로그인

누가복음 9장 Judson (1835)

Judson (1835) · 미얀마어 · 누가복음 (Luke) · 62절 · 대역: King James Version

절Judson (1835)King James Version
1 တကျိပ်နှစ်ပါးသော တပည့်တော်တို့ကို စုဝေးစေတော်မူပြီးမှ၊ နတ်ဆိုးအပေါင်းတို့ကို နိုင်သောတန်ခိုး နှင့် အနာရောဂါတို့ကို ငြိမ်းစေခြင်းငှါ အခွင့်တန်ခိုးကို ပေးတော်မူ၏။ Then he called his twelve disciples together, and gave them power and authority over all devils, and to cure diseases.
2 ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ဟောပြောစေခြင်းငှါ၎င်း၊ လူနာတို့ကို ချမ်းသာစေခြင်းငှါ၎င်း စေလွှတ်တော်မူ၍၊ And he sent them to preach the kingdom of God, and to heal the sick.
3 သင်တို့သည် လမ်းခရီးဘို့ အဘယ်အရာကိုမျှမယူကြနှင့်။ တောင်ဝေး၊ လွယ်အိတ်၊ မုန့်၊ ငွေကို မယူကြ နှင့်။ အင်္ကျီနှစ်ထည်ကိုလည်း မပါစေကြနှင့်။ And he said unto them, Take nothing for your journey, neither staves, nor scrip, neither bread, neither money; neither have two coats apiece.
4 မည်သည့် အိမ်သို့ဝင်လျှင် ထိုအိမ်တွင် ထိုအရပ်မှ မထွက်မသွားမှီတိုင်အောင်နေကြလော့။ အကြင်သူ တို့သည် သင်တို့အားဧည့်သည်ဝတ်ကို မပြုဘဲနေ၏။ And whatsoever house ye enter into, there abide, and thence depart.
5 ထိုသူတို့နေရာမြို့မှ ထွက်သွားစဉ်၊ သူတို့တဘက်၌ သက်သေဖြစ်စေခြင်းငှါ သင်တို့၏ခြေဘဝါးမှ မြေမှုန့်ကို ခါလိုက်ကြလော့ဟု မိန့်တော်မူ၏။ And whosoever will not receive you, when ye go out of that city, shake off the very dust from your feet for a testimony against them.
6 တပည့်တော်တို့သည် ထွက်သွား၍ ဧဝံဂေလိတရားကို ဟောလျက်၊ ခပ်သိမ်းသောအရပ်တို့၌ အနာ ရောဂါကိုငြိမ်းစေလျက်၊ မြို့ရွာတို့တွင် ဒေသစာရီ လှည့်လည်ကြ၏။ And they departed, and went through the towns, preaching the gospel, and healing every where.
7 ယေရှုပြုတော်မူသမျှတို့ကို စော်ဘွားဟေရုဒ်သည်ကြားလျှင် တွေးတောသောစိတ်ရှိ၏။ အကြောင်းမူ ကား၊ လူအချို့က၊ ယောဟန်သည် သေခြင်းမှထမြောက်လေပြီဟု ဆိုကြ၏။ Now Herod the tetrarch heard of all that was done by him: and he was perplexed, because that it was said of some, that John was risen from the dead;
8 အချို့ကဧလိယပေါ်ထွန်းပြီဟု ဆိုကြ၏။ အချို့ကရှေးပရောဖက်တပါးပါးထပြန်ပြီဟုဆိုကြ၏။ And of some, that Elias had appeared; and of others, that one of the old prophets was risen again.
9 ဟေရုဒ်မင်းကလည်း၊ ယောဟန်၏လည်ပင်းကို ငါဖြတ်လေပြီ။ ဤမျှလောက်သောသိတင်းကို ငါကြား ရသော ဤသူကား အဘယ်သူနည်းဟုဆိုလျက်ယေရှုကို မြင်ခြင်းငှါ အလိုရှိ၏။ And Herod said, John have I beheaded: but who is this, of whom I hear such things? And he desired to see him.
10 တမန်တော်တို့သည် အထံတော်သို့ပြန်လာ၍ မိမိတို့ပြုသမျှတို့ကို ကြားလျှောက်ကြ၏။ ကိုယ်တော် သည် သူတို့ကိုခေါ်၍၊ ဗက်ဇဲဒမြို့နယ်အတွင်း တော၌ဆိတ်ကွယ်ရာအရပ်သို့ကြွတော်မူ၏။ လူအစုအဝေးတို့ သည် သိလျှင် နောက်တော်သို့ လိုက်ကြ၏။ And the apostles, when they were returned, told him all that they had done. And he took them, and went aside privately into a desert place belonging to the city called Bethsaida.
11 ထိုလူများကို လက်ခံတော်မူလျက်၊ ဘုရားသခင့် နိုင်ငံတော်၏အကြောင်းကို ဟောပြော၍၊ နာသော သူတို့ကို ချမ်းသာပေးတော်မူ၏။ And the people, when they knew it, followed him: and he received them, and spake unto them of the kingdom of God, and healed them that had need of healing.
12 မိုဃ်းချုပ်သောအခါ တကျိပ်နှစ်ပါးသောသူတို့သည် ချည်းကပ်လျက်၊ လူများတို့သည် ပတ်ဝန်းကျင်ရွာ ဇနပုဒ်သို့သွား၍၊ အိပ်ရာ၊ စားစရာကို ရှာစေခြင်းငှါ အခွင့်ပေးတော်မူပါ။ ဤအရပ်သည် တောအရပ်ဖြစ်ပါ၏ ဟု လျှောက်ကြလျှင်၊ And when the day began to wear away, then came the twelve, and said unto him, Send the multitude away, that they may go into the towns and country round about, and lodge, and get victuals: for we are here in a desert place.
13 ကိုယ်တော်က၊ သူတို့စားစရာဘို့ သင်တို့ပေးကြလော့ဟု မိန့်တော်မူ၏။ တပည့်တော်တို့ကလည်း၊ အကျွန်ုပ်တို့သည်သွား၍ ဤလူအပေါင်းတို့ စားစရာဘို့မဝယ်လျှင်၊ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်မှတပါး အဘယ် စားစရာမျှ အကျွန်ုပ်တို့၌ မရှိပါဟုလျှောက်ကြ၏။ But he said unto them, Give ye them to eat. And they said, We have no more but five loaves and two fishes; except we should go and buy meat for all this people.
14 ထိုသို့လျှောက်သည်အကြောင်းကား၊ လူငါးထောင်ခန့်မျှ ရှိသတည်း။ ထိုအခါလူများတို့ကို တစုလျှင် ငါးဆယ်စီအစုစုလျောင်းကြစေဟု အမိန့်တော်ရှိ၏။ For they were about five thousand men. And he said to his disciples, Make them sit down by fifties in a company.
15 တပည့်တော်တို့သည် အမိန့်တော်အတိုင်းပြု၍၊ လူအပေါင်းတို့ကို လျောင်းစေပြီးလျှင်၊ And they did so, and made them all sit down.
16 ယေရှုသည် မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုယူ၍ ကောင်းကင်သို့ကြည့်မျှော်လျက်၊ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ လူများရှေ့၌ ထည့်စေခြင်းငှါ တပည့်တော်တို့အားပေးတော်မူ၏။ Then he took the five loaves and the two fishes, and looking up to heaven, he blessed them, and brake, and gave to the disciples to set before the multitude.
17 လူအပေါင်းတို့သည် စား၍ဝကြပြီးမှ ကြွင်းရစ်သောအကျိုးအပဲ့ကိုကောက်သိမ်း၍ တဆယ်နှစ်တောင်း အပြည့်ရကြ၏။ And they did eat, and were all filled: and there was taken up of fragments that remained to them twelve baskets.
18 တရံရောအခါ၊ ယေရှုသည် တပည့်တော်တို့နှင့်တကွ ဆိတ်ကွယ်ရာအရပ်၌ ဆုတောင်းတော်မူစဉ်၊ လူများတို့သည် ငါ့ကိုအဘယ်သူဖြစ်သည်ကို ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊ And it came to pass, as he was alone praying, his disciples were with him: and he asked them, saying, Whom say the people that I am?
19 လူအချို့က၊ ကိုယ်တော်သည် ဗတ္တိဇံဆရာ ယောဟန်ဖြစ်သည်ဟူ၍၎င်း၊ အချို့က၊ ဧလိယဖြစ်သည် ဟူ၍၎င်း၊ အချို့က၊ ရှေးပရောဖက် တပါးပါးထပြန်သည်ဟူ၍၎င်း ဆိုကြပါ၏ဟု လျှောက်ကြသော်၊ They answering said, John the Baptist; but some say, Elias; and others say, that one of the old prophets is risen again.
20 သင်တို့လည်း ငါ့ကို အဘယ်သူဖြစ်သည်ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊ ပေတရုက၊ ကိုယ်တော် သည် ဘုရားသခင်၏ ခရစ်တော်ဖြစ်တော်မူသည်ဟု လျှောက်လေ၏။ He said unto them, But whom say ye that I am? Peter answering said, The Christ of God.
21 ထိုအကြောင်းကို အဘယ်သူအားမျှ မပြောစိမ့်သောငှါ တပည့်တော်တို့ကို ကြပ်တည်းစွာ ပညတ်တော် မူ၏။ And he straitly charged them, and commanded them to tell no man that thing;
22 ထိုမှတပါး၊ လူသားသည် များစွာခံရမည်။ လူအကြီးအကဲ၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့၏ ငြင်းပယ်ခြင်းကို၎င်း၊ အသေသတ်ခြင်းကို၎င်း ခံရမည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟူသော အကြောင်းများတို့ကို မိန့်တော်မူ၏။ Saying, The Son of man must suffer many things, and be rejected of the elders and chief priests and scribes, and be slain, and be raised the third day.
23 ထိုမှတပါး၊ လူအပေါင်းတို့အား မိန့်တော်မူသည်ကား၊ ငါ၌ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကို ကိုယ် ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို နေ့တိုင်းထမ်း၍ ငါ့နောက်သို့လိုက်ရမည်။ And he said to them all, If any man will come after me, let him deny himself, and take up his cross daily, and follow me.
24 အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှါ အလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့်အသက်ရှုံး၏၊ ထိုသူသည် မိမိအသက်ကို ကယ်ဆယ်လိမ့်မည်။ For whosoever will save his life shall lose it: but whosoever will lose his life for my sake, the same shall save it.
25 ဤစကြာဝဠာကို အကြွင်းမဲ့အစိုးရ၍ ကိုယ်ကို ကိုယ်ဆုံးရှုံးသောသူသည် အဘယ်ကျေးဇူးရှိသနည်။ For what is a man advantaged, if he gain the whole world, and lose himself, or be cast away?
26 အကြင်သူသည် ငါ့ကို၎င်း၊ ငါ့စကားကို၎င်းရှက်၏၊ လူသားသည် မိမိဘုန်း၊ မိမိအဘခမည်းတော်၏ ဘုန်း၊ သန့်ရှင်းသောကောင်းကင်တမန်တို့၏ဘုန်းကို ဆောင်လျက်ကြွလာသောအခါ၊ ထိုသူကို ရှက်တော် မူလတံ့။ For whosoever shall be ashamed of me and of my words, of him shall the Son of man be ashamed, when he shall come in his own glory, and in his Father’s, and of the holy angels.
27 ငါအမှန်ဆိုသည်ကား၊ ဤအရပ်၌ရှိသော သူအချို့တို့သည် ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်မှီ သေ ခြင်းသို့ မရောက်ရကြဟု မိန့်တော်မူ၏။ But I tell you of a truth, there be some standing here, which shall not taste of death, till they see the kingdom of God.
28 ထိုသို့မိန့်တော်မူသည်နောက်၊ ရှစ်ရက်လောက်လွန်သောအခါ၊ ယေရှုသည်ပေတရု၊ ယောဟန်၊ ယာကုပ် တို့ကိုခေါ်၍ ဆုတောင်းခြင်းငှါ တောင်ပေါ်သို့ တက်ကြွတော်မူ၏။ And it came to pass about an eight days after these sayings, he took Peter and John and James, and went up into a mountain to pray.
29 ဆုတောင်းတော်မူစဉ်တွင် မျက်နှာတော်သည် ထူးခြားသောအဆင်းအရောင်ရှိ၍၊ အဝတ်တော်လည်း ပြောင်ပြောင်လက်လက်ဖြူ၏။ And as he prayed, the fashion of his countenance was altered, and his raiment was white and glistering.
30 မောရှေနှင့်ဧလိယတည်းဟူသော လူနှစ်ယောက်တို့သည် ဘုန်းအသရေနှင့်ထင်ရှား၍၊ And, behold, there talked with him two men, which were Moses and Elias:
31 ကိုယ်တော်နှင့်အတူဆွေးနွေးလျက် ယေရုရှလင်မြို့၌ စုတေ့တော်မူမည်အကြောင်းအရာကို ပြော ကြ၏။ Who appeared in glory, and spake of his decease which he should accomplish at Jerusalem.
32 ပေတရုနှင့် သူ၏အဘော်တို့သည် မျက်စိလေးလန်သဖြင့် တငိုက်ငိုက်ရှိကြ၏၊ နိုးသောအခါ ဘုန်း အသရေတော်ကို၎င်း၊ ကိုယ်တော်နှင့် ရပ်နေသောလူနှစ်ယောက်ကို၎င်း မြင်ကြ၏။ But Peter and they that were with him were heavy with sleep: and when they were awake, they saw his glory, and the two men that stood with him.
33 ထိုသူတို့သည် အထံတော်မှသွားကြစဉ်၊ ပေတရုက၊ သခင်၊ ဤအရပ်၌နေဘွယ်ကောင်းပါ၏။ ကိုယ် တော်ဘို့တဲတဆောင်၊ မောရှေဘို့တဆောင်။ ဧလိယဘို့တဆောင်၊ တဲသုံးဆောင်ကို အကျွန်ုပ်တို့ ဆောက်လုပ် ပါရစေဟု ယောင်ယမ်း၍ လျှောက်လေ၏။ And it came to pass, as they departed from him, Peter said unto Jesus, Master, it is good for us to be here: and let us make three tabernacles; one for thee, and one for Moses, and one for Elias: not knowing what he said.
34 ထိုသို့လျှောက်ပြီးမှ မိုဃ်းတိမ်သည် သူတို့ကိုလွှမ်းမိုး၍၊ မောရှေနှင့် ဧလိယသည်တိမ်ထဲသို့ဝင်သည်ကို တပည့်တော်တို့သည် ကြောက်ခြင်းရှိကြသည်ဖြစ်၍၊ While he thus spake, there came a cloud, and overshadowed them: and they feared as they entered into the cloud.
35 ဤသူကား ငါ၏ချစ်သားပေတည်း။ သူ၏ စကားကိုနားထောင်ကြလော့ဟု မိုဃ်းတိမ်က အသံတော် ဖြစ်လေ၏။ And there came a voice out of the cloud, saying, This is my beloved Son: hear him.
36 ထိုအသံတော်ဖြစ်သည် ခဏခြင်းတွင်၊ ယေရှုသည် တယောက်တည်းရှိတော်မူ၏။ တပည့်တော်တို့ သည် မိမိတို့မြင်သောအရာကိုဝှက်ထား၍၊ ထိုကာလ၌ အဘယ်သူအားမျှမကြားမပြောဘဲနေကြ၏။ And when the voice was past, Jesus was found alone. And they kept it close, and told no man in those days any of those things which they had seen.
37 နက်ဖြန်နေ့၌ တောင်ပေါ်ကဆင်းကြပြီးလျှင်၊ များစွာသောလူအစုအဝေးသည် ကိုယ်တော်ကို ခရီး ဦးကြိုပြု၏။ And it came to pass, that on the next day, when they were come down from the hill, much people met him.
38 လူအစုအဝေး၌ ပါသောသူတယောက်က၊ အရှင်ဘုရား၊ အကျွန်ုပ်၏သားကို ကြည့်ရှုတော်မူမည် အကြောင်း အကျွန်ုပ်တောင်းပန်ပါ၏။ အကျွန်ုပ်၌ သားတယောက်တည်းရှိပါ၏။ And, behold, a man of the company cried out, saying, Master, I beseech thee, look upon my son: for he is mine only child.
39 နတ်ဘမ်းစားသဖြင့် သူသည်ရုတ်ခနဲအော်ဟစ်၍၊ အမြှုတ်ထွက်လျက်တောင့်မာခြင်းသို့ ရောက်တတ် ပါ၏။ ထိုသို့ နာကျင်စွာနှိပ်စက်ပြီးမှ နတ်သည်အလွန် သွားခဲ၏။ And, lo, a spirit taketh him, and he suddenly crieth out; and it teareth him that he foameth again, and bruising him hardly departeth from him.
40 ထိုနတ်ကို နှင်ထုတ်ပါမည်အကြောင်း တပည့်တော်တို့အား အကျွန်ုပ်တောင်းပန်သော်လည်း သူတို့ သည် မတတ်နိုင်ကြပါဟု အော်ဟစ်လျက် လျှောက်လေ၏။ And I besought thy disciples to cast him out; and they could not.
41 ယေရှုကလည်း၊ ယုံကြည်ခြင်းမရှိ၊ ဖောက်ပြန်သောအမျိုး၊ ငါသည်သင်တို့နှင့်အတူ အဘယ်မျှ ကာလ ပတ်လုံး နေရမည်နည်း။ သင်တို့ကို အဘယ်မျှ ကာလပတ်လုံး သည်းခံရမည်နည်း။ သင်၏သားကို ငါ့ထံသို့ ယူခဲ့ဟု မိန့်တော်မူ၏။ And Jesus answering said, O faithless and perverse generation, how long shall I be with you, and suffer you? Bring thy son hither.
42 သူငယ်လာစဉ်ပင်နတ်ဆိုးသည် မြေပေါ်မှာလှဲ၍ တောင့်မာစေ၏။ ယေရှုသည် ညစ်ညူးသောနတ်ကို ဆုံးမ၍ ထိုသူငယ်ကို ချမ်းသာစေပြီးမှ အဘအား အပ်ပေးတော်မူ၏။ And as he was yet a coming, the devil threw him down, and tare him. And Jesus rebuked the unclean spirit, and healed the child, and delivered him again to his father.
43 လူအပေါင်းတို့သည် ဘုရားသခင်၏ မဟာတန်ခိုးတော်ကို မြင်၍ မိန်းမောတွေဝေခြင်းရှိကြ၏။ And they were all amazed at the mighty power of God. But while they wondered every one at all things which Jesus did, he said unto his disciples,
44 ထိုသို့ယေရှုပြုတော်မူသမျှကို လူအပေါင်းတို့သည် အံ့ဩချီးမွမ်းကြစဉ် တပည့်တော်တို့အား၊ သင်တို့ သည် ငါ့စကားကို နားထောင်မှတ်မိကြလော့။ လူသားကို လူတို့လက်သို့ အပ်နှံရသောအချိန်နီးပြီဟု မိန့်တော် မူ၏။ Let these sayings sink down into your ears: for the Son of man shall be delivered into the hands of men.
45 ထိုစကားတော်၏ အနက်မထင်ရှားသဖြင့် တပည့်တော်တို့သည် နားမလည်မရိပ်မိဘဲနေကြ၏။ အနက် ကိုလည်းမမေးမလျှောက်ဝံ့ကြ။ But they understood not this saying, and it was hid from them, that they perceived it not: and they feared to ask him of that saying.
46 ထိုအခါ အဘယ်သူသည် သာ၍ကြီးမြတ်အံ့နည်းဟု တပည့်တော်တို့သည် အချင်းချင်းငြင်းခုံကြ၏။ Then there arose a reasoning among them, which of them should be greatest.
47 ယေရှုသည် သူတို့အကြံအစည်ကို သိမြင်လျှင်၊ သူငယ်တယောက်ကိုယူ၍ မိမိအနား၌ထားပြီးမှ၊ And Jesus, perceiving the thought of their heart, took a child, and set him by him,
48 အကြင်သူသည် ငါ့မျက်နှာကိုထောက်၍ ဤသူငယ်ကိုလက်ခံ၏၊ ထိုသူသည် ငါ့ကိုပင်လက်ခံ၏။ ငါ့ကို လက်ခံသောသူသည်လည်း ငါ့ကိုစေလွှတ်တော်မူသောသူကိုပင်လက်ခံ၏။ သင်တို့တွင် အငယ်ဆုံး သောသူ သည်သာ၍ကြီးမြတ်သော သူဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။ And said unto them, Whosoever shall receive this child in my name receiveth me: and whosoever shall receive me receiveth him that sent me: for he that is least among you all, the same shall be great.
49 ယောဟန်ကလည်း၊ သခင်၊ ကိုယ်တော်၏ နာမကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သောသူ တယောက်ကို အကျွန်ုပ်တို့တွေ့ပါ၏။ သူသည် အကျွန်ုပ်တို့နှင့်အတူ မလိုက်သောကြောင့် အကျွန်ုပ်တို့ မြစ် တားကြပါ၏ဟု လျှောက်သော်၊ And John answered and said, Master, we saw one casting out devils in thy name; and we forbad him, because he followeth not with us.
50 ယေရှုက၊ ထိုသူကိုမမြစ်တားကြနှင့်။ သင်တို့ ရန်သူဘက်၌မရှိသောသူသည် သင်တို့ဘက်၌ရှိသည်ဟု မိန့်တော်မူ၏။ And Jesus said unto him, Forbid him not: for he that is not against us is for us.
51 ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောအချိန်ရောက်သောအခါ၊ ယေရုရှလင်မြို့သို့ တူရူကြွ အံ့သောငှါ သဘောထားတော်မူ၏။ And it came to pass, when the time was come that he should be received up, he stedfastly set his face to go to Jerusalem,
52 ရှေ့တော်သို့ တမန်တော်တို့ကို စေလွှတ်တော်မူသဖြင့်၊ သူတို့သည် ကိုယ်တော်၏အဘို့ကို ပြင်ဆင် ခြင်းငှါသွား၍ ရှမာရိရွာတရွာသို့ဝင်ကြ၏။ And sent messengers before his face: and they went, and entered into a village of the Samaritans, to make ready for him.
53 ကိုယ်တော်သည် ယေရုရှလင်မြို့သို့သွားအံ့သော အခြင်းအရာကို ထိုရွာသားတို့သည် ထောက်၍ လက်မခံကြ။ And they did not receive him, because his face was as though he would go to Jerusalem.
54 ထိုအကြောင်းကို တပည့်တော်ယာကုပ်၊ ယောဟန်တို့သည်မြင်လျှင်၊ သခင်၊ ဧလိယပြုသကဲ့သို့ အကျွန်ုပ်တို့သည် ကောင်းကင်မှမီးကျစေ၍ ထိုသူတို့ကို လောင်းစေခြင်းငှါ အလိုရှိတော်မူသလောဟု လျှောက် ကြသော်၊ And when his disciples James and John saw this, they said, Lord, wilt thou that we command fire to come down from heaven, and consume them, even as Elias did?
55 ယေရှုသည် လှည့်ကြည့်၍၊ သင်တို့သည် ကိုယ်စိတ်သဘောကို ကိုယ်မသိကြ၊ လူသားသည်လူတို့၏ အသက်ကို သတ်အံ့သောငှါ ကြွလာသည်မဟုတ်။ ကယ်တင်အံ့သောငှါကြွလာသည်ဟု ဆုံးမတော်မူပြီးမှ၊ But he turned, and rebuked them, and said, Ye know not what manner of spirit ye are of.
56 အခြားသောရွာသို့ကြွတော်မူ၏။ For the Son of man is not come to destroy men’s lives, but to save them. And they went to another village.
57 လမ်း၌သွားကြစဉ် လူတဦးက၊ သခင် ကိုယ်တော်ကြွတော်မူရာအရပ်ရပ်သို့ အကျွန်ုပ်လိုက်ပါမည်ဟု လျှောက်လေ၏။ And it came to pass, that, as they went in the way, a certain man said unto him, Lord, I will follow thee whithersoever thou goest.
58 ယေရှုကလည်း၊ မြေခွေးသည်မြေတွင်းရှိ၏။ မိုဃ်းကောင်းကင်၌ ကျင်လည်သော ငှက်သည် နားနေရာ အရပ်ရှိ၏ လူသားမူကား ခေါင်းချရာမျှမရှိဟု မိန့်တော်မူ၏။ And Jesus said unto him, Foxes have holes, and birds of the air have nests; but the Son of man hath not where to lay his head.
59 အခြားသောသူကို၊ ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူလျှင်၊ ထိုသူက၊ သခင်၊ အကျွန်ုပ်အဘကို ရှေ့ဦးစွာသွား၍ သင်္ဂြိုဟ်ရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်လေသော်၊ And he said unto another, Follow me. But he said, Lord, suffer me first to go and bury my father.
60 ယေရှုက၊ လူသေတို့သည် မိမိလူသေတို့ကို သင်္ဂြိုဟ်ပါလေစေ။ သင်မူကားသွား၍ ဘုရားသခင့်နိုင်ငံ တော်၏အကြောင်းကို ဟောပြောလော့ဟု မိန့်တော်မူ၏။ Jesus said unto him, Let the dead bury their dead: but go thou and preach the kingdom of God.
61 အခြားသောသူကလည်း၊ သခင်၊ ကိုယ်တော်နောက်သို့ အကျွန်ုပ်လိုက်ပါမည်။ သို့သော်လည်း အကျွန်ုပ်အိမ်၌ရှိရစ်သောသူတို့ကို အရင်သွား၍ အခွင့်ပန်ပါရစေဟု လျှောက်လျှင်၊ And another also said, Lord, I will follow thee; but let me first go bid them farewell, which are at home at my house.
62 ယေရှုက၊ ထွန်ကိုင်းကို ကိုင်လျက်နောက်သို့ လှည့်၍ကြည့်သောသူမည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်နှင့် မထိုက်မတန်ဟု မိန့်တော်မူ၏။ And Jesus said unto him, No man, having put his hand to the plough, and looking back, is fit for the kingdom of God.

Judson (1835) — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: 공개 도메인 (Public Domain) · 출처 ↗
King James Version — getbible.net(CrossWire SWORD 모듈)에서 가져옴 · 라이선스: GPL