민수기 7장 Judson (1835)
Judson (1835) · 미얀마어 · 민수기 (Numbers) · 89절
- 1 မောရှေသည် တဲတော်ကို ထူထောင်၍၊ တဲတော် နှင့် တဲတော်တန်ဆာရှိသမျှတို့ကို၎င်း၊ ယဇ်ပလ္လင်နှင့် ယဇ် ပလ္လင်တန်ဆာရှိသမျှတို့ကို၎င်း၊ ဆီလူး၍ သန့်ရှင်းစေခြင်း အမှုကို လက်စသတ်သောနေ့၌၊
- 2 စာရင်းဝင်သောသူတို့ကို အုပ်၍ ဣသရေလ အမျိုးအနွယ်အသီးသီးတို့၌ မင်းဖြစ်သောသူ၊ အဆွေ အမျိုးသူကြီးမင်းတို့သည်၊
- 3 မင်းတပါးနွားထီးတ ကောင်စီ၊ မင်းနှစ်ပါးအမိုး ပါသော ရထားတခုစီ၊ ရထားခြောက်ခု၊ နွားဆယ် နှစ်ကောင်တို့ကို တဲတော်ရှေ့သို့ ဆောင်ခဲ့၍ ထာဝရ ဘုရားအား ပူဇော်သက္ကာပြုကြ၏။
- 4 ထာဝရဘုရားကလည်း သင်သည် ပရိသတ် စည်းဝေးရာ တဲတော်အမှုဆောင်ရွက်စရာတို့ ခံယူ၍ အမှု ကို ဆောင်ရွက်ရသည့်အတိုင်း လောဝိသား အသီးသီးတို့ အား ပေးလော့ဟု မိန့်တော်မူ၏။
- 5 ထာဝရဘုရားကလည်း သင်သည် ပရိသတ် စည်းဝေးရာ တဲတော်အမှုဆောင်ရွက်စရာတို့ ခံယူ၍ အမှု ကို ဆောင်ရွက်ရသည့်အတိုင်း လောဝိသား အသီးသီးတို့ အား ပေးလော့ဟု မိန့်တော်မူ၏။
- 6 မောရှေသည်ရထားနှင့် နွားတို့ကိုခံယူ၍ လေဝိသားတို့အား ပေးသဖြင့်
- 7 အမှုဆောင်ရွက်စရာရှိသည်အတိုင်း၊ ယဇ်ပုရော ဟိတ် အာရုန်၏သား ဣသမာအုပ်သော ဂေရရှုန်သားတို့ အား ရထားနှစ်ခုနှင့် နွားလေးကောင်တို့ကို၎င်း၊
- 8 မေရာရိသားတို့အား ရထားလေးခုနှင့် နွားရှစ် ကောင်တို့ကို၎င်း ပေးလေ၏။
- 9 သန်ရှင်းရာဌာနတော်မူကို စောင့်ရသော ကော ဟတ်သားတို့သည် မိမိတို့ ပခုံး၌ ထမ်းရွက်ရသောကြောင့်၊ သူတို့အား ရထားနှင့် နွားတို့ကိုမပေး။
- 10 ယဇ်ပလ္လင်ကို ဆီလူးသောနေ့၌ အနုမောဒနာ ပြုစရာဘို့ ယဇ်ပလ္လင်ရှေ့မှာ အခြားသော ပူဇော်သက္ကာကို ပြုကြ၏။
- 11 ထာဝရဘုရားကလည်း၊ ယဇ်ပလ္လင်ကို အနု မောဒနာပြုစရာဘို့၊ မင်းအသီးအသီးတို့သည် နေ့ရက်အစဉ်အတိုင်း မိမိ ပူဇော်သက္ကာကိုပြုရကြမည်ဟု မောရှေအား မိန့်တော် မူ၏။
- 12 ထိုသို့နှင့်အညီ၊ ပဌမနေ့၌ ယုဒအမျိုး၊ အမိနဒပ် သားနာရှန်သည် ဆက်သော ပူဇော်သက္ကာဟူမူကား၊
- 13 အကျပ်တော်အလိုက် တပိသာသုံးဆယ်အချိန် ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ် ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော ၍ အပြည့်ထည့်သော မုန့်ညက်၊
- 14 မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း၊
- 15 မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုးသ ငယ်တကောင်၊
- 16 အပြစ်ဖြေရာယဇ်ဘို့ဆိတ်သငယ်တကောင်၊
- 17 မိဿဟာယယဇ်ဘို့နွားနှစ်ကောင်၊ သိုးငါး ကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသငယ် ငါးကောင်တို့ကို အမိနဒပ်သား နာရှုန်သည် ပူဇော်လေ ၏။
- 18 ဒုတိယနေ့၌ ဣသခါအမျိုးတွင် မင်းဖြစ်သော ဇုအာသား နာသနေလဆက်သော ပူဇော်သက္ကာဟူ မူကား၊
- 19 အကျပ်တော်အလိုက် တပိသာသုံးဆယ်အချိန် ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသောငွေဖလား၊ ဘောဇဉ် ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့် ရော၍ အပြည့်ထည့်သော မုန့်ညက်၊
- 20 မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း
- 21 မီးရှို့ရာ ယဇ်ဘို့ အသက်ပျိုသော နွားထီးတကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုးသ ငယ်တကောင်၊
- 22 အပြစ်ဖြေရာ ယဇ်ဘို့ ဆိတ်သငယ်တကောင်၊
- 23 မိဿဟာယ ယဇ်ဘို့ နွားနှစ်ကောင်၊ သိုးငါး ကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသငယ် ငါးကောင်တို့ကို ဇုအာသားနာသနေလသည် ပူဇော်လေ ၏။
- 24 တတိယနေ့၌ ဇာဗုလုန် အမျိုးတွင် မင်းဖြစ် သော ဟေလုန်သားဧလျာဘဆက်သော ပူဇော်သက္ကာ ဟူမူကား၊
- 25 အကျပ်တော်အလိုက် တပိဿာ သုံးဆယ်အချိန် ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေ ဖလား၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော၍ အပြည့်ထည့်သော မုန့်ညက်၊
- 26 မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း -
- 27 မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုးသ ငယ်တကောင်၊
- 28 အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊
- 29 မိဿဟာယဇ်ဘို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသငယ်ငါးကောင် တို့ကို ဟေလုန်သား ဧလျာဘသည်ပူဇော်လေ၏။
- 30 စတုတ္ထနေ့၌ ရုဗင်အမျိုးတွင်မင်းဖြစ်သော ရှေဒု ရသား ဧလိဇုရဆက်သော ပူဇော်သက္ကာဟူမူကား၊
- 31 အကျပ်တော်အလိုက် တပိသာသုံးဆယ်အချိန် ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော၍ အပြည့်ထည့်သော မုန့်ညက်၊
- 32 မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း၊
- 33 မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုး သငယ်တကောင်၊
- 34 အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊
- 35 မိဿဟာယယဇ်ဘို့ နွားနှစ်ကောင်၊ သိုးငါး ကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသငယ် ငါးကောင်တို့ကို ရှေဒုရသားဧလိ ဇုရသည်ပူဇော်လေ၏။
- 36 ပဉ္စမနေ့၌ ရှိ မောင်အမျိုးတွင် မင်းဖြစ်သော ဇုရိရှဒ္ဒဲသား၊ ရှေလုမျေလဆက်သော ပူဇော်သက္ကာဟူ မူကား၊
- 37 အကျပ်တော်အလိုက် တပိသာသုံးဆယ်အချိန် ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့် ရော၍ အပြည့်ထည့်သော မုန့်ညက်၊
- 38 မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်၍ အကျပ် တဆယ်အချိန်ရှိသော ရွှေဇွန်း
- 39 မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုး သငယ်တကောင်၊
- 40 အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊
- 41 မိဿဟာယယဇ်ဘို့ နွားနှစ်ကောင်၊ သိုးငါး ကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသငယ် ငါးကောင်တို့ကို ဇုရိရှဒ္ဒဲသားရှေ လုမျေလသည် ပူဇော် လေ၏။
- 42 ဆဌမနေ့၌ ဂဒ်အမျိုးတွင် မင်းဖြစ်သော ဒွေလ သား၊ ဧလျာသပ် ဆက်သော ပူဇော်သက္ကယဟူမူကား၊
- 43 အကျပ်တော်အလိုက် တပိသာသုံးဆယ်အချိန် ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ထိုအင်တုံဖလား၌ ဆီနှင့်ရော၍ အပြည့်ထည့်သော မုန့်ညက်၊
- 44 မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း၊
- 45 မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုး သငယ်တကောင်၊ အခါမလည်သောသိုးသငယ်တကောင်၊
- 46 အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်။
- 47 မိဿဟာယဇ်ဘို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသငယ်ငါးကောင် တို့ကို ဒွေလသား ဧလျာသပ်သည် ပူဇော်လေ၏။
- 48 သတ္တမနေ့၌ ဧဖရိမ်အမျိုးတွင် မင်းဖြစ်သော အမိဟုဒ်သား ဧလိရှမာဆက်သော ပူဇော်သက္ကာဟူ မူကား၊
- 49 အကျပ်တော်အလိုက် တပိသားသုံးဆယ်အချိန် ရှိသော ငွေအင်တုံ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော ၍ အပြည့်ထည့်သောမုန့်ညက်၊
- 50 မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း၊
- 51 မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုး သငယ်တကောင်၊
- 52 အပြစ်ဖြေရာ ယဇ်ဘို့ ဆိတ်သငယ်တကောင်
- 53 မိဿဟာယယဇ်ဘို့ နွားနှစ်ကောင်၊ သိုးငါး ကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသငယ် ငါးကောင်တို့ကို၊ အမိဟုဒ်သားဧလိရှာမာသည် ပူဇော် လေ၏။
- 54 အဋ္ဌမနေ့၌မနာရှေအမျိုးတွင် မင်းဖြစ်သော ပေဒါဇုရသား ဂါမလျေလဆက်သော ပူဇော်သက္ကာဟူမူကား၊
- 55 အကျပ်တော်အလိုက် တပိဿာသုံးဆယ်အချိန် ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ် ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့် ရော၍ အပြည့်ထည့်သော မုန့်ညက်၊
- 56 မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း။
- 57 မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုး သငယ်တကောင်၊
- 58 အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊
- 59 မိဿာဟာယ၊ ယဇ်ဘို့ နွားနှစ်ကောင်၊ သိုးငါး ကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသငယ် ငါးကောင်တို့ကို ပေဒါဇုရသား ဂါမလျေလသည် ပူဇော် လေ၏၊
- 60 နဝမနေ့၌ ဗင်္ယာမိန်အမျိုးတွင် မင်းဖြစ်သော ဂိဒေါနိသား အဘိဒန်ဆက်သော ပူဇော်သက္ကာဟူမူကား
- 61 အကျပ်တော်အလိုက် တပိသာသုံးဆယ်အချိန်ရှိ သော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ် ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော ၍ အပြည့်ထည့်သော မုန့်ညက်၊
- 62 မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း
- 63 မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုး သငယ်တကောင်၊
- 64 အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊
- 65 မိဿဟာယယဇ်ဘို့ နွားနှစ်ကောင်၊ သိုးငါး ကောင်၊ ဆိတ်ငါးကောင်တို့ကို ဂိဒေါနိသားအဘိဒန်သည် ပူဇော်လေ၏၊
- 66 ဒသမနေ့၌ ဒန်အမျိုးတွင် မင်းဖြစ်သော အမိ ရှဒ္ဒဲသားအဟေဇာဆက်သော ပူဇော်သက္ကာဟူမူကား၊
- 67 အကျပ်တော်အလိုက် တပိသားသုံးဆယ်အချိန် ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော ၍ အပြည့်ထည့်သော မုန့်ညက်။
- 68 မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း၊
- 69 မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုး သငယ်တကောင်၊
- 70 အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊
- 71 မိဿဟာယယဇ်ဘို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသငယ်ငါးကောင်တို့ကို အမိရှဒ္ဒသားအဟေဇာသည် ပူဇော်လေ၏။
- 72 ဧကာဒသမနေ့၌ အာရှာအမျိုးတွင် မင်းဖြစ် သော ဩကရန်သား ပါဂျေလဆက်သော ပူဇော်သက္ကာဟူ မူကား။
- 73 အကျပ်တော်အလိုက် တပိဿာသုံးဆယ်အချိန် ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော ၍ အပြည့်ထည့်သော မုန့်ညက်။
- 74 မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း၊
- 75 မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုး သငယ်တကောင်၊
- 76 အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊
- 77 မိဿဟာယယဇ်ဘို့နွားနှစ်ကောင်၊ သိုးငါး ကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသငယ် ငါးကောင်တို့ကို ဩကရန်သားပါဂျေလသည် ပူဇော် လေ၏။
- 78 ဒွါဒသမနေ့၌ နသာလိအမျိုးတွင် မင်းဖြစ်သော ဧနန်းသားအဟိရဆက်သော ပူဇော်သက္ကာ ဟူမူကား၊
- 79 အကျပ်တော်အလိုက် တပိဿာသုံးဆယ် အချိန် ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ် ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော ၍ အပြည့်ထည့်သော မုန့်ညက်။
- 80 မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း၊
- 81 မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုးသ ငယ်တကောင်၊ အခါမလည်သော သိုးသငယ်တကောင်၊
- 82 အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊
- 83 မိဿဟာယယဇ်ဘို့ နွားနှစ်ကောင်၊ သိုးငါး ကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသငယ် ငါးကောင်တို့ကို ဧနန်သား အဟိရသည် ပူဇော်လေ၏။
- 84 ထိုသို့ဣသရေလအမျိုးတို့၌ မင်းဖြစ်သော သူတို့ သည်၊ ယဇ်ပလ္လင်ကို ဆီလူးသောနေ့၌ အနုမောဒနာ ပြုစရာဘို့ ဆက်သော ငွေအင်တုံပေါင်းဆယ်နှစ်လုံး၊ ငွေ ဖလားပေါင်းဆယ်နှစ်လုံး၊ ရွှေဇွန်းပေါင်း ဆယ်နှစ်စင်း တည်း။
- 85 ငွေအင်တုံအချိန်ကား၊ တလုံးလျှင် တပိဿာ သုံးဆယ်စီ၊ ငွေဖလားအချိန်ကား၊ တလုံးလျှင် ခုနစ်ဆယ် စီရှိ၍ ငွေချိန်ပေါင်းကား၊ အကျပ်တော်အလိုက်၊ အခွက် နှစ်ဆယ်လေးပိဿာရှိသတည်း။
- 86 မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်သော ရွှေဇွန်း ဆယ်နှစ်စင်း အချိန်ကား၊ အကျပ်တော်အလိုက် ဆယ် ကျပ်စီရှိ၍၊ ရွှေချိန်ပေါင်းကား တပိဿာနှစ်ဆယ်ရှိသ တည်း။
- 87 မီးရှို့ရာယဇ်ဘို့ ဘောဇဉ် ပူဇောသက္ကာနှင့်တကွ နွားပေါင်းဆယ်နှစ်ကောင်၊ သိုးထီးဆယ်နှစ်ကောင်၊ အခါ မလည်သောသိုးသငယ် ဆယ်နှစ်ကောင်၊ အပြစ်ဖြေရာ ယဇ်ဘို့ ဆိတ်သငယ်ပေါင်း ဆယ်နှစ်ကောင်၊
- 88 မိဿဟာယ ယဇ်ဘို့ နွားပေါင်း၊ နှစ်ဆယ် လေးကောင်၊ သိုးထီးခြောက်ဆယ်၊ ဆိတ်ထီးခြောက်ဆယ်၊ အခါမလည်သော သိုးသငယ်ခြောက်ဆယ်ရှိသတည်း။ ဤရွေ့ကား၊ယဇ်ပလ္လင် ဆီလူးသောနောက်၊ အနုမောဒနာပြုဘို့ ဆက်သော ပူဇော်သက္ကာပေတည်း။
- 89 မောရှေသည် ဘုရားသခင်ကို လျှောက်ခြင်းငှါ ပရိသတ်စည်းဝေးရာ တဲတော်ထဲသို့ ဝင်သောအခါ၊ ခေရု ဗိမ်နှစ်ပါးကြားမှာ၊ သက်သေခံချက်သေတ္တာအပေါ်၌ တင်သောအဖုံးထက်သော ဘုရားသခင် ခေါ်တော်မူသံ ကို မောရှေသည်ကြား၍ ထူးလေ၏။
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗