로그인

데살로니가후서 3장 Judson (1835)

Judson (1835) · 미얀마어 · 데살로니가후서 (2 Thessalonians) · 18절 · 대역: King James Version

절Judson (1835)King James Version
1 ကြွင်းသေးသော စကားဟူမူကား၊ ညီအစ်ကိုတို့၊ သခင်ဘုရား၏ နှုတ်ကပက်တရားသည် သင်တို့တွင် နှံ့ပြား၍ ဘုန်းထင်ရှားခြင်းရှိသကဲ့သို့၊ အရပ်ရပ်တို့၌ ထင်ရှားမည်အကြောင်းနှင့်၊ Finally, brethren, pray for us, that the word of the Lord may have free course, and be glorified, even as it is with you:
2 အကျိုးအကြောင်းကို မသိမမှတ်၊ ဆိုးညစ်သော သူတို့လက်မှငါတို့ကို ကယ်လွှတ်တော်မူမည် အကြောင်း၊ ငါတို့အဘို့ ဆုတောင်းကြလော့။ လူတိုင်း သစ္စာရှိသည် မဟုတ်။ And that we may be delivered from unreasonable and wicked men: for all men have not faith.
3 သို့သော်လည်း၊ သခင်ဘုရားသည် သစ္စာနှင့် ပြည့်စုံတော်မူ၏။ သင်တို့ကိုမြဲမြံစေ၍၊ မကောင်းအမှု အရာနှင့် ကင်းလွတ်စေခြင်းငှါ စောင့်မတော်မူလိမ့်မည်။ But the Lord is faithful, who shall stablish you, and keep you from evil.
4 ငါတို့ပညတ်သည် အတိုင်းသင်တို့သည် ယခုကျင့်ကြ၏။ နောက်၌လည်းကျင့်ကြလိမ့်မည်ဟု သခင် ဘုရားကို အမှီပြု၍ ငါတို့သည် ယုံမှားခြင်းမရှိ။ And we have confidence in the Lord touching you, that ye both do and will do the things which we command you.
5 ဘုရားသခင်ကို ချစ်စေခြင်းငှါ၎င်း၊ သခင်ဘုရားသည် သင်တို့စိတ်နှလုံးကို ပြင်ဆင်တော်မူပါစေသော။ And the Lord direct your hearts into the love of God, and into the patient waiting for Christ.
6 တနည်းကား၊ ညီအစ်ကိုတို့၊ ငါတို့ထံ၌ခံသော နည်းဥပဒေသအတိုင်း မကျင့်ဘဲ၊ မတရားစွာပြုသော ညီအစ်ကိုရှိသမျှတို့ကို ရှောင်ကြလော့ဟု ငါတို့သခင် ယေရှုခရစ်၏ နာမတော်အားဖြင့် ငါတို့သည် ပညတ်ထား ကြ၏။ Now we command you, brethren, in the name of our Lord Jesus Christ, that ye withdraw yourselves from every brother that walketh disorderly, and not after the tradition which he received of us.
7 အကြောင်းမူကား၊ ငါတို့ပေးသော ပုံသက်သေကိုလိုက်၍ သင်တို့သည် အဘယ်သို့ကျင့်ရမည်ဟု သင်တို့ ကိုယ်တိုင်သိကြ၏။ ငါတို့သည် သင်တို့တွင် မတရားစွာ ပြုကြသည်မဟုတ်။ For yourselves know how ye ought to follow us: for we behaved not ourselves disorderly among you;
8 အဘယ်သူ၏ အစာကိုမျှအလိုအလျောက် မစား။ သင်တို့တွင် တယောက်ကိုမျှ မနှောင့်ရှက်ခြင်းငှါ၊ ပင်ပန်းစွာ ကြိုးစားအားထုတ်၍ နေ့ညဉ့်မပြတ်လုပ်ဆောင်ကြ၏။ Neither did we eat any man’s bread for nought; but wrought with labour and travail night and day, that we might not be chargeable to any of you:
9 ထိုသို့ပြုသော်လည်း၊ မခံမယူပိုင်သောကြောင့် ပြုသည်မဟုတ်။ သင်တို့လိုက်စရာဘို့ ပုံသက်သေဖြစ် စေခြင်းငှါပြုကြ၏။ Not because we have not power, but to make ourselves an ensample unto you to follow us.
10 အဘယ်သို့နည်းဟူမူကား၊ သင်တို့နှင့်အတူရှိနေစဉ်အခါ၊ အလုပ်မလုပ်ချင်သောသူ မည်သည်ကား၊ အစာကိုလည်းမစားစေနှင့်ဟု ပညတ်ထားကြပြီ။ For even when we were with you, this we commanded you, that if any would not work, neither should he eat.
11 မတရားစွာပြု၍ အဘယ်အလုပ်ကိုမျှ မလုပ်ဘဲ၊ ကိုယ်နှင့်မဆိုင်သောအမှု၌ ရောနှောသော သူအချို့ တို့သည် သင်တို့တွင်ရှိကြောင်းကို ငါတို့ကြားရကြ၏။ For we hear that there are some which walk among you disorderly, working not at all, but are busybodies.
12 ထိုသို့သောသူတို့သည် ငြိမ်ဝပ်စွာ လုပ်ဆောင်၍၊ ကိုယ်အစာကို စားမည်အကြောင်း၊ ငါတို့သခင် ယေရှုခရစ်အားဖြင့် ငါတို့သည် ပညတ်ထား၍၊ တိုက်တွန်း သွေးဆောင်ကြ၏။ Now them that are such we command and exhort by our Lord Jesus Christ, that with quietness they work, and eat their own bread.
13 ညီအစ်ကိုတို့အားလျော့ စိတ်ပျက်ခြင်းမရှိဘဲ ကောင်းသောအကျင့်ကို ကျင့်ကြလော့။ But ye, brethren, be not weary in well doing.
14 ဤစာ၌ ငါတို့ရေးထားသော ပညတ်စကားကို တစုံတယောက်သောသူသည် နားမထောင်ဘဲ နေလျှင်၊ ထိုသူကိုမှတ်ကြလော့။ ရှက်ကြောက်စေခြင်းငှါ၊ အပေါင်းအဘော်မလုပ်ကြနှင့်။ And if any man obey not our word by this epistle, note that man, and have no company with him, that he may be ashamed.
15 သို့သော်လည်း၊ ရန်သူကဲ့သို့မမှတ်၊ ညီအစ်ကို ကဲ့သို့မှတ်၍ သတိပေးကြလော့။ Yet count him not as an enemy, but admonish him as a brother.
16 ငြိမ်သက်ခြင်း၏ သခင်သည် ကိုယ်တော်တိုင် သင်တို့၌ အစဉ်မပြတ်ခပ်သိမ်းသော အမူအရာအားဖြင့် ငြိမ်သက်ခြင်းကို ပေးသနားတော်မူပါစေသော။ သခင်ဘုရားသည် သင်တို့အပေါင်းနျင့်အတူ ရှိတော်မူပါစေ သော။ Now the Lord of peace himself give you peace always by all means. The Lord be with you all.
17 ငါပေါလုသည် သင်တို့ကို နှုတ်ဆက်ခြင်း အချက်ကို ကိုယ်လက်နှင့်ရေးထား၏။ ဤသို့ရေးထား လေ့ရှိ၍၊ ငါရေးသမျှသော ဩဝါဒ၏ လက္ခဏာဖြစ်၏။ The salutation of Paul with mine own hand, which is the token in every epistle: so I write.
18 ငါတို့သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့အပေါင်း၌ ရှိစေသတည်း။ အာမင်။ သက်သာလောနိတ်ဩဝါဒစာဒုတိယစောင်ပြီး၏။ The grace of our Lord Jesus Christ be with you all. Amen. The second epistle to the Thessalonians was written from Athens.

Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL