son with the father, he hath served with me in the gospel. |
| 23 | ထိုကြောင့် ငါ၌အဘယ်သို့ဖြစ်မည်ဟု ငါသိ သောအခါ၊ သူ့ကို သင်တို့ရှိရာသို့ ချက်ခြင်းစေလွှတ်မည် ဟု ကြံစည်မြော်လင့်လျက် ငါနေ၏။ | Him therefore I hope to send presently, so soon as I shall see how it will go with me. |
| 24 | ထိုမျှမက၊ ငါ့ကိုယ်တိုင် သင်တို့ရှိရာသို့ များမကြာလာမည်ဟု သခင်ဘုရားအားဖြင့် ယုံမှတ်စွဲ လမ်းသောစိတ်ရှိ၏။ | But I trust in the Lord that I also myself shall come shortly. |
| 25 | သို့သော်လည်း ဆောင်ရွက်ခြင်း၊ စစ်တိုက်ခြင်းအမှု၌ ငါ၏အပေါင်းအဘော်၊ ငါ့ကိုပြုစုသော သူတည်း ဟူသော သင်တို့တမန်၊ ငါ့ညီ ဧပဖြောဒိတ်ကို သင်တို့ရှိရာသို့ ယခုစေလွှတ်သင့်သည်ဟု ငါထင်မှတ်၏။ | Yet I supposed it necessary to send to you Epaphroditus, my brother, and companion in labour, and fellowsoldier, but your messenger, and he that ministered to my wants. |
| 26 | အကြောင်းမူကား၊ သူသည် နာကြောင်းကို သင်တို့ကြားသိသောကြောင့်၊ သူသည် သင်တို့အပေါင်းကို လွမ်းဆွတ်၍ စိတ်မသာလျက်နေ၏။ | For he longed after you all, and was full of heaviness, because that ye had heard that he had been sick. |
| 27 | သူသည် သေလုအောင် နာသည်မှန်၏။ ထိုအခါ ဘုရားသခင်သည် သူ့ကို သနားတော်မူ၏။ သူ့ကိုသာ သနားတော်မူသည်မဟုတ်။ ငါ့၌ ဝမ်းနည်းခြင်းအဆင့်ဆင့် အထပ်ထပ်မရှိစေခြင်းငှါ၊ ငါ့ကိုလည်း သနားတော်မူ၏။ | For indeed he was sick nigh unto death: but God had mercy on him; and not on him only, but on me also, lest I should have sorrow upon sorrow. |
| 28 | ထိုကြောင့် သင်တို့သည် သူ့ကိုတဖန် တွေ့မြင်၍ ဝမ်းမြောက်စေခြင်းငှါ၎င်း၊ ငါသည်လည်း သက်သာ ခြင်းငှါ၎င်း၊ သူ့ကို သာ၍ကြိုးစားသည်နှင့် ငါစေလွှတ်၏။ | I sent him therefore the more carefully, that, when ye see him again, ye may rejoice, and that I may be the less sorrowful. |
| 29 | သို့ဖြစ်၍ သခင်ဘုရားကို ထောက်လျက်၊ ဝမ်းမြောက်သောစိတ်နှင့် သူ့ကိုလက်ခံကြလော့။ ထိုသို့ သောသူတို့ကို ရိုသေလေးမြတ်ကြလော့။ | Receive him therefore in the Lord with all gladness; and hold such in reputation: |
| 30 | အကြောင်းမူကား၊ သင်တို့သည် ငါ့ကိုပြုစု၍ မပြည့်စုံသေးသောဝတ်ကို သူသည် ပြည့်စုံခြင်းငှါ၊ ကိုယ်အသက်ကို စွန့်စား၍ ခရစ်တော်၏အမှုကြောင့် သေခြင်းသို့ ရောက်လုနီးပြီ။ | Because for the work of Christ he was nigh unto death, not regarding his life, to supply your lack of service toward me. |
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL