마가복음 15장 Judson (1835)
Judson (1835) · 미얀마어 · 마가복음 (Mark) · 47절 · 대역: King James Version
| 절 | Judson (1835) | King James Version |
|---|---|---|
| 1 | နံနက်အချိန်တွင် ယဇ်ပုရောဟိတ်အကြီးတို့သည် မဆိုင်းမလင့်ဘဲ လူအကြီးအကဲ၊ ကျမ်းပြုဆရာ၊ လွှတ်အရာရှိအပေါင်းတို့နှင့် တိုင်ပင်ခြင်းကိုပြု၍၊ ယေရှုကိုချည်နှောင်ပြီးလျှင်၊ ပိလတ်မင်းထံသို့ ဆောင်သွား၍ အပ်လိုက်ကြ၏။ | And straightway in the morning the chief priests held a consultation with the elders and scribes and the whole council, and bound Jesus, and carried him away, and delivered him to Pilate. |
| 2 | ပိလတ်မင်းက၊ သင်သည် ယုဒရှင်ဘုရင် မှန်သလောဟု ကိုယ်တော်ကိုမေးလျှင်၊ မင်းကြီးမေးသည် အတိုင်းမှန်သည်ဟု မိန့်တော်မူ၏။ | And Pilate asked him, Art thou the King of the Jews? And he answering said unto him, Thou sayest it. |
| 3 | ယဇ်ပုရောဟိတ်မင်းကြီးတို့သည် များစွာသောအပြစ်ကိုတင်ကြ၏။ | And the chief priests accused him of many things: but he answered nothing. |
| 4 | တဖန်ပိလတ်မင်းက၊ သင်သည် တခွန်းကိုမျှပြန်၍ မပြောသလောက်။ သင့်တဘက်၌ အဘယ်မျှ လောက် သက်သေခံကြသည်ကို ကြည့်ပါဟု မေးမြန်းပြောဆိုသော်လည်း၊ | And Pilate asked him again, saying, Answerest thou nothing? behold how many things they witness against thee. |
| 5 | စကားတခွန်းကိုမျှပြန်တော်မမူသည်ကို ပိလတ်မင်းသည် အံ့ဩလေ၏။ | But Jesus yet answered nothing; so that Pilate marvelled. |
| 6 | ထိုပွဲ၌ မြို့ဝန်မင်းသည် အကျဉ်းထားသောသူတို့တွင်၊ လူများတောင်းသော သူတယောက်ယောက်ကို လွှတ်တတ်၏။ | Now at that feast he released unto them one prisoner, whomsoever they desired. |
| 7 | ထိုအခါ ပုန်ကန်၍ လူအသက်ကိုသတ်သော အပြစ်သင့်သော ဗာရဗ္ဗအမည်ရှိသော သူတယောက် သည်၊ ပုန်ကန်သောအပေါင်းဘော်တို့နှင့်တကွ အကျဉ်းခံလျက်ရှိ၏။ | And there was one named Barabbas, which lay bound with them that had made insurrection with him, who had committed murder in the insurrection. |
| 8 | လူအပေါင်းတို့သည် မိမိတို့အား ပြုမြဲပြုပါမည်အကြောင်း အော်ဟစ်၍ တောင်းပန်သောအခါ၊ | And the multitude crying aloud began to desire him to do as he had ever done unto them. |
| 9 | ပိလတ်မင်းက၊ သင်တို့သည် ယုဒရှင်ဘုရင်ကို လွှတ်စေချင်သလောဟု ပြန်၍မေး၏။ | But Pilate answered them, saying, Will ye that I release unto you the King of the Jews? |
| 10 | အဘယ်ကြောင့် ဤသို့မေးသနည်းဟူမူကား၊ ယဇ်ပုရောဟိတ်အကြီးတို့သည် မနာလိုသောစိတ်နှင့် ယေရှုကိုအပ်နှံကြောင်းကိုသိ၏။ | For he knew that the chief priests had delivered him for envy. |
| 11 | ပိလတ်မင်းသည် ယေရှုကိုမလွှတ်၊ ဗာရဗ္ဗကို လွှတ်စေခြင်းငှါ ယဇ်ပုရောဟိတ်အကြီးတို့သည် လူအစု အဝေးကို နှိုးဆော်ကြ၏။ | But the chief priests moved the people, that he should rather release Barabbas unto them. |
| 12 | တဖန်ပိလတ်မင်းက၊ ယုဒရှင်ဘုရင်ဟု သင်တို့ခေါ်ဝေါ်သောသူကိုအဘယ်သို့ပြုရမည်နည်းဟု မေးမြန်း သော်၊ | And Pilate answered and said again unto them, What will ye then that I shall do unto him whom ye call the King of the Jews? |
| 13 | ထိုသူအပေါင်းတို့က၊ သူ့ကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါဟု ဟစ်ကြ၏။ | And they cried out again, Crucify him. |
| 14 | ပိလတ်မင်းကလည်း၊ အဘယ်ကြောင့်နည်း၊ အဘယ်အပြစ်ကို ပြုဘိသနည်းဟု မေးလျှင်၊ ထိုသူကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါဟု လူများတို့သည် သာ၍ ဟစ်ကြ၏။ | Then Pilate said unto them, Why, what evil hath he done? And they cried out the more exceedingly, Crucify him. |
| 15 | ပိလတ်မင်းသည်လည်း လူများတို့၏စိတ်ကို ပြေစေခြင်းငှါ အလိုရှိ၍၊ ဗာရဗ္ဗကို သူတို့အား လွှတ်လေ ၏။ ယေရှုကိုကား၊ ရိုက်ပြီးလျှင် လက်ဝါးကပ်တိုင်မှာ သတ်စေခြင်းငှါ အပ်လိုက်လေ၏။ | And so Pilate, willing to content the people, released Barabbas unto them, and delivered Jesus, when he had scourged him, to be crucified. |
| 16 | ထိုအခါစစ်သူရဲတို့သည် ကိုယ်တော်ကို ပြဲတောရိရုံးတည်းဟူသော အိမ်တော်ဦးအတွင်းသို့ ဆောင် သွား၍၊ စစ်သူရဲတတပ်လုံးကို စုရုံးစေပြီးမှ၊ ကိုယ်တော်အား နီမောင်းသောအဝတ်ကိုဝတ်စေ၍၊ | And the soldiers led him away into the hall, called Pretorium; and they call together the whole band. |
| 17 | ဆူးပင်နှင့်ရက်သော ဦးရစ်ကိုတင်ပြီးလျှင်၊ | And they clothed him with purple, and platted a crown of thorns, and put it about his head, |
| 18 | ယုဒရှင်ဘုရင်၊ ကိုယ်တော်သည် မင်္ဂလာရှိစေသတည်းဟု ကောင်းကြီးစကားကို ပြောကြ၏။ | And began to salute him, Hail, King of the Jews! |
| 19 | ခေါင်းတော်ကို ကျူးလုံးနှင့် ရိုက်ခြင်း၊ တံထွေးနှင့်ထွေးခြင်း၊ ရှေ့တော်မှာ ဒူးထောက်၍ ပြပ်ဝပ်ခြင်း ကိုလည်း ပြုကြ၏။ | And they smote him on the head with a reed, and did spit upon him, and bowing their knees worshipped him. |
| 20 | ထိုသို့ ကိုယ်တော်ကို ပြက်ယယ်ပြုသည်နောက်၊ နီမောင်းသောအဝတ်ကိုချွတ်၍ အဝတ်တော်ကို ဝတ် ပြန်စေပြီးလျှင်၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းငှါ ထုတ်သွားကြ၏။ | And when they had mocked him, they took off the purple from him, and put his own clothes on him, and led him out to crucify him. |
| 21 | အာလေဇန္ဒြုနှင့် ရုဖု၏ အဘရှိမုန်အမည်ရှိသော ကုရေနေပြည်သားတယောက်သည်၊ တောရွာမှ လာ၍ လမ်း၌သွားသည်ကို သူတို့သည်တွေ့လျှင်၊ အနိုင်ပြု၍ လက်ဝါးကပ်တိုင်တော်ကို ထမ်းစေကြ၏။ | And they compel one Simon a Cyrenian, who passed by, coming out of the country, the father of Alexander and Rufus, to bear his cross. |
| 22 | ဦးခေါင်းခွံအရပ်ဟု ဆိုလိုသော ဂေါသဂေါသ အရပ်သို့ ကိုယ်တော်ကို ဆောင်သွားပြီးမှ၊ | And they bring him unto the place Golgotha, which is, being interpreted, The place of a skull. |
| 23 | မုရန်နှင့်ရောသော စပျစ်ရည်ကို၊ ကိုယ်တော်အား သောက်စိမ့်သောငှါ ပေးလျှင် မခံဘဲ နေတော်မူ၏။ | And they gave him to drink wine mingled with myrrh: but he received it not. |
| 24 | လက်ဝါးကပ်တိုင်မှာ ရိုက်ထားပြီးလျှင်၊ အဝတ်တော်ကို စားရေးတံချ၍ အသီးအသီးတို့အား ဝေဖန် ကြ၏။ | And when they had crucified him, they parted his garments, casting lots upon them, what every man should take. |
| 25 | ကိုယ်တော်ကို လက်ဝါးကပ်တိုင်မှာ ရိုက်ကြသောအချိန်ကား၊ နံနက်တချက်တည်းအချိန်ဖြစ်သတည်း။ | And it was the third hour, and they crucified him. |
| 26 | အပြစ်ဘော်ပြသော ကမ္ဗည်းလိပ်စာချက်ဟူမူကား၊ ယုဒရှင်ဘုရင်ဟု ရေးထားသတည်း။ | And the superscription of his accusation was written over, THE KING OF THE JEWS. |
| 27 | ကိုယ်တော်နှင့်တကွ ထားပြနှစ်ယောက်တို့ကို လက်ျားတော်ဘက်၌တယောက်၊ လက်ဝဲတော်ဘက်၌ တယောက်၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ၏။ | And with him they crucify two thieves; the one on his right hand, and the other on his left. |
| 28 | ထိုသို့ မတရားသောသူတို့နှင့် ရေတွက်ဝင်ခြင်း သို့ရောက်သည်ဟုဆိုသော ကျမ်းစာချက်သည် ပြည့်စုံခြင်းသို့ ရောက်သတည်း။ | And the scripture was fulfilled, which saith, And he was numbered with the transgressors. |
| 29 | လမ်းမှာသွားသောသူတို့ကလည်း၊ ဟဲ့၊ ဗိမာန်တော်ကို ဖြိုဖျက်၍ သုံးရက်အတွင်းတွင် တည်ဆောက် ပြန်သောသူ၊ | And they that passed by railed on him, wagging their heads, and saying, Ah, thou that destroyest the temple, and buildest it in three days, |
| 30 | ကိုယ်ကိုကိုယ်ကယ်တင်လော့။ လက်ဝါးကပ်တိုင်မှ ဆင်းလော့ဟု မိမိတို့ခေါင်းကိုညှိတ်၍ ကဲ့ရဲ့သော စကားနှင့် ပြောဆိုကြ၏။ | Save thyself, and come down from the cross. |
| 31 | ထိုနည်းတူ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့က၊ ဤသူသည် သူတပါးတို့ကို ကယ်တင်တတ် ၏။ ကိုယ်ကိုမကယ်တင်နိုင်ပါတကား။ | Likewise also the chief priests mocking said among themselves with the scribes, He saved others; himself he cannot save. |
| 32 | ငါတို့မြင်၍ ယုံကြည်စေခြင်းငှါ၊ ဣသရေလရှင်ဘုရင် တည်းဟူသော ခရစ်တော်သည် လက်ဝါးကပ် တိုင်မှ ယခုဆင်းပါလော့ဟု အချင်းချင်းပြက်ယယ်ပြု၍ ပြောဆိုကြ၏။ ကိုယ်တော်နှင့်တကွ လက်ဝါးကပ်တိုင်မှာ ရိုက်ထားသောသူတို့သည်လည်း ကဲ့ရဲ့ပြစ်တင်ကြ၏။ | Let Christ the King of Israel descend now from the cross, that we may see and believe. And they that were crucified with him reviled him. |
| 33 | မွန်းတည့်အချိန်မှစ၍ သုံးချက်တီးအချိန်တိုင်အောင် မြေတပြင်လုံး၌ မှောင်မိုက်အတိဖြစ်လေ၏။ | And when the sixth hour was come, there was darkness over the whole land until the ninth hour. |
| 34 | သုံးချက်တီးအချိန်၌ ယေရှုက၊ ဧလိ၊ ဧလိ၊ လာမရှာဗခသာနိဟု ကြီးသောအသံနှင့် ကြွေးကြော်တော် မူ၏။ အနက်ကား၊ အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကိုစွန့်ပစ်တော်မူသနည်းဟု ဆို လိုသတည်း။ | And at the ninth hour Jesus cried with a loud voice, saying, Eloi, Eloi, lama sabachthani? which is, being interpreted, My God, my God, why hast thou forsaken me? |
| 35 | အနား၌ရပ်နေသော သူအချို့တို့သည်ကြားလျှင်၊ သူသည်ဧလိယကို ခေါ်သည်ဟုဆိုကြ၏။ | And some of them that stood by, when they heard it, said, Behold, he calleth Elias. |
| 36 | လူတယောက်သည် ပြေး၍ရေမှိုတထွေးကို ပုံရည်နှင့် ပြည့်စေပြီးလျှင်၊ ကျူးလုံးဖျား၌တပ်၍ ကိုယ် တော်အား သောက်စိမ့်သောငှါ ပေးလျက်၊ ရှိစေတော့။ ဧလိယသည် သူ့ကိုချယူခြင်းငှါ လာမည်မလာမည်ကို ကြည့်ကြကုန်အံ့ဟုဆို၏။ | And one ran and filled a spunge full of vinegar, and put it on a reed, and gave him to drink, saying, Let alone; let us see whether Elias will come to take him down. |
| 37 | ယေရှုသည်ကြီးသောအသံနှင့် ကြွေးကြော်၍ အသက်ချုပ်တော်မူ၏။ | And Jesus cried with a loud voice, and gave up the ghost. |
| 38 | ထိုအခါ ဗိမာန်တော်၏ ကုလားကာသည် အထက်စွန်းမှအောက်စွန်းတိုင်အောင် စုတ်ကွဲလေ၏။ | And the veil of the temple was rent in twain from the top to the bottom. |
| 39 | ထိုသို့ကြွေးကြော်၍ အသက်ချုပ်တော်မူကြောင်းကို ရှေ့တော်၌ရပ်နေသော တပ်မှူးသည်မြင်လျှင်၊ စင်စစ် ဤသူသည် ဘုရားသခင်၏သားတော်မှန်ပေ၏ဟုဆို၏။ | And when the centurion, which stood over against him, saw that he so cried out, and gave up the ghost, he said, Truly this man was the Son of God. |
| 40 | မိန်းမအချို့တို့သည်လည် ထိုအရပ်၌ အဝေးကကြည့်ရှု၍ နေကြ၏။ | There were also women looking on afar off: among whom was Mary Magdalene, and Mary the mother of James the less and of Joses, and Salome; |
| 41 | ထိုမိန်းမတို့တွင် ကိုယ်တော်သည် ဂါလိလဲပြည်မှာ ရှိတော်မူစဉ်၊ နောက်တော်သို့ အလုပ်အကျွေးလိုက် သော မာဂဒလမာရိ၊ ယာကုပ်ငယ်နှင့်ယောသ၏ အမိဖြစ်သော မာရိနှင့်ရှာလုံတို့မှစ၍ နောက်တော်၌ ယေရုရှ လင်မြို့သို့ လိုက်လာသောအခြားမိန်းမများလည်း ပါကြသတည်း။ | (Who also, when he was in Galilee, followed him, and ministered unto him;) and many other women which came up with him unto Jerusalem. |
| 42 | ထိုနေ့ကား အဘိတ်နေ့တည်းဟူသော ပရက္ကဲနေ့ဖြစ်သောကြောင့် ညအချိန်ရောက်မှ၊ | And now when the even was come, because it was the preparation, that is, the day before the sabbath, |
| 43 | အသရေရှိသော လွှတ်အရာရှိ၊ အရိမသဲမြို့သား ယောသပ်သည်၊ ဘုရားသခင်၏နိုင်ငံတော်ကို မြော် လင့်သောသူဖြစ်သည်နှင့်၊ ပိမလတ်မင်းထံသို့ ရဲရင့်စွာဝင်၍ ယေရှု၏အလောင်းတော်ကို တောင်းလေ၏။ | Joseph of Arimathea, an honourable counsellor, which also waited for the kingdom of God, came, and went in boldly unto Pilate, and craved the body of Jesus. |
| 44 | ယေရှုသည်ယခုပင်သေသည်ကို ပိလတ်မင်းသည် အံ့ဩခြင်းရှိသဖြင့် တပ်မှူးကိုခေါ်၍၊ သေသည် ကား ကြာပြီလောဟုမေး၏။ | And Pilate marvelled if he were already dead: and calling unto him the centurion, he asked him whether he had been any while dead. |
| 45 | သေကြောင်းကို တပ်မှူးစကားဖြင့်သိလျှင်၊ အလောင်းတော်ကို ယောသပ်အားအပ်ပေး၏။ | And when he knew it of the centurion, he gave the body to Joseph. |
| 46 | ယောသပ်သည် ကိုယ်တော်ကိုချ၍၊ မိမိဝယ်ခဲ့သော ပိတ်ချောနှင့်ပတ်ရစ်ပြီးလျှင်၊ ကျောက်၌ထွင်းသော သင်္ချိုင်းတွင်းထဲမှာထား၍ တွင်း၌ ကျောက်ကိုလှိမ့်ထားလေ၏။ | And he bought fine linen, and took him down, and wrapped him in the linen, and laid him in a sepulchre which was hewn out of a rock, and rolled a stone unto the door of the sepulchre. |
| 47 | မာဂဒလမာရိ၊ ယောသေ၏ အမိဖြစ်သောမာရိတို့သည် အလောင်းတော်ထားရာအရပ်သို့ ကြည့်ရှု ကြ၏။ | And Mary Magdalene and Mary the mother of Joses beheld where he was laid. |
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL