레위기 9장 Judson (1835)
Judson (1835) · 미얀마어 · 레위기 (Leviticus) · 24절 · 대역: King James Version
| 절 | Judson (1835) | King James Version |
|---|---|---|
| 1 | အဋ္ဌမနေ့၌ မောရှေသည် အာရုန်နှင့်သူ၏သားများ၊ ဣသရေလ အမျိုးအသက်ကြီးသူများတို့ကို ခေါ်၍၊ | And it came to pass on the eighth day, that Moses called Aaron and his sons, and the elders of Israel; |
| 2 | အာရုန်အား၊ သင်သည် အပြစ်ဖြေရာယဇ်ဘို့ အပြစ်မပါသော နွားသငယ်တကောင်၊ မီးရှို့ရာ ယဇ်ဘို့ အပြစ်မပါသော သိုးထီးတကောင်ကိုယူ၍ ထာဝရဘုရားရှေ့တော်၌ ပူဇော်လော့။ | And he said unto Aaron, Take thee a young calf for a sin offering, and a ram for a burnt offering, without blemish, and offer them before the Lord. |
| 3 | ဣသရေလ အမျိုးသားတို့အားလည်း သင်တို့သည် အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊ မီးရှို့ရာယဇ်ဘို့ အပြစ်မပါ အခါမလည်သော နွားသငယ်တကောင်၊ သိုးသငယ်တကောင်၊ - | And unto the children of Israel thou shalt speak, saying, Take ye a kid of the goats for a sin offering; and a calf and a lamb, both of the first year, without blemish, for a burnt offering; |
| 4 | ထာဝရဘုရားရှေ့တော်၌ ပူဇော်သော မိဿဟာယယဇ်ဘို့ နွားထီးတကောင်၊ သိုးထီးတကောင်၊ ဆီနှင့်ရောသော ဘောဇဉ်ပူဇော်သက္ကာကို ယူကြလော့။ ယနေ့ထာဝရဘုရားသည် သင်တို့အား ထင်ရှားတော်မူမည်ကို ပြောလော့ဟု ဆိုလေ၏။ | Also a bullock and a ram for peace offerings, to sacrifice before the Lord; and a meat offering mingled with oil: for to day the Lord will appear unto you. |
| 5 | မောရှေမှာထားသောအရာတို့ကို ပရိသတ်စည်းဝေးရာ တဲတော်ရှေ့သို့ ဆောင်ခဲ့ပြီးမှ၊ ပရိသတ် အပေါင်းတို့သည် ချဉ်းကပ်၍ ထာဝရဘုရားရှေ့တော်၌ ရပ်နေကြ၏။ | And they brought that which Moses commanded before the tabernacle of the congregation: and all the congregation drew near and stood before the Lord. |
| 6 | မောရှေကလည်း၊ သင်တို့သည် ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ဤသို့ပြုကြ၍၊ ထာဝရဘုရား၏ ဘုန်းတော်သည် သင်တို့အား ထင်ရှားမည်ဟူ၍၎င်း၊ | And Moses said, This is the thing which the Lord commanded that ye should do: and the glory of the Lord shall appear unto you. |
| 7 | အာရုန်အားလည်း၊ သင်သည် ယဇ်ပလ္လင်သို့သွား၍ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ သင်၏ အပြစ်ဖြေရာယဇ်၊ မီးရှို့ရာယဇ်ကို ပူဇော်သဖြင့်၊ သင်နှင့်လူများအတွက် အပြစ်ဖြေခြင်းကို ပြုလော့။ လူများ ဆောင်ယူခဲ့သော ပူဇော်သက္ကာကိုလည်း ပူဇော်၍၊ သူတို့အတွက် အပြစ်ဖြေခြင်းကို ပြုလော့ဟူ၍ ၎င်းဆိုလေ၏။ | And Moses said unto Aaron, Go unto the altar, and offer thy sin offering, and thy burnt offering, and make an atonement for thyself, and for the people: and offer the offering of the people, and make an atonement for them; as the Lord commanded. |
| 8 | အာရုန်သည်လည်း၊ ယဇ်ပလ္လင်သို့သွား၍ မိမိနှင့် ဆိုင်သော အပြစ်ဖြေရာယဇ် နွားသငယ်ကို သတ်လေ၏။ | Aaron therefore went unto the altar, and slew the calf of the sin offering, which was for himself. |
| 9 | သူ၏ သားတို့လည်း အသွေးကို ယူဆောင်ခဲ့သဖြင့်၊ အာရုန်သည် မိမိလက်ညှိုးကို အသွေး၌နှစ်၍ ယဇ်ပလ္လင်ဦးချိုတို့၌ ထည့်ပြီးမှ၊ ကြွင်းသောအသွေးကို ယဇ်ပလ္လင်ခြေရင်းနား၌ သွန်လေ၏။ | And the sons of Aaron brought the blood unto him: and he dipped his finger in the blood, and put it upon the horns of the altar, and poured out the blood at the bottom of the altar: |
| 10 | အပြစ်ဖြေရာ ယဇ်ကောင်ဆီဥ၊ ကျောက်ကပ်၊ အသည်းပေါ်၌ရှိသော အမြှေးကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့လေ၏။ ထိုသို့ ထာဝရဘုရားသည် မောရှေအားမှာ ထားတော်မူ၏။ | But the fat, and the kidneys, and the caul above the liver of the sin offering, he burnt upon the altar; as the Lord commanded Moses. |
| 11 | အသားနှင့်အရေကို တပ်ပြင်မှာ မီးရှို့လေ၏။ | And the flesh and the hide he burnt with fire without the camp. |
| 12 | မီးရှို့ရာယဇ်ကောင်ကိုလည်း သတ်၍၊ သူ၏သားတို့သည် အသွေးကို ဆက်ပြီးလျှင်၊ သူသည် ယဇ်ပလ္လင် အပေါ် ပတ်လည်၌ ဖြန်းလေ၏။ | And he slew the burnt offering; and Aaron’s sons presented unto him the blood, which he sprinkled round about upon the altar. |
| 13 | သူတို့သည် မီးရှို့ရာယဇ်ကောင်သားတစ်များနှင့် ခေါင်းကိုဆက်၍၊ သူသည် ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ လေ၏။ | And they presented the burnt offering unto him, with the pieces thereof, and the head: and he burnt them upon the altar. |
| 14 | ဝမ်းထဲ၌ ရှိသောအရာများနှင့် ခြေတို့ကို ဆေးကြော၍ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်နှင့် အတူ ရှို့လေ၏။ | And he did wash the inwards and the legs, and burnt them upon the burnt offering on the altar. |
| 15 | လူများ ပူဇော်သက္ကာကိုလည်း ဆောင်ခဲ့၍၊ လူများအပြစ်ဖြေရာယဇ်ဖြစ်သော ဆိတ်ကိုယူ သတ်ပြီးလျှင်၊ ရှေ့နည်းအတူ အပြစ်အတွက် ပူဇော်လေ၏။ | And he brought the people’s offering, and took the goat, which was the sin offering for the people, and slew it, and offered it for sin, as the first. |
| 16 | မီးရှို့ရာ ယဇ်ကောင်ကိုလည်း ဆောင်ခဲ့၍၊ ထိုနည်းတူ ပူဇော်လေ၏ | And he brought the burnt offering, and offered it according to the manner. |
| 17 | ဘောဇဉ်ပူဇော်သက္ကာကိုလည်း ဆောင်းခဲ့ပြီးလျှင်၊ တလက်ဆွန်းကိုယူ၍ ယဇ်ပလ္လင်၌ နံနက်မီးရှို့ ရာယဇ်နားမှာ မီးရှို့လေ၏။ | And he brought the meat offering, and took an handful thereof, and burnt it upon the altar, beside the burnt sacrifice of the morning. |
| 18 | လူများအတွက် မိဿဟာယယဇ် နွားထီး၊ သိုးထီးကိုလည်း သတ်၍၊ သူ၏ သားတို့သည် အသွေးကို ဆက်ပြီးလျှင်၊ သူသည် ယဇ်ပလ္လင်အပေါ် ပတ်လည်၌ ဖြန်းလေ၏။ | He slew also the bullock and the ram for a sacrifice of peace offerings, which was for the people: and Aaron’s sons presented unto him the blood, which he sprinkled upon the altar round about, |
| 19 | အမြီးနှင့်တကွ အအူကိုဖုံးသော ဆီဥ၊ ကျောက်ကပ်၊ အသည်းအမြှေးတည်းဟူသော သိုးနွားဆီဥကို၊- | And the fat of the bullock and of the ram, the rump, and that which covereth the inwards, and the kidneys, and the caul above the liver: |
| 20 | ရင်ပတ်ပေါ်မှာ တင်၍ ယဇ်ပလ္လင်၌ မီးရှို့လေ၏။ | And they put the fat upon the breasts, and he burnt the fat upon the altar: |
| 21 | ရင်ပတ်နှင့်လက်ျာပခုံးကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲ၍၊ ချီလွှဲသော ပူဇော်သက္ကာကို ပြုလေ၏။ ထိုသို့ပြုရမည်ဟု မောရှေမှာထားသတည်း။ | And the breasts and the right shoulder Aaron waved for a wave offering before the Lord; as Moses commanded. |
| 22 | အာရုန်သည် မိမိလက်ကို လူများရှေ့သို့ ချီလျက်၊ ကောင်းကြီးပေး၍၊ အပြစ်ဖြေရာယဇ်၊ မီးရှို့ရာယဇ်၊ မိဿဟာယယဇ်ကို ပူဇော်ရာမှ ဆင်းလေ၏။ | And Aaron lifted up his hand toward the people, and blessed them, and came down from offering of the sin offering, and the burnt offering, and peace offerings. |
| 23 | တဖန် မောရှေနှင့် အာရုန်တို့သည် ပရိသတ်စည်းဝေးရာ တဲတော်ထဲသို့ ဝင်၍ ထွက်ပြီးမှ၊ လူများကို ကောင်းကြီးပေးသဖြင့်၊ ထာဝရဘုရား၏ ဘုန်းတော်သည် လူများတို့အား ထင်ရှားလေ၏။ | And Moses and Aaron went into the tabernacle of the congregation, and came out, and blessed the people: and the glory of the Lord appeared unto all the people. |
| 24 | ထာဝရဘုရားတော်ထံမှ မီးထွက်၍ ယဇ်ပလ္လင်ပေါ်မှာရှိသော မီးရှို့ရာယဇ်နှင့်ဆီဥကို လောင်လေ၏။ ထိုအကြောင်းအရာကို လူများတို့သည် မြင်သောအခါ ကြွေးကြော်၍ ပြပ်ဝပ်ကြ၏။ | And there came a fire out from before the Lord, and consumed upon the altar the burnt offering and the fat: which when all the people saw, they shouted, and fell on their faces. |
Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL