민수기 28장 Judson (1835)
Judson (1835) · 미얀마어 · 민수기 (Numbers) · 31절 · 대역: King James Version
| 절 | Judson (1835) | King James Version |
|---|---|---|
| 1 | တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရ မည်မှာ၊ ငါ၏ပူဇော်သက္ကာကို၎င်း၊ | And the Lord spake unto Moses, saying, |
| 2 | ငါ့အဘို့ မွှေးကြိုင် သောအနံ့ရှိစေခြင်းငှာ မီးဖြင့်ပြုသော ငါ၏အစာ အာဟာရကို၎င်း၊ အချိန်တန်မှ ငါ့အားပူဇော်ခြင်းငှာ သတိပြုရကြမည်။ | Command the children of Israel, and say unto them, My offering, and my bread for my sacrifices made by fire, for a sweet savour unto me, shall ye observe to offer unto me in their due season. |
| 3 | တဖန်ဆင့်ဆိုရမည်မှာ၊ နေ့တိုင်းအစဉ်အမြဲ မီးရှို့ရာယဇ်ဘို့၊ အခါမလည် အပြစ်မပါသော သိုးသငယ် နှစ်ကောင်ကို ထာဝရဘုရားအား မီးဖြင့်ပူဇော်ရမည်။ | And thou shalt say unto them, This is the offering made by fire which ye shall offer unto the Lord; two lambs of the first year without spot day by day, for a continual burnt offering. |
| 4 | နံနက်ယံ၌ သိုးသငယ်တကောင်၊ ညဦးယံ၌ တကောင်ကို ပူဇော်ရမည်။ | The one lamb shalt thou offer in the morning, and the other lamb shalt thou offer at even; |
| 5 | သံလွင်သီးကို ထောင်း၍ရသော သံလွင်ဆီ သုံးလောဃနှင့် ရောသော မုန့်ညက်တဩမဲကိုလည်း ပူဇော်ရမည်။ | And a tenth part of an ephah of flour for a meat offering, mingled with the fourth part of an hin of beaten oil. |
| 6 | ဤရွေ့ကား၊ သိနာတောင်ပေါ်မှာ စီရင်တော် မူသည်အတိုင်း၊ ထာဝရဘုရားအဘို့ မွှေးကြိုင်သော အနံ့နှင့် မီးဖြင့်ပြုသော ပူဇော်သက္ကာ၊ အစဉ်အမြဲပြု ရသော မီးရှို့ရာယဇ်ဖြစ်သတည်း။ | It is a continual burnt offering, which was ordained in mount Sinai for a sweet savour, a sacrifice made by fire unto the Lord. |
| 7 | သိုးသငယ်တကောင်နှင့်အတူ သွန်းလောင်းရာ ပူဇော်သက္ကာဘို့၊ စပျစ်ရည်သုံးလောဃကို ပူဇော်၍၊ သန့်ရှင်းရာဌာန၌ သွန်းလောင်းရာ ပူဇော်သက္ကာဘို့၊ ထာဝရဘုရားအား သွန်းလောင်းရမည်။ | And the drink offering thereof shall be the fourth part of an hin for the one lamb: in the holy place shalt thou cause the strong wine to be poured unto the Lord for a drink offering. |
| 8 | အခြားသော သိုးသငယ်ကို ညဦးယံ၌ ပူဇော် သောအခါ၊ နံနက်ယံ၌ ဘောဇဉ် ပူဇော်သက္ကာ၊ သွန်း လောင်းရာ ပူဇော်သက္ကာပါသည်နည်းတူ ပါလျက်၊ ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့နှင့် ပြည့်စုံ၍ မီးဖြင့်ပူဇော်သော ယဇ်ကို ပြုရမည်။ | And the other lamb shalt thou offer at even: as the meat offering of the morning, and as the drink offering thereof, thou shalt offer it, a sacrifice made by fire, of a sweet savour unto the Lord. |
| 9 | နေ့တိုင်း အစဉ်ပူဇော်သော မီးရှို့ရာယဇ်၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး၊ ဥပုပ်နေ့ရက်၌ အခါမလည် အပြစ်မပါသော သိုးသငယ်နှစ်ကောင်ကို၎င်း၊ သွန်းလောင်းရာ ပူဇော်သက္ကာပါလျက်၊ ဘောဇဉ် ပူဇော်သက္ကာဘို့၊ ဆီရောသောမုန့်ညက်နှစ်ဩမဲကို၎င်း ပူဇော်ရမည်။ | And on the sabbath day two lambs of the first year without spot, and two tenth deals of flour for a meat offering, mingled with oil, and the drink offering thereof: |
| 10 | နေ့တိုင်း အစဉ်ပူဇော်သော မီးရှို့ရာယဇ်၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး၊ ဥပုပ်နေ့ရက်၌ အခါမလည် အပြစ်မပါသော သိုးသငယ်နှစ်ကောင်ကို၎င်း၊ သွန်းလောင်းရာ ပူဇော်သက္ကာပါလျက်၊ ဘောဇဉ် ပူဇော်သက္ကာဘို့၊ ဆီရောသောမုန့်ညက်နှစ်ဩမဲကို၎င်း ပူဇော်ရမည်။ | This is the burnt offering of every sabbath, beside the continual burnt offering, and his drink offering. |
| 11 | လဆန်းတရက်နေ့၌၊ အသက်ပျိုသော နွားထီး နှစ်ကောင်၊ သိုးထီးတကောင်၊ အခါမလည်၊ အပြစ် မပါသော သိုးသငယ်ခုနစ်ကောင်တို့ကို၊ ထာဝရဘုရား အား မီးရှို့ရာယဇ်ပြု၍ ပူဇော်ရမည်။ | And in the beginnings of your months ye shall offer a burnt offering unto the Lord; two young bullocks, and one ram, seven lambs of the first year without spot; |
| 12 | နွားတကောင်အဘို့၊ ဆီရောသော မုန့်ညက် သုံးဩမဲ၊ သိုးတကောင်အဘို့၊ ဆီရောသော မုန့်ညက် နှစ်ဩမဲ၊ | And three tenth deals of flour for a meat offering, mingled with oil, for one bullock; and two tenth deals of flour for a meat offering, mingled with oil, for one ram; |
| 13 | သိုးသငယ်တကောင်အဘို့၊ ဆီရောသော မုန့်ညက်တဩ မဲစီတည်း ဟူသော ဘောဇဉ်ပူဇော်သက္ကာ နှင့်တကွ၊ ထာဝရဘုရားအား မီးဖြင့်ပူဇော်၍ မီးရှို့ရာ ယဇ်ကို ပြုရမည်။ | And a several tenth deal of flour mingled with oil for a meat offering unto one lamb; for a burnt offering of a sweet savour, a sacrifice made by fire unto the Lord. |
| 14 | သွန်းလောင်းရာ ပူဇော်သက္ကာဘို့ကား၊ နွား တကောင်နှင့် စပျစ်ရည် ခြောက်လောဃ၊ သိုးတကောင် နှင့် လေးလောဃ၊ သိုးသငယ်တကောင်နှင့် သုံးလောဃ ကို ပူဇော်ရမည်။ ထိုသို့ လတိုင်း အစဉ်မပြတ် မီးရှို့ရာ ယဇ်ကို ပူဇော်ရမည်။ | And their drink offerings shall be half an hin of wine unto a bullock, and the third part of an hin unto a ram, and a fourth part of an hin unto a lamb: this is the burnt offering of every month throughout the months of the year. |
| 15 | နေ့တိုင်း အစဉ်ပူဇော်သော မီးရှို့ရာယဇ်၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး၊ အပြစ်ဖြေရာ ယဇ်ဘို့ ထာဝရဘုရားအား ဆိတ်သငယ်တကောင်ကို လည်း ပူဇော်ရမည်။ | And one kid of the goats for a sin offering unto the Lord shall be offered, beside the continual burnt offering, and his drink offering. |
| 16 | ပဌမလတဆယ်လေးရက်နေ့၌၊ ထာဝရဘုရား၏ ပသခါပွဲဖြစ်၏။ | And in the fourteenth day of the first month is the passover of the Lord. |
| 17 | ၎င်းလ တဆယ်ငါးရက်နေ့၌ ပွဲကိုခံရမည်။ ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကို စားရကြမည်။ | And in the fifteenth day of this month is the feast: seven days shall unleavened bread be eaten. |
| 18 | ပဌမနေ့၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ လောကီအလုပ်ကို မလုပ်ရ။ | In the first day shall be an holy convocation; ye shall do no manner of servile work therein: |
| 19 | ထာဝရဘုရားအား မီးဖြင့်ပြုသော ယဇ်တည်းဟူ သော အသက်ပျိုသော နွားထီးနှစ်ကောင်၊ သိုးထီး တကောင်၊ အခါမလည် အပြစ်မပါသော သိုးသငယ် ခုနစ်ကောင်တို့ကို မီးရှို့ရာယဇ်ပြု၍ ပူဇော်ရမည်။ | But ye shall offer a sacrifice made by fire for a burnt offering unto the Lord; two young bullocks, and one ram, and seven lambs of the first year: they shall be unto you without blemish: |
| 20 | နွားတကောင်လျှင် ဆီရောသော မုန့်ညက် သုံးဩမဲ၊ သိုးတကောင်လျှင် နှစ်ဩမဲ၊ | And their meat offering shall be of flour mingled with oil: three tenth deals shall ye offer for a bullock, and two tenth deals for a ram; |
| 21 | သိုးသငယ်ခုနစ်ကောင်စေ့အောင်၊ တကောင် လျှင် တဩမဲစီနှင့် ဘောဇဉ်ပူဇော်သက္ကာပြုရမည်။ | A several tenth deal shalt thou offer for every lamb, throughout the seven lambs: |
| 22 | အပြစ်ဖြေခြင်းကို ပြုအံ့သောငှာ၊ အပြစ်ဖြေရာ ယဇ်ဘို့ ဆိတ်တကောင်ကိုလည်း ပူဇော်ရမည်။ | And one goat for a sin offering, to make an atonement for you. |
| 23 | နေ့ရက်အစဉ် နံနက်တိုင်းပူဇော်သော မီးရှို့ရာ ယဇ်မှတပါး၊ ထိုယဇ်များကို ထပ်၍ ပူဇော်ရမည်။ | Ye shall offer these beside the burnt offering in the morning, which is for a continual burnt offering. |
| 24 | ထိုသို့ အစဉ်အမြဲ ပူဇော်သောမီးရှို့ရာယဇ်၊ သွန်း လောင်းရာ ပူဇော်သက္ကာမှတပါး ခုနစ်ရက်ပတ်လုံး တနေ့တနေ့လျှင် ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့ နှင့် မီးဖြင့်ပြုသော ပူဇော်သက္ကာ အစာအာဟာရကို ပူဇော်ရမည်။ | After this manner ye shall offer daily, throughout the seven days, the meat of the sacrifice made by fire, of a sweet savour unto the Lord: it shall be offered beside the continual burnt offering, and his drink offering. |
| 25 | သတ္တမနေ့၌လည်း၊ ဓမ္မစည်းဝေးခြင်းကို ပြုရ မည်။ လောကီအလုပ်ကို မလုပ်ရ။ | And on the seventh day ye shall have an holy convocation; ye shall do no servile work. |
| 26 | ထိုမှတပါး၊ သိတင်းခုနစ်သိတင်းစေ့ပြီးမှ၊ ဘောဇဉ် ပူဇော်သက္ကာအသစ်ကို ထာဝရဘုရားထံတော် သို့ ဆောင်ခဲ့သောနေ့၊ အဦးသီးသောအသီး နေ့ရက်၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ လောကီအလုပ်ကို မလုပ်ရ။ | Also in the day of the firstfruits, when ye bring a new meat offering unto the Lord, after your weeks be out, ye shall have an holy convocation; ye shall do no servile work: |
| 27 | ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့နှင့် မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီးနှစ်ကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုးသငယ်ခုနစ် ကောင်တို့ကို ပူဇော်ရမည်။ | But ye shall offer the burnt offering for a sweet savour unto the Lord; two young bullocks, one ram, seven lambs of the first year; |
| 28 | နွားတကောင်လျှင် ဆီရောသောမုန့်ညက် သုံးဩမဲ၊ သိုးတကောင်လျှင် နှစ်ဩမဲ၊ | And their meat offering of flour mingled with oil, three tenth deals unto one bullock, two tenth deals unto one ram, |
| 29 | သိုးသငယ်ခုနစ်ကောင်စေ့အောင်၊ တကောင် လျှင် တဩမဲစီနှင့် ဘောဇဉ်ပူဇော်သက္ကာပြုရမည်။ | A several tenth deal unto one lamb, throughout the seven lambs; |
| 30 | အပြစ်ဖြေခြင်းကို ပြုအံ့သောငှါ၊ ဆိတ်သငယ် တကောင်ကိုလည်း ပူဇော်ရမည်။ | And one kid of the goats, to make an atonement for you. |
| 31 | ထိုသို့ အစဉ်အမြဲပူဇော်သော မီးရှို့ရာယဇ်၊ ဘောဇဉ် ပူဇော်သက္ကာမှတပါး၊ သွန်းလောင်းရာ ပူဇော် သက္ကာနှင့်တကွ၊ အပြစ်မပါသော ယဇ်ကောင်များတို့ကို ထပ်၍ ပူဇော်ရမည်။ | Ye shall offer them beside the continual burnt offering, and his meat offering, (they shall be unto you without blemish) and their drink offerings. |
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL