미가 2장 Judson (1835)
Judson (1835) · 미얀마어 · 미가 (Micah) · 13절 · 대역: King James Version
| 절 | Judson (1835) | King James Version |
|---|---|---|
| 1 | ဒုစရိုက်ကို ပြုခြင်းငှါ အိပ်ရာပေါ်မှာ မကောင်း သော အကြံကိုကြံ၍၊ မိုဃ်းလင်းသောအခါ အခွင့်ရသည် အတိုင်း ပြုတတ်သော သူတို့သည် အမင်္ဂလာရှိကြ၏။ | Woe to them that devise iniquity, and work evil upon their beds! when the morning is light, they practise it, because it is in the power of their hand. |
| 2 | သူတပါး၏အိမ်နှင့် လယ်ယာတို့ကို တပ်မက်၍ အနိုင်အထက်သိမ်းယူလျက်၊ လူနှင့်သူ၏အိမ်ကို၎င်း၊ လူကြီးနှင့်သူ၏အမွေဥစ္စာကို၎င်း လုယက်၍ ညှဉ်းဆဲ တတ်ကြ၏။ | And they covet fields, and take them by violence; and houses, and take them away: so they oppress a man and his house, even a man and his heritage. |
| 3 | သို့ဖြစ်၍ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့လည်ပင်းမလွတ်၊ ခေါင်းမကြွနိုင်သော ဘေးဒဏ် ကို ထိုသို့သော အိမ်ထောင်တဘက်၌ ငါကြံစည်၏။ ဆိုးသောကာလဖြစ်လိမ့်မည်။ | Therefore thus saith the Lord; Behold, against this family do I devise an evil, from which ye shall not remove your necks; neither shall ye go haughtily: for this time is evil. |
| 4 | ထိုကာလတွင် သင်တို့ တဘက်၌ ပုံစကားကို သုံး၍၊ အလွန်ပြင်းစွာ မြည်တမ်းရသော စကားဟူမူကား၊ ငါတို့သည် ရှင်းရှင်းပျက်စီးကြပြီ။ ငါ့အမျိုးသား ခံစားရ သော အဘို့ကိုလဲ၍ ငါ့လက်မှ ရုပ်တော်မူပြီတကား။ ငါတို့ လယ်ကွက်များကို ရုပ်သိမ်း၍၊ သူတပါးတို့အား ဝေဖန် တော်မူပြီ။ | In that day shall one take up a parable against you, and lament with a doleful lamentation, and say, We be utterly spoiled: he hath changed the portion of my people: how hath he removed it from me! turning away he hath divided our fields. |
| 5 | ထိုကြောင့်၊ ထာဝရဘုရား၏ပရိသတ်တော်တွင်၊ သင်တို့ ခံစားရသောအဘို့ကို ကြိုးတန်းနှင့် တိုင်းထွာသောသူ မရှိရ။ | Therefore thou shalt have none that shall cast a cord by lot in the congregation of the Lord. |
| 6 | ပရောဖက်ပြုသော သူတို့၊ ပရောဖက်မပြုကြ နှင့်။ သူတို့သည် ရှက်ကြောက်မည်အကြောင်း ပရောဖက် မပြုရကြ။ | Prophesy ye not, say they to them that prophesy: they shall not prophesy to them, that they shall not take shame. |
| 7 | ထာဝရဘုရား၏ဝိညာဉ်တော်သည် ဆီးတား ခြင်းကို ခံရသလော။ ဤအမှုတို့ကို ပြုတော်မူသလောဟု ဣသရေလအမျိုးသားမေးလျှင်၊ ဖြောင့်မတ်စွာ ကျင့်သော သူသည် ငါ့စကားအားဖြင့် အကျိုးကို ရသည်မဟုတ် လော။ | O thou that art named the house of Jacob, is the spirit of the Lord straitened? are these his doings? do not my words do good to him that walketh uprightly? |
| 8 | ရှေးကာလ၌ပင် ငါ၏လူတို့သည် ရန်ဘက်ပြု၍ ထကြ၏။ စစ်တိုက်ရာမှ ပြန်၍ ဘေးကိုမကြောက်ဘဲ၊ ရှောက်သွားသောသူတို့၏ ပြင်အဝတ်နှင့် အတွင်းအဝတ် ကို လုယူတတ်ကြ၏။ | Even of late my people is risen up as an enemy: ye pull off the robe with the garment from them that pass by securely as men averse from war. |
| 9 | ငါ့လူတို့၏မယားများကို သူတို့သာယာသော နေရာထဲက နှင်ထုတ်၍၊ သူတို့သားများမှ ငါ၏ဘုန်းကို အစဉ်နှုတ်ယူ ကြပြီ။ | The women of my people have ye cast out from their pleasant houses; from their children have ye taken away my glory for ever. |
| 10 | ထ၍ သွားကြလော့။ ဤပြည်သည် သင်တို့ငြိမ် ဝပ်ရာအရပ်မဟုတ်။ ဤအရပ်သည် ညစ်ညူးသော ကြောင့်ကြီးစွာသော ပျက်စီးခြင်းနှင့် ပျက်စီးရလိမ့်မည်။ | Arise ye, and depart; for this is not your rest: because it is polluted, it shall destroy you, even with a sore destruction. |
| 11 | ကိုယ်အလိုသို့ လိုက်၍ မုသားစကားကို သုံး သော သူက၊ ငါသည် ပရောဖက်ပြု၍ စပျစ်ရည်တရား နှင့် သေရည်သေရက်တရားကို ဟောပြောမည်ဟုဆိုလျှင်၊ ထိုသူသည် ဤလူတို့၏ပရောဖက်ဖြစ်ရလိမ့်မည်။ | If a man walking in the spirit and falsehood do lie, saying, I will prophesy unto thee of wine and of strong drink; he shall even be the prophet of this people. |
| 12 | အိုယာကုပ်၊ ငါသည် သင်၏အမျိုးသားအပေါင်း တို့ကို၎င်း၊ ကျန်ကြွင်းသော ဣသရေလအမျိုးသား အပေါင်းတို့ကို၎င်း ဆက်ဆက်စုဝေးစေမည်။ သိုးခြံ၌ သိုး များကဲ့သို့၎င်း၊ ကျက်စားရာအရပ်ထဲမှာ သိုးစုကဲ့သို့၎င်း သူတို့ကို ငါစု၍ ထားမည်။ လူများသောကြောင့် အသံကြီး လိမ့်မည်။ | I will surely assemble, O Jacob, all of thee; I will surely gather the remnant of Israel; I will put them together as the sheep of Bozrah, as the flock in the midst of their fold: they shall make great noise by reason of the multitude of men. |
| 13 | အနိုင်အထက်ဖွင့်သောသူသည် သူတို့ရှေ့မှာ သွား၏။ သူတို့သည်လည်း အနိုင်အထက် ဖွင့်၍ တံခါးဝ ဖြင့် ရှောက်သွားကြ၏။ သူတို့ ရှင်ဘုရင်သည် သူတို့ရှေ့ မှာသွား၍ ထာဝရဘုရားသည် လမ်းပြတော်မူ၏။ | The breaker is come up before them: they have broken up, and have passed through the gate, and are gone out by it: and their king shall pass before them, and the Lord on the head of them. |
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL